ဧရာဝတီမြစ်ဆုံ ကော်မရှင် စီမံကိန်းဒေသသို့ သုံးရက် သွားရောက်မည်

ဧရာဝတီ- မြစ်ဆုံ- မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင်သည် ကချင်ပြည်နယ် မြစ်ဆုံစီမံကိန်းဒေသသို့ သုံးရက်ကြာ သွားမည်ဖြစ်ကြောင်း အဆိုပါကော်မရှင်အဖွဲ့ထံမှ သိရသည်။ (more…)


Read more

ရန်ကုန်မြို့အပါအ၀င် မြို့ကြီးသုံးမြို့တွင် ဟိုတယ်နှင့် မိုတယ်အသစ် တည်ဆောက်ခွင့် တားမြစ်ထား

ရန်ကုန်မြို့အပါအ၀င် မြို့ကြီးသုံးမြို့တွင် ဟိုတယ်၊ မိုတယ်များ၏ အခန်းအရေအတွက် များပြားနေခြင်းကြောင့် ဟိုတယ်အသစ်တည်ဆောက်ခွင့် တားမြစ်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းရရှိ သည်။ (more…)


Read more

ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ဆရာ၊ ဆရာမများ လုပ်ငန်းခွင်နှင့် သက်ဆိုင်သည်များကို ဖေ့စ်ဘွတ်ခ်တင်ခြင်း မပြုရန် ခံဝန်ကတိများ ရေးထိုးရမည်ဟုဆို

ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့တွင် ဆရာ၊ ဆရာမများအနေဖြင့် ဌာနမှထုတ်ပြန်သော အမိန့်ကြော်ငြာစာများ၊ ပြန်တမ်းများ၊ ထုတ်ပြန်ချက်များကို လူမှု ကွန်ရက်ပေါ်တွင် မတင်ရန်နှင့် မိမိတို့၏လိုအပ်ချက်များကို အဆင့်ကျော် တင်ပြခြင်း၊ တိုင်ကြားခြင်းများမပြုလုပ်ရန် ခံဝန်ကတိများ ရေးထိုးရမည်ဖြစ်ကြောင်း သိရသည်။ (more…)


Read more

ဆက်သွယ်ရေးကွန်ရက် တိုးချဲ့ရာတွင် စိန်ခေါ်မှုများ ပိုမိုကြုံတွေ့နိုင်ကြောင်း ပြည်တွင်းအော်ပရေတာသုံးခု ပြော

ဆက်သွယ်ရေး အော်ပရေတာများအတွက် ကွန်ရက်တိုးချဲ့ရာတွင် အခက်အခဲများ ရင်ဆိုင်ရဆဲဖြစ်ပြီး နောက်ပိုင်း ၌ စိန်ခေါ်မှုပိုမိုများပြားလာနိုင်ကြောင်း ပြည်တွင်းအော်ပရေတာသုံးခုမှ တာဝန်ရှိသူများက ပြောကြားသည်။

နေပြည်တော်၌ နှစ်ရက်ကြာကျင်းပနေသည့် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ အခမ်းအနား Myanmar Connect 2016 တွင် အော်ပရေတာသုံးခု၏ တာဝန်ရှိ သူများက ပြောကြားခဲ့သည်။ (more…)


Read more

လေကြောင်းလိုင်းနှင့် အဝေးပြေးယာဉ်များ၏ E-Ticket များ စာတိုက်များတွင် ဝယ်ယူနိုင်

လေယာဉ်လက်မှတ်များနှင့် အဝေးပြေးကားလက်မှတ်များကို E- Ticket အီလက်ထရွန်နစ်စနစ်ဖြင့် ဝယ်ယူလိုသူများအနေဖြင့် မြန်မာ့စာတိုက်လုပ်ငန်း၏ စာတိုက်ခွဲများအားလုံးတွင် စတင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာ့ စာပို့တိုက်လုပ်ငန်း (ရန်ကုန်တိုင်း) မှ သတင်းရရှိသည်။ (more…)


Read more

Singapore Institute of Management ပညာသင်ဆု လျှောက်ထားနိုင်

တက္ကသိုလ်ဝင်တန်းအောင် နှင့် iGCSE (GCE ‘O’Level) ကျောင်းသူ၊ ကျောင်းသားများ Singapore Institute of Man-agement (SIM Global Edu-cation) ၏ စီးပွားရေးဆိုင်ရာပညာသင်ဆုကို အောက်တိုဘာ (၁) ရက်တွင် စတင်လျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်။ (more…)


Read more

ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် စစ်ကိုင်းခရိုင်/မုံရွာခရိုင်အတွင်းရှိ မြို့နယ်ပါတီရုံးများ၌ ကော်မတီဝင်များ အား တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့်သည် စက်တင်ဘာလ (၁၃) ရက်နေ့က စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်များဖြစ်ကြသည့် စစ်ကိုင်းမြို့နယ်၊ မြင်းမူမြို့နယ်၊ မြောင်မြို့နယ်နှင့် မုံရွာခရိုင်အတွင်းရှိ ချောင်းဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးများသို့ သွားရောက်ကာ ခရိုင်/မြို့နယ်ပါတီဥက္ကဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများ၊ ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီ ဝင်များနှင့်တွေ့ဆုံ၍ ပါတီစည်းရုံးရေးလုပ်ငန်းများ တိုးမြင့်ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး ဆောင်ရွက် ပေးခဲ့သည်။

14358709_1128410683914575_4072227619395692790_n

Read more

ရှမ်း(မြောက်) ပြည်ခိုင်ဖြိုးပါတီဝင်များ ပုဂံဒေသရှိ စေတီတော်သန့်ရှင်းရေး လုပ်အားဒါနပြုဆောင်ရွက်ပေး

ရှမ်းပြည်နယ် (မြောက်ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လူငယ်များ အင်အား (၂၇၂) ဦးတို့သည် စက်တင်ဘာလ (၁၃) နံနက် (၉) နာရီမှ မွန်းတည့် (၁၂) နာရီအထိ ပုဂံယဉ်ကျေးမှုနယ်မြေရှိ ငလျင်ဒဏ်သင့် ခဲ့ရသော စူဠာမနိ စေတီတော် သန့်ရှင်းရေး သွားရောက်ကူညီ ဆောင်ရွက် ခဲ့ကြသည်။

14184357_1082694545148569_2434129903567660545_n

(more…)


Read more

တနိုင်းမြို့နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ နာဂဒေသရှိ ရောဂါခံစားနေရသူများအတွက် အလှူငွေလှူဒါန်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးမြင့်ကို နှင့် မြို့နယ်ပါတီ ကော်မတီဝင်များသည် စက်တင်ဘာလ (၁၁) ရက် ရှင်ဗွေရှင်မြို့သို့သွားရောက်၍ မွန်းလွဲ (၁) နာရီအချိန်တွင် နာဂရိုးရာ စာပေနှင့်ယဉ်ကျေးမှုကော်မတီဝင်များနှင့် တွေ့ဆုံကာ နာဂဒေသ၌ ဖြစ်ပေါ်နေသော ရောဂါဆိုးခံစားနေရသည့် ပြည်သူများအတွက် အလှူငွေကျပ် ၅ သိန်းအား နာဂယဉ်ကျေးမှုကော်မတီ နာယက လူကြီးများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

(more…)


Read more

သံဖြူဇရပ်ပြည်ခိုင်ဖြိုးပါတီ လေဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်

14344914_1665593193753195_6817040530775676832_n

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးစိုးနိုင်သည် မြို့နယ်ပါတီ ကော်မတီဝင်များနှင့်အတူ စက်တင်ဘာလ (၁၃) ရက်နေ့က ကျိုက္ခမီမြို့ အောင်သုခရပ်ကွက်သို့ သွားရောက်၍ (၃၀.၈.၂၀၁၆) ရက်နေ့တွင် လေပြင်းတိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးသွား သော နေအိမ် ၆ လုံးမှ မိသားစုများအတွက် ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှပေးအပ်သည့် ထောက်ပံ့ငွေများကို မိသားစုများထံ အရောက် ပေးအပ် ထောက်ပံ့ခဲ့ကြကြောင်း သိရှိရသည်။

Read more