တိုင်းဒေသကြီး ခရိုင်နှင့်မြို့နယ်ပါတီကော်မတီဝင်များအား လူထုဟောပြောစည်းရုံးရေးဘာသာရပ်ဟောပြောဆွေးနွေး

 

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ် အမှုဆောင် ဦးဝေလွင်က မန္တလေး တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ တိုင်း ဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီ ကော်မတီဝင်များအား လူထုဟော ပြောစည်းရုံးခြင်းဘာသာရပ်ဟော ပြောဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက တိုင်းဒေသကြီးပါတီ အစည်းအဝေးခန်းမတွင် ကျင်းပ ခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ် အမှုဆောင် ဦးဝေလွင်က စကား ပြောကောင်းသူ၊ ဟောပြောမှု ကောင်းသူတစ်ယောက်ဖြစ်လာစေ ရန်အတွက်ဖတ်ရှုလေ့လာသင့်သည့် စာအုပ်စာတမ်းများအကြောင်း၊ ဟောပြောသူတစ်ဦးကြိုတင်ပြင် ဆင်ရမည့်အချက်များ၊ ဆောင်ရန် ရှောင်ရန်များ၊ လိုက်နာရမည့် အချက်များ၊ ဟောပြောမည့်သူ တစ်ဦးတွင် ရှိသင့်ရှိထိုက်သည့် အရည်အချင်းများအစရှိသည်တို့ ကို အကျယ်တဝင့်ရှင်းလင်းဟော ပြောဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲသို့ ပြည်ခိုင်ဖြိုး ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝေ လွင်နှင့်အတူ ပြည်ခိုင်ဖြိုးပါတီဗဟို အလုပ်အမှုဆောင် မန္တလေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီးပါတီကော်မတီဝင် များ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်များမှ ခရိုင်ဥက္ကဋ္ဌများ၊ ခရိုင် အတွင်းရေးမှူးများ၊ ခရိုင်ကော် မတီဝင်များနှင့် တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များမှ မြို့နယ် ဥက္ကဋ္ဌများ၊ မြို့နယ်အတွင်းရေးမှူး များ၊ မြို့နယ်ကော်မတီဝင်များနှင့် စည်းရုံးရေးကဏ္ဍတာဝန်ခံများအပါ အဝင် စုစုပေါင်းအင်အား ၁၂ဝ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

သုတ