‘ZALO’ App တွင် Shop.com.mm ကိုဝင်ရောက်ကြည့်ရှုနိုင်ပြီ

မြန်မာနိုင်ငံမှာ Social Media များ အားကောင်းလာတာနဲ့အမျှ Shop.com.mm ကို Beetalk, We Chat, Viber App တို့မှာ အသုံးပြုနိုင်ခဲ့ပြီး အခုချိန်မှာတော့ ZALO App မှာလည်း သုံးစွဲနိုင်ပြီလို့ သိရပါတယ်။ ZALO App ဟာ မြန်မာနိုင်ငံရဲ့ လူဦးရေ ၂သန်းကျော် အသုံးပြုနေတဲ့ Mobile Chat apps တခုဖြစ်ပါတယ်။

 

Shop.com.mm ဟာ မြန်မာနိုင်ငံရဲ့ အွန်လိုင်းရှော့ပင်း ဝက်ဘ်ဆိုဒ်တခုဖြစ်ပြီး မြန်မာနိုင်ငံ အနှံ့အပြားမှ ဈေးဝယ်သူများအတွက် ပစ္စည်းများကို အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင် ရောင်းချလျက်ရှိပါတယ်။

Zalo app ဟာ ဗီယက်နမ်နိုင်ငံရဲ့ မိုဘိုင်းဖုန်းအသုံးပြုသူ သုံးပုံနှစ်ပုံ သုံးစွဲနေကြတဲ့ app တခုလည်းဖြစ်ပါတယ်။ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ လွယ်ကူလျင်မြန်စွာ ဆက်သွယ်နိုင်ခြင်း၊ group chat ဖွဲ့ပြီး ပညာရေး၊ ဖျော်ဖြေရေး၊ သတင်းအချက်အလက်တွေကို ပျော်ရွှင်စွာဝေမျှပြောဆိုနိုင်ခြင်း၊ Stickers တွေ အပြန်အလှန် ပေးပို့နိုင်ခြင်း စတာ တွေကြောင့် မြန်မာနိုင်ငံကိုရောက်ရှိပြီး လေးလအကြာမှာ သုံးစွဲသူ ၂ သန်းကျော်အထိ တိုးမြင့်လာခြင်းဖြစ်တယ် လို့ ဆိုရပါမယ်။

အခုချိန်မှာတော့ Zalo app မှာ အချင်းချင်းဆက်သွယ်ပြောဆိုနိုင်ရုံမျှမက လိုချင်တဲ့ပစ္စည်းများကို တထိုင်တည်း ရွေးချယ်ဝယ်ယူနိုင်ဖို့အတွက် Shop.com.mm ကို ထပ်မံ တင်ဆက်လိုက်တာလည်း ဖြစ်ပါတယ်။ Zalo app ရှိ Shop.com.mm ကို တိုက်ရိုက်ဝင်ရောက်ကြည့်ရှုနိုင်ပြီး ပစ္စည်းများကို ၀ယ်ယူနိုင်ခြင်း၊ ကုန်ပစ္စည်းဈေးနှုန်း၊ နောက်ဆုံးရသတင်း အချက်အလက်များကို သိရှိနိုင်မှာလည်း ဖြစ်ပါတယ်။

“Shop.com.mm မှာ ဈေးဝယ်ဖို့အတွက် ပိုမိုကောင်းမွန်တဲ့နည်းလမ်း အသစ်တွေနဲ့ လွယ်ကူစွာ ဆက်သွယ်နိုင် ပါပြီ။ Zalo App မှာ branded ပစ္စည်းတွေအားလုံးကို သေချာရွေးချယ်နိုင်ပြီး click တချက်နှိပ်ရုံနဲ့ ဘယ်မှ သွားစရာမလိုဘဲ တထိုင်တည်း စိတ်ကြိုက်ပစ္စည်းတွေ ၀ယ်ယူနိုင်ပါပြီ” လို့ Shop.com.mm မှ Managing Director Mr.SumitJasoria က ပြောကြားခဲ့ပါတယ်။

The Irrawaddy