ပုဂံဘုရားများ ပြန်လည်ပြုပြင်နိုင်ရေးအတွက် မိုးညှင်းပြည်ခိုင်ဖြိုးပါတီမှ လုပ်အားဒါနပြုလုပ်

ကချင်ပြည်နယ် မိုးညှင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ယနေ့ (၂၂.၉.၂၀၁၆) ရက်နေ့တွင် ခရိုင်လူငယ် ဦးနေမျိုးလင်း၊ မြို့နယ်လူငယ် ဦးအောင်မိုးဦးဆောင်သော လူငယ်(၈၁)ဦးတို့သည် ပုဂံမြစည်းခုံစေတီတော် ဘုရားတွင် စတင်လုပ်အားပေးလျှက်ရှိကြောင်းသိရသည်။

Kachin Lion


Read more

တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ စီးပွားပန်းခင်း ပညာရေးဝန်ဆောင်မှု LCCI(UK) Level (I), (II) သင်တန်းမှ သင်တန်းသား/သူများအား တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ဧရာဝတီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးဥာဏ်လင်း၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးဝင်းကိုကို၊ ဘဏ္ဍာရေးမှူး ဦးလှခိုင်၊ ဦးသန်းထွန်းတို့မှ မြို့နယ်ပါတီကော်မတီ ဝင်များ၊ ရပ်ကျေးစည်းမှူးများနှင့် စီးပွားပန်းခင်း ပညာရေးဝန်ဆောင်မှု LCCI(UK) Level (I), (II) သင်တန်းမှ သင်တန်းသား/ သူများအား တွေ့ဆုံပွဲကို ဇလွန်မြို့နယ် ပါတီရုံးခမ်းမတွင် စက်တင်ဘာလ(၂၀) ရက် နေ့လည် (၃) နာရီ (၄၅) မိနစ်အချိန်က ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနား တွင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဥာဏ်လင်းမှ အဖွင့်အမှာစကားပြောကြား ခဲ့ကြောင်း သိရသည်။

Read more

သန်လျင်ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်၍ ပုဂံဘုရားများပြုပြင်ရန်အတွက် အလှူငွေများ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ ရပ်ကွက်/ကျေးရွာအုပ်စု (၄၅)ခုမှ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် စေတနာရှင် မိဘပြည်သူများမှ စုပေါင်း၍ ပုဂံရှေးဟောင်းနယ်မြေ ဒေသရှိ သမိုင်းဝင် တန်ခိုးကြီး ဘုရားအချို့နှင့် စေတီပုထိုးများ၊သာသနိက အဆောက်အအုံများ၊ ပြိုကျပျက်စီးမှုများကို ပြန်လည်ပြု ပြင်တည်ဆောက်ရန်အတွက် လှူဒါန်းထားသော အလှူငွေကျပ်(၄၄၆၀၀၀၀/ိ) (ကျပ်လေးဆယ့်လေးသိန်းခြောက်သောင်း) တိတိကို စက်တင်ဘာလ (၂၁) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

အောင်မြေသာစံမြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်/ကျေစည်းမှူးများ လုပ်ငန်းညှိနှိုင်းစည်းဝေး

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များ၊ အရံကော်မတီဝင်များနှင့် ရပ်ကွက်စည်းရုံး ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ (၂၁) ရက်က မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

Read more

မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ တိုင်းပါတီ အပတ်စဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

မကွေးတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ (၂၀) ရက် နံနက် (၁၀) နာရီအချိန်တွင် တိုင်းဒေသကြီး ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးမှ အစည်းအဝေးကျင်းပပုံ နည်းလမ်းတကျဖြစ်စေရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့် ပါတီ၏ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ သည်။

Read more

ဧရာဝတီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ကြံခင်းမြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်လင်း သည် တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးဝင်းကိုကိုနှင့်အတူ စက်တင်ဘာ (၂၀) ရက် နံနက်ပိုင်းက ကြံခင်း မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး စုဝေးခန်းမ၌ မြို့နယ်ပါတီကော်မတီဝင်များ နှင့် ရပ်/ကျေးပါတီဝင်များအား တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌက ပြည်ခိုင်ဖြိုးပါတီ၏ ဒုတိယအကြိမ်ညီလာခံမှ ချမှတ်လိုက်သော ရည်ရွယ်ချက်၊ လုပ်ငန်းစဉ် များနှင့်ပတ်သက်ပြီး အောက်ခြေပါတီများသို့တိုင် လိုက်လံရှင်းလင်း ဆွေးနွေးရခြင်းကို အဖွင့်အမှာစကားအဖြစ် ပြောကြားသည်။

Read more

ဆလိုဗေးနီးယား ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌကို ယူအီးအက်ဖ်အေ ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်

uefa-chief-aleksander-ceferin-reuters

ပလာတီနီ ရာထူးမှ နုတ်ထွက်သွားပြီးချိန်ကစပြီး ဥက္ကဋ္ဌရာထူး လစ်လပ်နေခဲ့တဲ့ ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) ရဲ့ ဥက္ကဋ္ဌသစ် ရွေးကောက်ပွဲမှာတော့  ဆလိုဗေးနီးယား ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အလက်ဇန္ဒား ဆယ်ဖယ်ရင် ရွေးချယ်ခံခဲ့ရပါတယ်။

ဒီဥက္ကဋ္ဌရာထူးအတွက် ဥက္ကဋ္ဌသစ် ဆယ်ဖယ်ရင်နဲ့အတူ နယ်သာလန် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗန်ပရပ်ဂ်၊ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အိန်ဂျယ်ဗီလာတို့ ၀င်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့သော်လည်း ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ အိန်ဂျယ်ဗီလာ နုတ်ထွက်သွားခဲ့လို့ ဆယ်ဖယ်ရင်နဲ့ ဗန်ပရပ်ဂ်တို့ နှစ်ဦးပဲ ယှဉ်ပြိုင်ခဲ့ကြတာပါ။

Read more

လာလီဂါတွင် ၁၄ ရာသီဆက်တိုက် ဂိုးဖန်တီးပေးနိုင်သူအဖြစ် အင်နီယေစတာ မှတ်တမ်းတင်

andres-iniesta

စက်တင်ဘာ ၂၂၊ စပိန်

တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့သော ဘာစီလိုနာအသင်းနှင့် အက်သလက်တီကိုအသင်းတို့၏ ပွဲစဉ်တွင် ဘာစီလိုနာ ကွင်းလယ်လူ အင်နီယေစတာသည် ဂိုးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့သည့်အတွက် ၁၄ ရာသီဆက်တိုက် ဂိုးဖန်တီး ပေးနိုင်သူအဖြစ် မှတ်တမ်းသစ် ရေးထိုးလိုက်သည်။

ထိုပွဲစဉ်တွင် ရာကီတစ်ခေါင်းတိုက်သွင်းယူခဲ့သော ဂိုးကို အင်နီယေစတာက ဖြတ်တင်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အင်နီယေစတာသည် လာလီဂါတွင် ၁၄ ရာသီဆက်တိုက် အနည်းဆုံး ဂိုးတစ်ဂိုးဖန်တီးပေးသူအဖြစ် မှတ်တမ်း ၀င်သွားခဲ့သည်။

Read more

ဘာစီလိုနာ၏ လာလီဂါနိုင်ပွဲဆက် စံချိန်ကို ရီးယဲလ်ချိုးဖျက်နိုင်ခြင်း မရှိခဲ့

14362733_1767513663501517_2943998330606743764_o

စက်တင်ဘာ ၂၂၊ မက်ဒရစ်

 လာလီဂါတွင် မယုံနိုင်စရာခြေစွမ်းပြနေသော ရီးယဲလ်မက်ဒရစ်အသင်း၏ ရလဒ်ကောင်းများမှာ ဗုဒ္ဓဟူးနေ့ ဗီလာရီးယဲလ်နှင့် ပွဲတွင် ရပ်တန့်သွားခဲ့ပြီး ဘာစီလိုနာအသင်း၏ စံချိန်ကိုလည်း ကျော်ဖြတ်နိုင်ခြင်းမရှိခဲ့ပေ။

ဇီဒန်း၏ ရီးယဲလ်မက်ဒရစ်အသင်းသည် လာလီဂါ ၁၆ ပွဲဆက်အနိုင်ရထားပြီး ၂၀၁၀-၁၁ ဘောလုံးရာသီက ဘာစီလိုနာအသင်း ရရှိထားသည့် လာလီဂါနိုင်ပွဲဆက် စံချိန်နှင့် တူညီနေခဲ့သည်။

Read more

ဇန်နဝါရီတွင် ပရီးမီးယားလိဂ်အသင်းတစ်သင်းထံ ယာယာတိုရေးပြောင်းရွှေ့ဖွယ်ရှိ

yaya-toure

စက်တင်ဘာ ၂၂၊ မန်ချက်စတာ

 ယာယာတိုရေးသည် ဇန်နဝါရီအပြောင်းအရွှေ့အတွင်းမန်စီးတီးမှထွက်ခွာဖြစ်ခဲ့ပါက ပရီးမီးယားလိဂ်အသင်း တစ်သင်းသို့ ပြောင်း ဖွယ်ရှိနေသည်။

တိုရေးသည် အေးဂျင့်ဖြစ်သူ ဒီမီထရီနှင့် နည်းပြဂွာဒီယိုလာအကြား မပြေမလည်ဖြစ်နေခြင်းကြောင့် အီတီဟတ်တွင် ၎င်း၏ အနာဂါတ်ဆက်မရှိနိုင်တော့ကြောင်း လက်ခံထားသည်။

တိုရေးသည် ချက်ရှိုင်းယားတွင်အခြေကျနေပြီဖြစ်သော မိသားစုကိုမပြောင်းရွှေ့စေလိုသဖြင့် နွေရာသီအပြောင်းအရွှေ့ ကာလ အတွင်း အင်တာမီလန်သို့ပြောင်းနိုင်မည့်အခွင့်အရေးကိုလည်းကောင်း တရုတ်လိဂ် မှ ငွေအမြောက်အမြားဖြင့် ကမ်းလှမ်းမှုကို လည်းကောင်း ပယ်ချခဲ့ပြီး အင်္ဂလန်နိုင်ငံတွင်သာ ဆက်ကစားချင်နေသည်။

Read more