ပါတီဗဟိုအလုပ်အမှုဆောင် ဒေါက်တာစန်းရွှေ ကျောက်တော်မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ပါတီဗဟိုအလုပ်အမှုဆောင်၊ ရခိုင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေသည် စက်တင်ဘာ ၂၀ ရက် နံနက် (၁၀) နာရီခွဲက မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ မြို့နယ်ပါတီ ကော်မတီ ဝင်များနှင့် တွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ ဗဟိုကော်အလုပ်အမှုဆောင်အပါအဝင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေ (ဗဟိုကော်မတီဝင်)၊ ပြည်နယ်ကော်မတီဝင် ဦးလှထွန်း(ဗဟိုကော်မတီဝင်)၊ ပြည်နယ်ကော်မတီဝင် ဦးစန်းငွေ၊ မြောက်ဦးခရိုင်ပါတီဥက္ကဋ္ဌ၊ ကျောက်တော်မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရုံးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

Read more

ဗဟိုအလုပ်အမှုဆောင်၊ တိုင်းပါတီဥက္ကဋ္ဌ မင်းဘူး(စကု) မြို့နယ်နယ်ပါတီ လုပ်ငန်းတာဝန်ခွဲဝေချထားခြင်း အစည်းအဝေးသို့ တက်ရောက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူခရိုင်၊ မင်းဘူး(စကု)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီ လုပ်ငန်းတာဝန် ခွဲဝေချထားခြင်း အစည်းအဝေးကို စက်တင်ဘာလ (၁၉) ရက်က မြို့နယ်ပါတီရုံးတွင် ကျင်းပ ပြုလုပ်ရာ ပါတီဗဟိုကော်မတီဝင်၊ တိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမောင်မောင်ဌေးနှင့် ဗဟိုကော်မတီဝင် ဦးကျော်သူဦး၊ ဦးအောင်နိုင်၊ တိုင်းအရံပါတီကော်မတီဝင် ဦးအေးသူ၊ ခရိုင်ပါတီဥက္ကဌနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

Read more

ပုသိမ်ခရိုင်ပါတီနှင့် ပုသိမ်မြို့နယ်ပါတီကော်မတီဝင်များ တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခမ်းမ၌ စက်တင်ဘာလ (၂၀) ရက်နေ့ နေ့လည် (၁) နာရီအချိန်တွင် ကျင်းပသော ပုသိမ်ခရိုင်နှင့် ပုသိမ်မြို့နယ် ကော်မတီဝင်များ တွေ့ဆုံပွဲသို့ ပုသိမ်ခရိုင်တာဝန်ခံ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါက်တာထိန်ဝင်း၊ နှင့် ဒေါ်ခင်စောမူ၊ ခရိုင်ပါတီဥက္ကဌ ဦးစိုးဝင်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ ပုသိမ်မြို့နယ် ပါတီဥက္ကဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

Read more

တိုင်းပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်း တိုင်းဒေသကြီးပါတီကော်မတီဝင်များနှင့် ဟင်္သာတခရိုင်/မြို့နယ်/ရပ်ကျေး ပါတီကော်မတီဝင်များ တွေ့ဆုံပွဲသို့ တက်ရောက်အမှာစကားပြောကြား

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီနှင့် ဟင်္သာတခရိုင်/မြို့နယ်/ရပ်ကျေး ပါတီကော်မတီတွေ့ဆုံပွဲကို စက်တင်ဘာလ (၂၀) ရက်နေ့၊ မွန်းလွဲ (၁)နာရီ(၃၀)မိနစ်အချိန်တွင် ဟင်္သာတခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်း အဝေးခမ်းမ၌ ကျင်းပခဲ့သည်။

တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးပါတီဥက္ကဌ ဦးဥာဏ်လင်း၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးဝင်းကိုကို၊ ဟင်္သာတခရိုင်ပါတီဥက္ကဌ ဦးညွန့်လှိုင်နှင့် ခရိုင် ပါတီကော်မတီဝင်များ၊ ဟင်္သာတမြို့နယ် ပါတီဥက္ကဌ ဦးညွန့်ဦးနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင်များ တက်ရောက်ခဲ့ကြ သည်။

Read more

ကြံခင်းပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးအဖွဲ့တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီဝင် (အမျိုးသမီးရေးရာတာဝန်ခံ) ဒေါ်ဝေဝေခင်သည် စက်တင်ဘာ (၂၀) ရက်နေ့က မြို့နယ်ပါတီရုံး၌ ရပ်ကွက်/ ကျေးရွာအုပ်စု အမျိုးသမီးအဖွဲ့များနှင့် တွေ့ဆုံ၍ ပါတီ၏ရှေ့လုပ်ငန်းစဉ်များ၊ အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးများဘဝလုံခြုံရေးနှင့် အမျိုးသမီးပါတီဝင်များ တိုးပွားရေးတို့ကိုဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

# Dawwai Wai

Read more

ရာဇသင်္ဂဟဖောင်ဒေးရှင်း၏ ဂုဏ်ပြုငွေလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်းဆွေနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မအူကုန်းရပ်ကွက် စည်းရုံးရေးမှူးနှင့် အမှုဆောင်များသည် ၂ဝ၁၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီခန့်က နိုင်ငံတော် သမ္မတ(ငြိမ်း)ဦးသိန်းစိန်(ပြည်ခိုင်ဖြိုးပါတီဗဟိုဦးဆောင်နာယကကြီး) ရာဇသင်္ဂဟ ဖောင်ဒေး ရှင်းမှချီးမြှင့်သော ဂုဏ်ပြုငွေ ကျပ်နှစ်သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို အမှတ် ၅၅၊ ၁၃၆ လမ်းနေ အသက် ၁ဝ၆ နှစ်ရှိ ဒေါ်ဟာလီမာအား ‘သျှင်ပါကူ’ အထူးကုဆေးခန်းတွင် သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

Read more

ပေါက်ခေါင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ သံဃာတော်များအား အရုဏ်ဆွမ်းလောင်းလှူ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးဝင်းထွန်းမြင့်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးလှိုင်မြင့်ဦးနှင့် မြို့နယ်ပါတီ ကော်မတီဝင်များဦးစီး၍ တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်း များ၊ မြို့မိမြို့ဖများ၊ NGO အဖွဲ့များအား စက်တင်ဘာ (၁၉) ရက် ညနေ ၅ နာရီမှ ည ၈ နာရီထိ မြို့နယ်ပါတီရုံး၌ ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး စက်တင်ဘာ (၂၀) ရက် နံနက်ပိုင်းတွင် ပါတီရုံးဝင်း အတွင်း၌ပါတီဝင်များက ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း များမှ သံဃာတော် အရှင်သူမြတ် (၁၇၉) ပါးအား အရုဏ်ဆွမ်း လောင်းလှူခဲ့ကြသည်။

Read more

တိုရေး၏ အေးဂျင့်မှ မတောင်းပန်လျှင် တိုရေး ကစားခွင့်ရမည် မဟုတ်ဟု ဂွါဒီယိုလာ ပြောကြား

yaya-toure

စက်တင်ဘာ ၂၁၊ အင်္ဂလန်

ယာယာတိုရေး၏ အေးဂျင့်ဖြစ်သူမှ ၎င်းအားတောင်းပန်မှု ပြုလုပ်ရန် မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်သည်။ ထိုကဲ့သို့တောင်းပန်မှု မပြုလုပ်ပါက ယာယာတိုရေးအနေဖြင့် မန်စီးတီးအသင်းတွင် လုံးဝ ကစားခွင့် ရရှိလိမ့်မည် မဟုတ်ကြောင်းလည်း ဂွါဒီယိုလာက ပြောဆိုလိုက်သည်။

အသက် ၃၃ နှစ်အရွယ်ရှိ ယာယာတိုရေးသည် မန်စီးတီးအသင်း၏ သမိုင်းဝင်ကစားသမားတစ်ဦးဖြစ်ခဲ့သော်လည်း အသင်းသို့ ဂွါဒီယိုလာရောက်ရှိလာသည့်အချိန်မှ စတင်ပြီး ပွဲထွက်ခွင့်မရဘဲ ချန်ပီယံလိဂ်လူစာရင်းမှပင် ချန်လှပ် ခံခဲ့ရသည်။

Read more

ချယ်လ်ဆီး၊ အာဆင်နယ် နှင့် လီဗာပူးတို့ အားလုံး အနိုင်ရပြီးနောက်တဆင့်တက်

15644949

အင်္ဂါနေ့ ညက ကစားခဲ့တဲ့ EFL လိဂ်ဖလား ပြိုင်ပွဲမှာ ချယ်လ်ဆီး၊ အာဆင်နယ်၊ လီဗာပူး အသင်းကြီးတွေအားလုံး နိုင်ပွဲကိုယ်စီ ရခဲ့ကြောင်း သိရပါတယ်။

Read more

နည်းပြ အေယီစတာရန်ကို ဗလင်စီယာအသင်း ရာထူးမှ ထုတ်ပယ်

14369919_1767150113537872_1938837735014627580_n

ဗလင်စီယာအသင်းသည် လာလီဂါပြိုင်ပွဲတွင် ရာသီအဖွင့်(၄)ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ပါကိုအေယီ စတာရန်ကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း သိရှိရသည်။

အေယီစတာရန်သည် ပြီးခဲ့သည့်ရာသီကုန်ခါနီးတွင် ဂယ်ရီနဗီးလ်၏နေရာကို အစားထိုးတာဝန်ယူခဲ့ရသူဖြစ်ပြီး ၂၀၁၇-၁၈ ရာသီအထိ စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

သို့သော် တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့သောပွဲတွင် ဘီလ်ဘာအိုအသင်းကို (၁-၂)ဂိုးဖြင့် ရှုံးနိမ့်ပြီး အမှတ်ပေးဇယား အောက်ဆုံးမှ ရုန်းထွက်နိုင်ခြင်းမရှိခဲ့သည့်အတွက် ဗလင်စီယာအသင်း ဘုတ်အဖွဲ့က အရေးပေါ်အစည်းအဝေး ပြုလုပ်ကာ အင်္ဂါနေ့တွင် ရာထူးမှ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။

Read more