စတော့ဈေးနှုန်းသာမက အရောင်းအ၀ယ်ပါကျဆင်း

ရန်ကုန်စတော့အိတ်ချိန်းတွင် မြန်မာနိုင်ငံသားများဘဏ်၏ ရှယ်ယာတန်ဖိုးများ သီတင်းနှစ်ပတ်အတွင်း ၃၀ ရာခိုင်နှုန်းကျော် ကျဆင်းပြီး အခြားကုမ္ပဏီများ၏ ရှယ်ယာများလည်း ကျဆင်းလာကြောင်း သတင်းရရှိသည်။ (more…)


Read more

မြန်မာလူငယ်ခေါင်းဆောင်မှုဆိုင်ရာ ပညာသင်ဆုအကြောင်းဆွေးနွေးပွဲ ပြုလုပ်မည်

မြန်မာလူငယ်ခေါင်းဆောင်မှုဆိုင်ရာ ပညာသင်ဆုအကြောင်း ဆွေးနွေးပွဲကို အောက်တိုဘာလ ၃ ရက် မွန်းတည့် ၁၂ နာရီမှ မွန်းလွဲ ၁ နာရီအထိ ကောင့်ဘေစီခန်းမ၊ အမေရိကန်စင်တာ (အမှတ် ၁၄၊ တော်ဝင်လမ်း၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့) တွင်လည်းကောင်း၊ စက်တင်ဘာလ ၂၁ ရက် ညနေ ၄ နာရီခွဲ မှ ညနေ ၅ နာရီခွဲ အထိ ဂျက်ဖာဆင် စင်တာ၊ အမှတ် ၅၃၊ ၂၆ လမ်းနှင့် ၂၇ လမ်းကြား၊ ၇၁ လမ်းနှင့် ၇၁ လမ်းထောင့်။ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့တွင်လည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန်သံရုံးမှ သိရသည်။ (more…)


Read more

ဗိဿနိုးမြို့ဟောင်းတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် ဆောင်ရွက်

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် ဗိဿနိုးမြို့ဟောင်းအတွင်း ယခုနှစ်နှင့် လာမည့်နှစ်အတွက် စီမံကိန်း သုံးခုရေးဆွဲကာ ယူနက်စကိုသို့ တင်ပြရန်ရှိပြီး လက်ရှိတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်မှု များဆောင်ရွက်နေကြောင်း ရှေးဟောင်းသုတေသနဦးစီးဌာနမှ သတင်းရရှိသည်။ (more…)


Read more

ဆင်းရဲနွမ်းပါးသူများအတွက် နိုင်ငံတော်ကပေးအပ်သည့် တက္ကသိုလ်ပညာသင်ထောက်ပံ့ကြေးဆု လျှောက်ထားနိုင်

၂၀၁၆-၂၀၁၇ ခုနှစ် တက္ကသိုလ် ပထမနှစ် တက်ရောက်ကြမည့် ကျောင်းသားများအနေဖြင့် ဆင်းရဲနွမ်းပါးမှု ကြောင့် တက္ကသိုလ်ပညာသင်ကြားရန် အခက်အခဲရှိပါက နှစ်စဉ် တစ်လလျှင် ငွေကျပ်သုံးသောင်းကို နိုင်ငံတော်က တက္ကသိုလ်ပညာသင် ထောက်ပံ့ကြေးအဖြစ် ပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနမှ သိရသည်။ (more…)


Read more

ပါတီဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် စစ်ကိုင်းတိုင်းဒေသကြီးပါတီ ညှိနှိုင်းအစည်းအဝေးတက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့်သည် ယနေ့ (စက်တင်ဘာ ၁၅ ရက်) နံနက် (၈) နာရီအချိန်က မုံရွာမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးပါတီရုံးတွင် ပြုလုပ်သော တိုင်းဒေသကြီးပါတီ အလုပ်အမှုဆောင်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး အမှာစကားပြောကြားခဲ့ပါသည်။

14333795_1129288990493411_6073933013254529392_n

(more…)


Read more

ကြံခင်းမြို့နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ကျေးရွာပါတီဝင်များအာ ဒုတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံရှင်းလင်း

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီဥက္ကဌ ဦးမျိုးမင်းထွဋ်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးစောမင်းထူးနှင့် မြို့နယ်ပါတီကော်မတီဝင်များသည် စက်တင်ဘာ (၁၄) ရက် နံနက် (၈)နာရီအချိန်တွင် ထန်းတစ်ပင်အုပ်စု၊ ထန်းတစ်ပင်ကျေးရွာတွင် ရပ်ကျေးပါတီဝင်များနှင့် တွေ့ဆုံပြီး ဒုတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံ များရှင်းလင်းခြင်း၊ ပြည်သူ့အကျိုးပြုလုပ်ငန်းစဉ်များ ဆောင်ရွက်ရန် အပြန် အလှန် ဆွေးနွေးခြင်း၊ ရပ်ကျေးပါတီဝင်များ၏ တင်ပြမှုများအား ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

kyankhin2

(more…)


Read more

မိုးကောင်း ပြည်ခိုင်ဖြိုးပါတီ သံဃာ့ဒါနဆွမ်းဆန်တော် လောင်းလှူပွဲ ပါဝင် လောင်းလှူကုသိုလ်ပြု

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်နှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက် စည်းရုံးရေးမှူးများ၊ ပါတီဝင်များပါဝင်သော အင်အား (၂၅) ဦးသည် စက်တင် ဘာလ (၁၄) ရက် နံနက် (၇) နာရီခွဲအချိန်တွင် ပြုလုပ်သော မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက် သံဃာ့ဒါန ဆွမ်း ဆန်စိမ်းလောင်းလှူပွဲသို့ ပါဝင် တက်ရောက်၍ ဆွမ်းဆန်တော်နှင့် ကော်ဖီမစ်ထုပ်များ လောင်းလှူကုသိုလ်ယူခဲ့ကြသည်။

 14344903_182997935461451_6368350823299758914_n 14364624_182997952128116_6908818078691615575_n

(more…)


Read more

မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ ဆွမ်းဆန်စိမ်း လောင်းလှူ

မော်လမြိုင်မြို့လုံးဆိုင်ရာ ဆွမ်းဆန်စိမ်းလောင်းလှူ၊ပူဇော်ခံခြင်းကို ယနေ့ စက်တင်ဘာ(၁၅)ရက်နေ့ နံနက်(၆)နာရီမှစတင်ကာ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီမှ သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ခဲ့ကြသည်။

14333174_429384977236635_53726604987792473_n 14369918_429384957236637_8643139449186144071_n

(more…)


Read more

လယ်ဝေးမြို့နယ်တွင် ကျောင်းသုံးဗလာစာအုပ်များ လှူဒါန်း

ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက စစ်တောင်းမြစ်အရှေ့ခြမ်း တောင်ပေါ် ကရင် တိုင်းရင်းသားများ နေထိုင်သည့် အောင်နန်းချိုကျေးရွာမှ အခြေခံပညာကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံး ဗလာစာအုပ်လှူဒါန်းမှုကို ယခုလ ၁၂ရက် နံနက် ၁ဝနာရီက အဆိုပါကျေးရွာတွင် ကျင်းပသည်။

1656315_130874017087734_1111659862_n

(more…)


Read more

ရေးပြည်ခိုင်ဖြိုး ပြည်သူ့ကျန်းမာရေးအတွက် ခြင်ဆေးဖြန်းခြင်း ဆောင်ရွက်

15-mon3

မွန်ပြည်နယ်၊ ရေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြည်သူများ ကျန်းမာပျော်ရွင်စွာ နေထိုင်နိုင်ရေးကို အလေးထား ဆောင်ရွက်လျှက်ရှိရာ စက်တင်ဘာလ (၁၃) ရက်နေ့က ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတစ်ခုဖြစ်သည့် ခြင်ဆေးဖြန်းခြင်းလုပ်ငန်းအား မြို့နယ်ပါတီဥက္ကဌ၊ မြို့နယ်ပါတီ ကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာ ပါတီဝင်များက ရေးမြို့နယ် ချောင်းတောင်ကျေးရွာ၊ ကလော့လေး (အရှေ့/အနောက်) ကျေးရွာများရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် စာသင် ကျောင်းများ၌ ခြင်ဆေးဖြန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီ မွန်ပြည်နယ်

(more…)


Read more