ဝမ်းနည်းအားငယ်နေချိန်မှာ စားသင့်တဲ့အရာ (၅) မျိုး

ဘ၀မှာ ပျော်စရာတွေနဲ့ ကြုံလာတော့ ပျော်လိုက်ရသလို စိတ်ညစ်စရာတွေနဲ့ကြုံလာရင်းလည်း ဝမ်းနည်းအားငယ် ရတာပါပဲ။ ဒီလိုမျိုး ဝမ်းနည်းအားငယ်ချိန်တွေဟာ သိပ်ကို အထီးကျန်ဆန်လွန်းပါတယ်။ ဘယ်သူနဲ့မှလည်း မတွေ့ ချင်၊ ဘာမှမလုပ်ချင်ဘဲ အိပ်ရာထဲမှာ ခွေရုံခွေနေချင်တဲ့ အချိန်တွေပါ။ အဲ့ဒီလိုကြီး ခွေခေါက်မနေပါနဲ့။ ဝမ်းနည်း အားငယ်မှုတွေကို အစားနဲ့တိုက်ထုတ်ပြီး လန်းလန်းဆန်းဆန်း ဖြတ်သန်းလိုက်ပါ။

 

၁။ ဗီတာမင် B12 နဲ့ ဖောလစ်အက်ဆစ်

Kidney Bean (အနီရောင်ပဲ)၊ ကြက်သားနဲ့ ဆယ်လ်မွန်တို့လို အစားအစာတွေကို စားပါ။ ဒီအစားအစာတွေမှာ ဖောလစ်အက်ဆစ်နဲ့ ဗီတာမင် B12 ကြွယ်ဝစွာပါဝင်ပါတယ်။ ဗီတာမင် B12 နဲ့ ဖောလစ်အက်ဆစ်က အာရုံ ကြောစနစ် မူမမှန်တာကို ကာကွယ်ပေးပြီး၊ ခံစားချက်မကောင်းတာတွေ၊ စိတ်ဖောက်ပြန်တာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

၂။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်

သဘာဝ အာဟာရဓာတ်တွေ၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) တွေ ပါဝင်တဲ့ သစ်သီးဝလံ၊ ဟင်းသီး ဟင်းရွက်တွေက စိတ်ကိုလန်းဆန်းစေပြီး ခွန်အားလည်းဖြစ်စေပါတယ်။ ကျန်းမာရေးနဲ့လည်း ညီညွတ်တယ်လေ။

၃။ ဆယ်လီနီယံဓာတ် ကြွယ်ဝတဲ့အစားအစာ

ဆယ်လီနီယံ (Selenium) ဆိုတာ ခန္ဓာကိုယ်အတွက်တော့ ကျန်းမာနုပျိုစေအောင် စွမ်းဆောင်ပေးနိုင်တဲ့ သတ္တု ဓာတ်တစ်မျိုးပါပဲ။ ဦးနှောက်ထဲမှာ ရှိနေတဲ့ စိတ်ဖိစီးမှုတွေကို လျော့ပါးသွားစေတယ်လို့ သုတေသနတစ်ခုက ဖော်ပြဖူးပါတယ်။ အရွယ်ရောက်သူတစ်ဦး တစ်နေ့တာလိုအပ်တဲ့ ဆယ်လီနီယံပမာဏက ၂၀၀ မိုက်ခရိုဂရမ် ဖြစ်ပါ တယ်။ အုတ်ဂျုံ၊ အစေ့အဆံ၊ ဆန်လုံးညိုတွေမှာ ဆယ်လီနီယံဓာတ် ပါဝင်ပါတယ်။ အဆီနည်းပြီး ကျစ်တဲ့အသား၊ အခွံမာသီးနဲ့ အစေ့အဆံ၊ ပင်လယ်စာတွေမှာလည်း ဆယ်လီနီယံဓာတ် ပါဝင်ပါတယ်။

၎။ ဗီတာမင် ဒီ

Vitamin D ကလည်း ခန္ဓာကိုယ်အတွက် နေ့စဉ်လိုအပ်ပါတယ်။ နေရောင်ခြည်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်ဒီကို ပေးနိုင်ပါတယ်။ ဒါကြောင့်မို့လို့ မနက်ခင်းနေခြည်လေးအောက်မှာ လမ်းလျှောက်မယ်ဆို စိတ်ခံစားမှု ကောင်းလာတယ်လေ။ ဗီတာမင်ဒီဟာ ခံစားချက်မကောင်းတာတွေ၊ ဓမ္မတာလာခါနီး ခံစားရတာတွေကို လျော့ပါး စေပါတယ်။ အမဲအသည်း၊ ချိစ်၊ ဥအနှစ်နဲ့ ဆယ်လ်မွန်/တူနာတို့လို အဆီများတဲ့ငါးတွေကို စားပေးရင် ဗီတာမင်ဒီ ရရှိမှာပါ။

၅။ ချောကလက်

ချောကလက်စားလိုက်ရင် ဦးနှောက်ထဲက အန်ဒေါ်ဖင် (Endorphin) ဟော်မုန်းတွေ ထွက်လာပါတယ်။ အန်ဒေါ်ဖင်က စိတ်ပျော်ရွှင်မှုဖြစ်စေတဲ့ ဟော်မုန်းတွေဖြစ်ပါတယ်။ သွေးလည်ပတ်မှုကိုလည်း ကောင်းစေတဲ့အပြင် နှလုံးကိုလည်း ကျန်းမာစေတယ်လေ။ #Duwun