ပြည်နယ်ပါတီကော်မတီဝင်နှင့်အဖွဲ့ ဘိုးဘွားရိပ်သာ (၁၀)နှစ်မြောက် နှစ်ပတ်လည်သို့ တက်ရောက်အားပေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်၏ ဘဒ္ဒန္တနာယကဆရာတော် ဘဒ္ဒန္တဓမ္မသိရီ(နဂါးနှစ်ကောင် ဆရာတော် ဘုရားကြီး) ဆောက်လုပ်လှူဒါန်းခဲ့သော ဘိုးဘွားရိပ်သာ (၁၀)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ဇန်န၀ါရီလ (၄) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော်မတီဝင် ရှမ်း(အရှေ့)ပြည်နယ်ပါတီကော် မတီဝင် ဒေါ်တင်မေထွန်း၊ တာချီလိတ် ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ မြို့နယ်ပါတီကော်မတီဝင် ဦးအောင်ဝင်း၊ ဦးစိုးကျော်အောင်၊ အမျိုးသမီးရေးရာ ခရိုင်အဖွဲ့ဝင် ဒေါ်လောယို၊ မြို့နယ်အဖွဲ့ဝင် ဒေါ်နန်းကေဇင်လတ်နှင့် ပါတီလူငယ်များမှ တက်ရောက်အားပေးခဲ့ကြသည်။

 

အဆိုပါ ဘိုးဘွားရိပ်သာကော်မတီအဖွဲ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ခရိုင်ကော်မတီဝင် ဒေါ်နန်းဝိုးလှိုင်၊ မြို့နယ်အတွင်းရေးမှူး ဦးစိုင်းလုံတို့ မှလည်း ပါဝင်ဆောင်ရွက်လျှက်ရှိပြီး ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်အစီစဉ်ဖြင့် ဘိုးဘွားရပ်သာအဆောင် တိုးချဲ့စဉ် လိုအပ်သည့် သွပ်များကို လှူဒါန်းခြင်း၊ ဘိုးဘွားအိပ် ကုတင် အလုံး(၂၀)ကို လှူဒါန်းခြင်း များဖြင့် ကုသိုလ်ပြုခဲ့ကြကြောင်း သိရှိရသည်။

# ရှမ်းပြည်နယ် (အရှေ့ပိုင်း) သတင်းစုံ