လှိုင်သာယာမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း မဲဆန္ဒရှင်များနှင့် ကွင်းဆင်းမိတ်ဆက်

 

ရန်ကုန်တိုင်းဒေသကြီး လှိုင် သာယာမြို့နယ် မဲဆန္ဒနယ်တွင် ၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးတင်ယု သည် ၄င်း၏မဲဆန္ဒနယ်ဖြစ်သော လှိုင်သာယာမြို့နယ်ရှိ ရပ်ကွက် ၂ဝ၊ ကျေးရွာ ကိုးအုပ်စုမှ မဲဆန္ဒ ရှင်ပြည်သူများနှင့် ယခုလ ၁ရက် မှစ၍ Door to Door ကွင်းဆင်း မိတ်ဆက်လျက်ရှိကြောင်း သိရ သည်။

ကိုယ်စားလှယ်လောင်းဦးတင် ယုသည် ယခင်သမ္မတဦးသိန်းစိန် လက်ထက်တွင် ရန်ကုန်တိုင်း ဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၁)၏ ကိုယ် စားလှယ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများ၊ သဘာဝဘေးအန္တရာယ် ကာကွယ်ကူညီရေးလုပ်ငန်းများ၊ ဖြိုးစေတနာနယ်လှည့်အဖွဲ့ဖြင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ၊ ပြည်သူတို့၏လူမှု လုပ်ငန်းများ၊ ပြည်သူတို့၏လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သူတစ်ဦးဖြစ်သည်။ ကိုယ်စားလှယ်လောင်း ဦးတင်ယု သည် လှိုင်သာယာမြို့နယ် စတင် တည်ထောင်သည်မှ ယနေ့အထိ နေထိုင်သောမြို့နယ်သားဖြစ်ပြီး ၂ဝ၁၂ခုနှစ်နှင့် ၂ဝ၁၃ ခုနှစ်တို့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေ ကြမ်း ပူးပေါင်းကော်မတီ၏ကိုယ် စား အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာ မြို့တွင် ကျင်းပသောအာဆီယံ လွှတ်တော်များဆိုင်ရာ ညီလာခံ (AIPA) ၏ဥပဒေကြမ်းပြုစုရေး ဆိုင်ရာ Work Shop သို့ နှစ်ကြိမ် တက်ရောက်ဆွေးနွေးခဲ့သူတစ်ဦး လည်း ဖြစ်ကြောင်း သိရသည်။

ဖိုးချို(ယူနီယံ)