သဘာဝပတ်ဝန်းကျင် အမှိုက်သရိုက်များ ရှင်းလင်းရန်အတွက် မြို့နယ်စုံမှလူငယ်များစုစည်း၍ ဇွဲကပင်တောင်တက်
ကရင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူ ငယ်ရေးရာအဖွဲ့တို့ဦးဆောင်၍ ယမန်နေ့ နံနက် ၆ နာရီ ၁၅ မိနစ် က ကရင်ပြည်နယ်ရှိ ဆံတော်ရှင် ဇွဲကပင်တောင်ပေါ်သို့ တက်ရောက် ခဲ့ကြောင်း သိရသည်။
အဖွဲ့အား ပြည်နယ် အတွင်း ရေးမှူး ဦးစန်းကို၊ ဦးစောမြဝင်း၊ လူငယ်ရေးရာတာဝန်ခံ ဦးသက် ထွေးလွင်တို့က ခေါင်းဆောင်ကာ ခရိုင်၊ မြို့နယ်အဖွဲ့မှကြီးကြပ်၍ ဘားအံ၊လှိုင်းဘွဲ၊သံတောင်၊ ဖာပွန်၊ ကော့ကရိတ်၊ ကြားအင်းဆိပ်ကြီး၊ မြဝတီမြို့များမှ လူငယ် ၁၃၅ ဦး တို့ကလိုက်ပါခဲ့ပြီး သဘာဝပတ် ဝန်းကျင်အမှိုက်သရိုက်များရှင်းလင်း ရန်ရည်ရွယ်၍ တက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ တောင်ခြေ သို့ ည ၁ဝ နာရီခွဲတွင် ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။
WT