နိုင်ငံတော်လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာဆွေးနွေးပွဲအပေါ် သူတို့အမြင်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှကြီးမှူး၍ နိုင်ငံတော်လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာဆွေးနွေးပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် သံလွင်လမ်းရှိ ပါတီဌာနချုပ်ရုံးခွဲခန်းမဆောင်တွင် ဇန်နဝါရီ ၂၃ ရက်က ကျင်းပခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီ ပါတီသစ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးကျော်၊ ဦးအောင်မင်း သမ္မတရုံးဝန်ကြီး(ငြိမ်း) နှင့် အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီအထွေထွေအတွင်းရေးမှူး ဦးကျော်သူအောင်တို့အား မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
=========================
ဦးကျော်
ဒုတိယဥက္ကဋ္ဌ
အမျိုးသားဒီမိုကရေစီပါတီသစ်ပါတီ
********************************
နိုင်ငံတော်လုံခြုံရေးအပိုင်းက ကနေ့ လူတွေ ဘယ်လောက်ပြောပြော၊ ပစ္စည်း ဘယ်လောက်ရှိရှိ၊ ပညာတတ် ဘယ် လောက်ပေါပေါ။ နိုင်ငံတော်လုံခြုံရေး မရှိရင် အဲ့ဒီတိုင်းပြည်ဘယ်တော့မှ မတိုး တက်ဘူး။ တိုင်းပြည်တိုးတက်ဖို့ဆိုရင် နိုင်ငံတော်လုံခြုံရေး၊ ငြိမ်းချမ်းရေးရှိမှ တည်ငြိမ်မယ်။ တည်ငြိမ်မှ လုံခြုံရေး ဆိုတာရှိလာမယ်။ ဘယ်နိုင်ငံက အကူ အညီတွေ ဘယ်လောက်ပဲလာလာ မတိုး တက်ဘူး။ ဒါက တစ်အချက်။ တရား ဥပဒေစိုးမိုးဖို့ဆိုတာလည်း နိုင်ငံတော် လုံခြုံမှ။ အဲ့ဒီနှစ်ခု အပြန်အလှန်မှီတယ်။ နိုင်ငံတော်ကပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ ကလည်း အသက်ဝင်ပြီးတော့မှ သူတို့ သည် အသက်အတိုင်း ရှင်သန်လှုပ်ရှား နေမှ။ စာအုပ်ကြီးအတိုင်းရှိနေရင် တရား ဥပဒေစိုးမိုးမှာမဟုတ်ဘူး။ လက်ရှိ နယ် စွန်နယ်ဖျားမှာဖြစ်နေတာ တရားဥပဒေ စိုးမိုးမှုမရှိလို့ ဖြစ်နေတာ။ အုပ်ချုပ်မှုပိုင်း အားနည်းရင် ကူညီဖြေရှင်းရမယ့်အပိုင်း တွေရှိတယ်။ လွှတ်ထားလို့ မရဘူး။ အထူးသဖြင့် အရှေ့/မြောက်မှာ ဖြစ်နေ တာ အဲ့ဒါတွေပဲ။လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးယိုင်လာလို့ ဒါတွေကျယ်ပြန့်လာတာ။ မြို့ပေါ်အထိတက်ပြီးတော့။ နောက်တစ်ခုက ပြည်သူတွေရဲ့ စားဝတ် နေရေးနဲ့လည်းဆိုင်တယ်။ အရင်အစိုးရတုန်းက ဆင်းရဲမွဲတေမှု လျှော့ချရေးဆိုပြီး စီမံချက်ချလုပ်ခဲ့တယ်။ ဒီနေ့ သမ္မတမိန့်ခွန်းထဲ မှာ ဒီအသံသိပ်မပါဘူး။ ဒီပြဿနာနဲ့ပတ်သက်ရင် အစိုးရမှာ တာဝန် ရှိတယ်။ ခိုးဆိုးလုနှိုက်တွေနဲ့ပတ်သက်ပြီးတော့ မရှိရင်၊ ရှာလို့မရရင် ဥပဒေမဲ့ရှာလာပြီ။ ရာဇဝတ်မှုတွေကျူးလွန်လာခဲ့ရတယ်။ အဲ့ဒီအတွက် ဆင်းရဲမွဲတေမှုလျှော့ချရေးကိုလည်း ပြန်ပြီးစဉ်းစားရမယ်။ အလုပ် အကိုင်ရရှိရေးတွေကိုလည်း ဖန်တီးပေးရမယ်။ ဒီလိုလုပ်ပေးမှ တရားဥပဒေစိုးမိုးမယ်။ ဒါက ပြည်တွင်းပြဿနာ၊ ပြည်ပပြဿနာ ကျတော့ အရေးကြီးလာပြီ။ ရခိုင်အမျိုးသားဆွေးနွေးပွဲမှာတုန်းက သတင်းတွေ တက်နေတယ်။ ဘင်္ဂါလီအမြောက်အမြား လက်ခံမယ့်ကိစ္စ နဲ့ပတ်သက်ပြီးတော့။ ဒါပေမဲ့ ဦးဇော်အေးမောင်ကတော့ ငြင်းသွား တယ်။ တရားဝင် သူတို့အစိုးရအဖွဲ့ မသိရသေးဘူး။ကောလာဟလ လို့ပဲ။ သို့သော်လည်း သတင်းက အမြဲတက်နေတယ်။ အဲ့ဒါက ကောင်း တဲ့သတင်းမဟုတ်ဘူးလေ။ ဘူးသီးတောင်၊ မောင်တောကို လွတ်လပ်တဲ့ နယ်မြေအဖြစ် ထူထောင်မယ်၊ တောင်းဆိုမယ်။ အဲ့လောက်ထိ တက် လာမယ်။ ဒါဟာကောင်းတဲ့ လက္ခဏာမဟုတ်ဘူး။ ဒီအတွက် ပြတ် သားဖို့လိုလာပြီ။မပြတ်သားရင်ခံသွားရမှာပဲ။ ဒါပေမဲ့ မဏ္ဍိုင်သုံးရပ်က အားနည်းနေတယ်။
================================================
ဦးအောင်မင်း
သမ္မတရုံးဝန်ကြီး(ငြိမ်း)
***********************
ဘယ်ဒီမိုကရေစီစနစ်မှာမဆိုအတိုက် အခံအင်အားစုဆိုတာရှိရတယ်။ အတိုက် အခံအင်အားစုကနေ အာဏာရတဲ့အင်အား စုကို ထိန်းကျောင်းရမယ်။ အဲ့ဒီထိန်း ကျောင်းမှုမရှိရင် ဒီမိုကရေစီအာဏာရှင် စနစ် ဖြစ်သွားတတ်တယ်။ ဒီလိုထိန်း ကျောင်းနိုင်အောင် ဒီပွဲမှာ အဖြေရှာတာပဲ။ ဒါတွေကို အစိုးရဆီတင်ပြမယ်။ အဲ့ဒီ အတွက် ဒီဆွေးနွေးပွဲလေးလုပ်တာ။ ဒီ ဆွေးနွေးပွဲဟာ ကောင်းတဲ့ဆွေးနွေးပွဲဖြစ် တယ်။ တိုင်းပြည်အတွက်ကောင်းတယ်။ အများအတွက်ကောင်းတယ်။
ကာ/လုံအစည်းအဝေးက ခေါ်သင့် တယ်။
ကာ/လုံမှာ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးကိစ္စရပ်တွေကို Policy ချပေးရတာဖြစ်တယ်။ အဲ့ဒီလို မခေါ်ဘဲ ဏသူငခပ ချပေးရင် အဲ့ဒီ Policy ဟာ စစ်မှန်တဲ့ Policy မဖြစ်နိုင်ဘူး။ စစ်ရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ စီးပွား ရေးအမြင် အဲ့ဒီလိုအမြင်တွေအားလုံးရှိမှ မှန်ကန်တဲ့ Policy ဖြစ်တယ်။ ကာ/လုံ ကပဲ ဒီ Policy အားလုံးကို ပေါင်းစပ် နိုင်တယ်။ စစ်တပ်က လူတွေလည်း လာတက်တယ်။ စစ်ရေးကိစ္စတွေဖြေရှင်း မယ်ဆို အဲ့ဒီမှာပဲ ဖြေရှင်းရမယ်။ ဒါ ကြောင့်မို့ အဖိုးတန်တဲ့ ကာ/လုံကြီးကို မခေါ်တဲ့အတွက် တိုင်းပြည်အများကြီး နစ်နာပါတယ်။
=================================================
ဦးကျော်သူအောင်
အထွေထွေအတွင်းရေးမှူး
အမျိုးသားနိုင်ငံရေးမဟာမိတ်များ
အဖွဲ့ချုပ်ပါတီ
******************************
တိုင်းပြည်မှာ အမျိုးသားလုံခြုံရေး ပေါ့။ အနောက်တံခါးမှာလည်း ပြဿနာ တက်နေတယ်။ တစ်ကမ္ဘာလုံးမှာလညှ်းှု ဆိုတဲ့ပြဿနာတွေ တက်နေတယ်။ ဒီအသိကို မသိဘူးဆိုရင် တိုင်းပြည်ကို ကာကွယ်နိုင်မှာမဟုတ်ဘူး။ နိုင်ငံတော် ကို ကာကွယ်တယ်ဆိုတာ အသိÓဏ်နဲ့ ကာကွယ်ဖို့ လိုတဲ့အခါကျတော့ ဒီအသိ Óဏ်ကို ဖွင့်ပေးဖို့လိုတယ်။ အမျိုးသား လုံခြုံရေးပြဿနာ ခြိမ်းခြောက်နေပြီ ဆိုတာက ရခိုင်မှာဖြစ်တဲ့ ပြဿနာတွေ က အဓိကပြဿနာတွေပါပဲ။ နိုင်ငံ တကာဖိအားတွေကလည်း ရှိလာတယ်။အစ္စလာမ္မစ်နိုင်ငံတွေကလည်း ဖိအားပေး လာတယ်။ ဒါတွေဟာ ဘာကိုဦးတည် လာသလဲဆိုတော့ တရုတ်နဲ့အမေရိကန် ကြားမှာရှိတဲ့ မြန်မာပြည်ရဲ့ ပထဝီနိုင်ငံ ရေးအရ ဘယ်လောက်အရေးပါသလဲ ဆိုတာ ပြသနေတာပဲဖြစ်ပါတယ်။ ဒါတွေ ဟာ မီးမောင်းထိုးပြဖို့၊ နိုင်ငံရေးပါတီ တွေသာမက အရပ်ဘက်လူ့အဖွဲ့အစည်း တွေ၊ ပြည်သူပြည်သားတွေ သိလာမှသာ လျှင် နိုင်ငံတော်လုံခြုံရေးကို နိုင်ငံသား တွေကိုယ်တိုင်က အသိစိတ်ရှိရှိ ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်မှသာလျှင် လုံခြုံရေး အခန်းကဏ္ဍကို ပါဝင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
တစ်ခါတလေမှာ ကျွန်တော်တို့ တိုင်းပြည်မှာ ပြဿနာကဘာလဲ ဆိုတော့ စနစ်တစ်ခုကနေတစ်ခု အသွင်ကူးပြောင်းနေတဲ့ကာလမှာ ဘယ်ဥပဒေတွေကို ဆက်လက် ထားရမလဲဆိုတော့ အပြောင်း အလဲကို အလျင်အမြန်လုပ်လာတဲ့ အခါမှာ လိုအပ်တဲ့ဥပဒေတွေကို ဖျက်လိုက်တဲ့အတွက် မလိုလား အပ်တဲ့ပြဿနာတွေကို ဖိတ်ခေါ်မိ သလို ဖြစ်သွားနိုင်ပါတယ်။ ဥပမာသန်းခေါင်စာရင်းတိုင်ရမယ့် ဥပဒေလိုမျိုး၊ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေတွေဟာအင်မတန်မှ အရေးကြီးပါတယ်။ အဟောင်းကို ပြောင်းရင်ပြီးရောဆိုပြီးတော့ ပြောင်းလို့မရပါဘူး။ အဟောင်း ထဲမှာလည်း တိုင်းပြည်အတွက် ကောင်းတဲ့ဥပဒေတွေကို ဆက် လက်ထားရမယ်လို့လည်း မြင်ပါ တယ်။ အဓိကတော့ ကျွန်တော်တို့ တိုင်းပြည်မှာ အစိုးရနဲ့တပ်မတော် ကအင်မတန်မှအရေးကြီးပါတယ်။ အစိုးရနဲ့ တပ်မတော် ပူးပေါင်း ဆောင်ရွက်ဖို့လိုပါတယ်။ ဒါပေမဲ့ တစ်ချက်က ကျွန်တော်တို့နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေရှိတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို မကျော် ဖို့လိုတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေ ရဲ့ပေးထားချက်တွေကို လိုက်နာရ မယ်။ အဲ့ဒါကို ကျော်လို့မရဘူး။ ပြီးတော့ နောက်တစ်ခုက ဒီအစိုးရ၊ အစိုးရဆိုတာ ငါးနှစ်တစ်ကြိမ် ပြောင်းမှာ။ တပ်မတော်ဆိုတာ စဉ် ဆက်မပြတ်ရှိနေမှာ။ အဲ့ဒီအတွက် ပြောင်းရတဲ့အစိုးရတွေ ပြောင်း တိုင်း ပြောင်းတိုင်း လုံခြုံရေးအခန်း ကဏ္ဍတွေကို ပြောင်းရမယ်ဆိုရင် ကိုယ့်ရဲ့အမျိုးသားအကျိုးစီးပွားကို ထိခိုက်လာမယ်။ ကိုယ့်ရဲ့လူမျိုးကို ထိခိုက်လာမယ်။ ကိုယ့်ဘာသာ တရားကို ထိခိုက်လာမယ်။

ကျော်ဇင်၊နေထက်ဝေ