ပြည်ထောင်စုနေ့ဂုဏ်ပြု လူငယ်လှုပ်ရှားမှုပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲပြုလုပ်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ် မြို့နယ်ပါတီကော်မတီ သည်နှစ်(၇ဝ)မြောက်ပြည်ထောင်စု နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နွေဦးအားမာန်လူငယ်လှုပ်ရှားမှု စတုတ္ထအကြိမ်မြောက် ရပ်ကွက်နှင့် ကျေးရွာပေါင်းစုံ ပိုက်ကျော်ခြင်း ခတ်ပြိုင်ပွဲအား မြို့နယ်ပါတီရုံး အားကစားကွင်း၌ ယခုလ ၂ရက် နံနက် ၈နာရီတွင် ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ ပါတီ ဗဟိုကော်မတီဝင် ဦးတင်အောင်၊ ပါတီအရန်ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ရန်ကုန်(အရှေ့ပိုင်း) ခရိုင် ပါတီဥက္ကဋ္ဌ ဦးစိန်မြင့်၊ အတွင်းရေးမှူးဒေါက်တာကျော်စိုး၊ ဘဏ္ဍာရေးမှူး နယ်မြေတာဝန်ခံ ဒေါ်အေးအေးမြင့်၊ ပြည်သူ့လွှတ် တော် ကိုယ်စားလှယ်လောင်း ဦးနေလင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြန်မာနိုင်ငံပိုက် ကျော်ခြင်းအဖွဲ့ချုပ်မှ ဒိုင်လူကြီး များ၊ ပြိုင်ပွဲဝင်ကစားသမားများနှင့် ခြင်းဝါသနာရှင်ပရိသတ်များ စုစု ပေါင်း ၃၅ဝ တက်ရောက်ကြ သည်။

အခမ်းအနားတွင် ပါတီဗဟို ကော်မတီဝင် ဦးတင်အောင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍မြို့ နယ်ပါတီအတွင်း ရေးမှူး ဦးလှမျိုးက ပြိုင်ပွဲကျင်းပ ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး မြန်မာနိုင်ငံပိုက်ကျော် ခြင်းအဖွဲ့ချုပ် ဒိုင်လူကြီးတစ်ဦးမှ ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဖွင့်ပွဲပထမ နေ့ ယှဉ်ပြိုင်ကြမည့် (၃)ရပ်ကွက် နှင့် (၅)ရပ်ကွက်အသင်းတို့အား ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ ဦးစိန်မြင့်က ခြင်းလုံး ခတ်ဖွင့်လှစ်ပေးပြီး ယှဉ်ပြိုင်ပွဲအား စတင်ခဲ့သည်။
ပြိုင်ပွဲများကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ပြိုင်ပွဲ ဝင်အသင်း ၁၄သင်းဖြင့်ပတ်လည် ပြိုင်ပွဲများကို ယခုလ ၂ရက်မှ ယခုလ ၁၂ ရက်အထိ နေ့စဉ် ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။

လှမျိုး(ဒဂုံအရှေ့)