ညအိပ်ခါနီး သစ်သီးတွေကို မစားဘဲ ဖျော်သောက်ပါ

ဟင်းသီးဟင်းရွကတွေနဲ့ သစ်သီးတွေ စားတာက အသားတွေ စားတာထက် ပိုပြီးကျန်းမာစေပါတယ်။ အသီးအနှံတွေက ဗီတာမင်ဓာတ်အရမ်းကြွယ်ဝတာမို့ အသားအရေကို စိုပြည်စေပါတယ်။

 

ကင်ဆာရောဂါတွေကိုလည်း ကာကွယ်ပေးပြီး နှလုံးရောဂါတွေကို ကာကွယ်ပေးပါတယ်။ ဒါပေမယ့် အသီးအနှံ တွေကို ဘယ်အချိန်မှာစားကြပါသလဲ။ များသောအားဖြင့် သစ်သီးဝလံတွေကို အစာစားပြီး အချိုတည်းတဲ့ အနေနဲ့ စားကြပါတယ်။

မနက်စောစောစားတာက သင့်အတွက်လိုအပ်မယ့် အာဟာရတွေကို လုံလောက်အောင် ဖြည့်ပေးမှာဖြစ်ပါ တယ်။ မနက်ပိုင်းမှာ အသီးတွေကို သေချာ လှီးစိတ်ပြီး မစားနိုင်ရင် အခွံသာခွာပြီး ဖျော်ရည် လုပ်သောက်ပါ။ ဒါဆို အချိန်လည်း သက်သာ၊ မြန်မြန်လည်း အစာကြေပြီး အလွန်အားအင်ပြည့်ဝစေပါတယ်။ ငှက်ပျောသီး၊ ပန်းသီးနဲ့ သင်္ဘောသီးတွေက လူတိုင်းနဲ့ တည့်ပါတယ်။

နေ့လည်စာ ထမင်းစားပြီးပြီးချင်း အသီးတွေစားတာက အကျင့်တစ်ခုလိုတောင် ဖြစ်နေကြပါပြီ။ ဒါပေမယ့် စားပြီးသား အစာတွေကို  ချေဖျက်နေတဲ့အချိန်အတွင်းမှာ အစာအိမ်ထဲမှာ အစာခြေရည်တွေက အစားအစာ တွေနဲ့ လုံးနေပြီး အူတစ်လျှောက် သွားနေဆဲဖြစ်ပါတယ်။ ချက်ချင်းမစားဘဲ နေ့လည်စာစားပြီး တစ်နာရီ၊ နှစ်နာရီလောက်မှ စားသင့်ပါတယ်။ မဟုတ်ရင် အစာအိမ်ထဲမှာ အခြားအသီးအနှံတွေနဲ့ရောပြီး လေချဉ်တက် တာ၊ လေပွတာနဲ့ အစာမကြေဖြစ်တတ်ပါတယ်။ ရင်ပြည့်သလို ဖြစ်တတ်ပေမယ့် ဘယ်သူမှ သတိမထားမိ ပါဘူး။ ဒီလို အချိန်ကပ်ပြီး စားလိုက်တဲ့အခါမှာ အစာအိမ်ထဲမှာ ဂက်စ်တွေက အောက်ကို မကျတော့ဘဲ အစာခြေဖျက်နှုန်းကို ပုံမှန်ထက် နှေးစေပါတယ်။

ညဘက်အသီးအနှံတွေကို စားတဲ့အခါမှာ မအိပ်ခင် အနည်းဆုံး (၃) နာရီလောက် ကတည်းက စားထားတာ ကောင်းပါတယ်။ အိပ်ယာထဲ မဝင်ခင် တစ်ကိုက် နှစ်ကိုင်လောက် စားရင်တောင်မှ နေရထိုင်ရ မအီမသာဖြစ်စေ ပါတယ်။ ညအိပ်တဲ့အချိန်မှာ တစ်ကိုယ်လုံးမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေအကုန်လုံး (ဦးနှောက်က လွဲလို့) အနားယူကြတော့မှာပါ။

အစာအိမ်က အစာခြေဖျက်နှုန်းကလည်း ပုံမှန်ထက် နှေးနှေးလေးသာ အလုပ်လုပ် ပါတော့တယ်။ အစာလမ်း ကြောင်းမှာ စားထားတာတွေက တော်တော်နဲ့ မကြေညက်နိုင်ဘဲ ဖြစ်နေတတ်ပါတယ်။ အိပ်ခါနီးကိုတော့ သစ်သီးကို ဖျော်ပြီး သောက်လို့ရမယ့် ဖျော်ရည်နွေးနွေး ဥပမာ မိုင်လို၊ အိုဗာတင်း တို့လိုမျိုးအရာမျိုးတွေပဲ သောက်သင့်ပါတယ်။  Credit : duwun