ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ အင်ကြင်းပရဟိတကျောင်းသို့ ဆန်အိတ်များလှူဒါန်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကရင်ပြည်နယ်ပါတီ ကော်မတီဝင်များဖြစ်ကြသော ဦးဝင်းတင်၊ ဦးစောမြဝင်း၊ ဦးသက် ထွေးလွင်(လူငယ်တာဝန်ခံ)တို့ ဖေဖော်ဝါရီ ၁၈ ရက် ညနေ ၆ နာရီခွဲတွင် ဇွဲကပင်တောင်ခြေ အင်ကြင်းဖိုပရဟိတကျောင်းသို့ ကျောင်းသားကျောင်းသူ ၁၇ဝ အတွက် ဆန်အိတ်သုံးအိတ်အား အင်ကြင်းဖိုကျောင်းဆရာတော်ကြီးထံသို့ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
(WT)