လူသတ်ရန်ကြိုးပမ်းမှု နှင့် Rahami စွဲချက်တင်ခံရ

126161616

နယူးယောက်မြို့ ဗုံးဖောက်ခွဲမှုအတွက် သံသယဖြစ်ခံထားရသူ အသက် ၂၈ နှစ်အရွယ် Ahmad Rahami

လူ ၂၉ ဦး ထိခိုက်ဒဏ်ရာ ရသွားစေခဲ့တဲ့ နယူးယောက်မြို့ ဗုံးဖောက်ခွဲမှု ပြုလုပ်ခဲ့သူလို့ သံသယဖြစ်ခံထားရသူဟာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ပစ်ခတ်ရာက ရရှိသွားတဲ့ ဒဏ်ရာတွေကို ဆေးရုံမှာ ဆေးကုသမှု ခံယူနေတာမှာ ပြန်နာလန်ထူလာနေပြီ ဖြစ်ပါတယ်။

Read more

‘ပြင်သစ်နိုင်ငံသည် ရောင်းရန်မဟုတ်’ဟု လက်ယာစွန်းခေါင်းဆောင် လီပင်း ကြွေးကြော်

French far-right Front National (FN) party's President, Marine Le Pen, delivers a speech on stage during the FN's summer congress in Frejus, southern France, on September 18, 2016. Marine Le Pen's slogan reading "In the name of the [French] people" is seen on the rostrum. / AFP PHOTO / Franck PENNANT

ပြင်သစ်တောင်ပိုင်း ဖရီဂျူစ်မြို့ ပါတီညီလာခံတွင် မိန့်ခွန်းပြောကြားနေသော လက်ယာစွန်း ပြင်သစ်အမျိုးသား တပ်ဦးပါတီ ခေါင်းဆောင် မာရင်းလီပင်း

(Franck PENNANT/AFP)

 

‘ပြင်သစ်နိုင်ငံသည် ရောင်းရန်မဟုတ်’ ဟု ၎င်း၏ ထောက်ခံသူများက ပြောကြားပြီး ပြင်သစ်  အမျိုးသားရေးတပ်ဦး ပါတီခေါင်းဆောင် မစ္စစ်မာရင်းလီပင်းက ၂၀၁၇ သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်မှုကို စတင်လိုက်သည်။

Read more

ဂျပန်မှာ ‘သက်ကြီးများအား ရိုသေလေးစားတဲ့ နေ့’ အထိမ်းအမှတ် ပြုလုပ်၊ သက်ကြီးလူဦးရေ (၃၄) သန်းအထိ မြင့်တက်လာ

respect-for-aged-day

(ဓာတ်ပုံ – အီးပီအေ)

တိုကျိုမြို့မှာ သက်ကြီးရွယ်အိုများနှင့် လူလတ်ပိုင်း ဂျပန်လူမျိုးများစွာက ‘သက်ကြီးများအား ရိုသေလေးစားတဲ့ နေ့’ အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၁၉ ရက်နေ့က ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ရေးလှုပ်ရှားမှုတစ်ရပ်မှာ ပါဝင် ဆင်နွှဲနေတာ ဖြစ်ပါတယ်။

သက်ကြီးရွယ်အိုများက လူ့အဖွဲ့အစည်းကို ပံ့ပိုးမှုများဖြစ်စေပြီး လူငယ်များက အသက်ကြီးများအား အရိုအသေပေးတဲ့ အနေနဲ့ အများပြည်သူ အားလပ်ရက်နေ့အဖြစ် ကျင်းပကြပါတယ်။

Read more

ပိတ်ဆို့မှုများ ဖယ်ရှားပေးရန် အမေရိကန်အား အီရန်တောင်းဆို

14379913_1757272364513264_8224922662818921162_o

တီဟီရန် စက်တင်ဘာ ၁၉

အီရန်သည် လေကြောင်းလိုင်းကဏ္ဍကို မြှင့်တင်ရန်ကြိုးပမ်း နေသည်ဖြစ်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်နိုင် ရေးအတွက် ခရီးသည်လေယာဉ်များကို ဝယ်ယူရာတွင် ကျန်ရှိနေသေးသည့် ပိတ်ဆို့မှု အတားအဆီးများ ကို ဖယ်ရှား ပေးရန် တနင်္ဂနွေနေ့က အမေရိကန်အား တောင်းဆိုခဲ့ သည်။

Read more

“ရခိုင်ပြည်နယ်လွှတ်တော်ရဲ့အဆိုကို ရခိုင်ပြည်နယ်အစိုးရက မဆောင်ရွက်ဘူးဆိုရင် ပြည်နယ်အစိုးရကို စွပ်စွဲပြစ်တင်တဲ့ အဆိုတင်ဖို့ အခြေခံဥပဒေက ပေးထားတယ်” လို့ အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့် ပြောပြီ

ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို အသိအမှတ်မပြုကြောင်း ပြည်နယ်လွှတ်တော်က အတည်ပြုခဲ့တယ်။ ဒါပေမဲ့ ပြည်သူ့ လွှတ်တော်မှာတော့ ရှုံးနိမ့်ခဲ့တယ်။ ပြည်ထောင်စုလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်က ပြည်ထောင်စုနယ်မြေမှာ သက်ရောက်သလို ပြည်နယ်လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ကလည်း သူ့ပြည်နယ်မှာ သက်ရောက်တယ်။ ဒါကြောင့် ရခိုင်ပြည်နယ်လွှတ်တော်က ချမှတ်လိုက်တဲ့အဆိုဟာ ရခိုင်ပြည်နယ်အတွင်းမှာ သက်ရောက်တယ်။ အဲ့ဒါကို ရခိုင်ပြည်နယ်အစိုးရက မဆောင်ရွက်ဘူးဆိုရင် ရခိုင်လွှတ်တော် ကိုယ်စားလှယ်များက ရခိုင်ပြည်နယ် အစိုးရကို စွပ်စွဲပြစ်တင်တဲ့အဆိုတင်ဖို့ အခြေခံဥပဒေက ပေးထားတယ်လေ။ ဒါလုပ်လို့ရတယ်။

14390977_1673769779607250_4814580628826554160_n

(more…)


Read more

ရခိုင်ကော်မရှင်တရားမ၀င်ကြောင်း ပါတီ ၁၁ ခု ထုတ်ပြန်ချက်ကို ရခိုင်အမျိုးသားပါတီက ကြိုဆိုထောက်ခံကြာင်း ထုတ်ပြန်

ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းခြင်းသည် တရားမ၀င်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအ၀င် နိုင်ငံရေးပါတီ ၁၁ ပါတီ တို့၏ ပူးတွဲသဘောထားကြေညာချက်ကို ကြိုဆိုထောက်ခံကြောင်း ရခိုင်အမျိုးသားပါတီ (ANP)  က ကြေညာချက် ထုတ်ပြန်သည်။

14322248_430226083819191_9029273182932240556_n

(more…)


Read more

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းလမ်းညွှန်များရေးဆွဲရေးအလုပ်အဖွဲ့ကို အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်း

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရန် လုပ်ငန်းလမ်းညွှန်များရေးဆွဲရေးအတွက် အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှင့် နိုင်ငံရေးပါတီစသည့် အစုအဖွဲYများမှ ကိုယ်စားလှယ် သုံးဦးစီပါဝင်သည့် အလုပ် အဖွဲ့တစ်ခုကို စက်တင်ဘာ ၁၆ ရက်မှ ၁၇ ရက်အထိပြုလုပ်သော နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည် သုံးသပ်ခြင်း ပဉ္စမအကြိမ် အစည်းအဝေးတွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ (more…)


Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးနှင့်အဖွဲ့ ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှ ပါတီအကြီးအကဲများနှင့် ရန်ကုန်တိုင်း ဒေသကြီး ပါတီကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ (၁၈) ရက် နံနက် (၉) နာရီအချိန်က ရန်ကုန်တိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

14390718_430455440462922_7057835873200095571_n

(more…)


Read more

သံတွဲပြည်ခိုင်ဖြိုးပါတီမှ ဓမ္မကျောင်းသား/သူများအား အဟာရဒါနလှူဒါန်းမှုပြု

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေပါတီဥက္ကဋ္ဌ ဦးစန်းနိုင်နှင့် ပါတီကော်မတီဝင်မျာ၊ အံတော်ကျေးရွာ ပါတီဥက္ကဋ္ဌ ဦးသန်းလှ (အရံကော်မတီဝင်)နှင့် ပါတီဝင်( ၁၈)ဦးတို့သည် စက်တင်ဘာ (၁၈) ရက် နံနက် (၇)နာရီချိန်တွင် အံတော်ကျေးရွာ အံတော်တောင်ပေါ်ကျောင်း၌ ကျောင်းသား ကျောင်းသူ (၁၀၄)ဦးဖြင့် ဖွင့်လှစ်ထားသော တနင်္ဂနွေ ဓမ္မကျောင်းတော်သို့ သွားရောက်၍ အာဟာရဒါန ရခိုင်မုန့်တီ လှူဒါန်းခဲ့ကြသည်။

Read more

တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ အမျိုးသမီးရေးရာ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို စက်တင်ဘာ (၁၅) ရက်နေ့နံနက် ၉ နာရီက ကျင်းပရာ ဧရာဝတီတိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးဥာဏ်လင်း တက်ရောက် အဖွင့်အမှာ စကားပြောကြားသည်။

14355027_183491308727013_3698111969226572321_n

(more…)


Read more