ဥရောပရွှေဖိနပ်ဆု ရပ်တည်မှုတွင် ဟီဂူအင်၊ ဒီဇီကိုနှင့် မက်ဆီတို့ ဦးဆောင်နေ

ဥရောပရွှေဖိနပ်ဆုအတွက် ရပ်တည်မှုတွင် ၁၉ ဂိုးစီသွင်းထားသော ဟီဂူအင် (ဂျူဗင်တပ်)၊ ဒီဇီကို(ရိုးမား)နှင့် မက်ဆီတို့က ၃၈ မှတ်စီဖြင့် ထိပ်ဆုံး၌ ရပ်တည်နေ သည်။

 

ယင်းရပ်တည်မှုစာရင်းတွင် ၂၅ ဂိုးသွင်းထားသည့် ပီအက်စ် ဂျီတိုက်စစ်မှူး အဒ်ဒီဆင်ကာဗာနီ မှာ ၃၇ ဒသမ ၅ မှတ်ဖြင့် စတုတ္ထနေရာ၌ ရှိနေသည်။

ဘာကာတိုက်စစ်မှူး ဆွာ ရက်ဇ်က ၁၈ ဂိုးဖြင့် ၃၆ မှတ်ရထားပြီး ဒေါ့မွန်မှ အော်ဘာယန်၊ အာဆင်နယ်မှ ဆန်းချက်ဇ်၊ စပို့တင်းမှ ဘတ်စ်ဒေါ့စ်၊ တိုရီနို မှ အန်ဒရီယာနှင့် ကိုလိုနီယာ အသင်းမှ မိုဒက်စတီတို့က သွင်းဂိုး ၁၇ ဂိုးစီဖြင့် ၃၄ မှတ်ရထား သည်။

မန်ယူတိုက်စစ်မှူး အီဗရာ ဟီမိုဗစ်နှင့် ချယ်လ်ဆီးတိုက်စစ်မှူး ကော်စတာ၊ အင်တာတိုက်စစ်မှူး အီကာဒီ တို့သည် သွင်းဂိုး ၁၅ ဂိုးစီဖြင့် ရမှတ် ၃၀ ရထားကြသည်။ ထိုအတောအတွင်း ပီချီချီဆုအတွက် ရပ်တည်မှုတွင် မက် ဆီ ၁၉ ဂိုး၊ ဆွာရက်ဇ် ၁၈ ဂိုး၊ ရော်နယ်ဒို ၁၄ ဂိုး၊ အက်စ်ပက်စ် ၁၂ ဂိုးတို့ဖြင့် အစဉ်လိုက်ရှိနေ သည်။

ဥရောပ ရွှေဖိနပ်ဆုကို ၂၀၁၅-၁၆ ရာသီက ဘာစီလိုနာမှ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ် က ရရှိခဲ့သည်။ ၎င်း သည် ဂိုး ၄၀ အထိ သွင်းခဲ့ပြီး ရမှတ် ၈၀ ဖြင့် ယင်းဆုကို ရရှိခဲ့ခြင်းဖြစ်သည်။

ဥရောပရွှေဖိနပ်ဆုအတွက် အမှတ်ပေးပုံစံမှာ ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ၊ဘွန် ဒက်စ်လီဂါ၊ ပေါ်တူဂီလိဂ် အစရှိသော ပြိုင်ပွဲများတွင် သွင်းဂိုးတစ် ဂိုးလျှင် ရမှတ် (၂) မှတ်နှင့် အခြားလိဂ်ပြိုင်ပွဲများတွင် ရမှတ် (၂) မှတ်အောက် သတ်မှတ်သည်။

 Ref:Goal