သံဖြူဇရပ်ပြည်ခိုင်ဖြိုးပါတီကော်မတီ အစည်းအဝေုးပြုလုပ်

မွန်ပြည်နယ် သံဖြူဇရပ်မြို့ နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီ အစည်းအဝေးကို ၂၀၁၆ခုနှစ် စက်တင်ဘာလ ၂၇ရက်နေ့ နံနက် ၁၁နာရီအချိန်တွင် သံဖြူဇရပ်မြို့နယ်ပြည်ခိုင်ဖြိုးရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ မြို့နယ်ပါတီဥက္ကဌ ဦးစိုးနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြပြီး မြို့နယ်ပါတီလုပ်ငန်းစဉ်များဆွေးနွေးခြင်း၊ ရေးရာကော်မတီကိစ္စရပ်များအားဆွေးနွေးကြကြောင်းသိရှိရပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်


Read more

တိုင်း၊ ခရိုင်၊ အမရပူရမြို့နယ်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း စည်းဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ စက်တင်ဘာလ (၂၇) ရက် နံနက် (၁၀) နာရီခွဲအချိန်က တိုင်း/ခရိုင်/မြို့နယ်ကော်မတီမျာတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးမြင့်၊ မန္တလေးခရိုင်ပါတီဥက္ကဌ ဦးဘိုသင်း၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးကျော်စန်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ အမရပူရမြို့နယ်ပါတီဥက္ကဌ ဦးသိန်းထွန်းဦး၊ မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်စောမြိုင်နှင့် မြို့နယ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

Read more

ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး အနောက်ပိုင်းခရိုင်အတွင်းရှိ ပါတီကော်မတီဝင် များနှင့်တွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးသာဝင်း၊ တိုင်းပါတီကော် မတီဝင်များဖြစ်ကြသော ဦးမင်းသိန်း၊ ဒေါ်သင်းသင်းမိုးတို့သည် စက်တင် ဘာလ (၂၇)ရက် နေ့လည် (၁) နာရီအချိန်က အနောက်ပိုင်းခရိုင်ပါတီရုံး အစည်းအဝေး ခန်းမ၌ အနောက်ပိုင်းခရိုင်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲအခမ်းအနားသို့ ရန်ကုန်အနောက်ပိုင်းခရိုင်ပါတီဥက္ကဌ ဦးနေဝင်းနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ် (၁၃)မြို့နယ်မှ မြို့နယ်ပါတီဥက္ကဌနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ပါတီစည်းရုံးရေးလုပ်ငန်းဆောင်ရွက်ချက်များကို ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

Read more

Iron Maiden ၂၀၁၇ ဗြိတိန် ဖျော်ဖြေရေး ရက်များကို ကြေညာ

14445802_1246245828732898_1635592920_n

ဗြိတိန်တေးဂီတအဖွဲ့ Iron Maiden သည် ၎င်းတို့၏ ဥရောပဖျော်ဖြေပွဲ “ The Book Of Souls” ကမ္ဘာလှည့်ဖျော်ဖြေပွဲကို ၂၀၁၇ နွေဦးတွင် ဆက်လက် ကျင်းပသွား မည် ဖြစ်ကြောင်း နှင့် ၃၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဘယ်လ်ဂျီယံ နိုင်ငံ အန်ထရပ်မြို့တွင် ပြန်လည်ကျင်းပသွားမည်ဖြစ်သည်။

Read more

အသားအရေအတွက် အရေပြား ဆရာဝန်တွေကိုယ်တိုင် လိုက်နာတဲ့အချက် (၅) ချက်

14483731_1246244622066352_206914646_n

() မျက်လုံးအတွက် သီးသန့်ခရင်မ် (Eye Cream) သုံးပါ

မျက်လုံးတစ်ဝိုက်က အရေပြားဟာ အနုနယ်ဆုံးနဲ့ အပါးလွှာဆုံးဖြစ်ပြီး အိုမင်းရင့်ရော်မှု အမြန်ဆုံး နေရာလည်း ဖြစ်တယ်လို့ အရေပြား အထူးကုဆရာဝန် ဒီဘရာဂျာလီမန်က ဆိုပါတယ်။  မျက်လုံးတစ်ဝိုက် အရေပြားကို ကိုယ်နဲ့ သင့်တော်မယ့် Eye Cream တစ်ခုခု အချိန်ပေးပြီး ဂရုတစိုက် လိမ်းပေးသင့်ပါတယ်။

Read more

အိမ်မွေး တိရစ္ဆာန် ချစ်သူတွေ သတိပြုရမယ့် အချက် ငါးချက်

14483673_1246244582066356_1219169259_n

တိရစ္ဆာန်လေးတွေကို ချစ်တတ်တဲ့ သူတွေဟာ အိမ်မှာ ခွေး၊ ကြောင်တွေကို မွေးလေ့ရှိတဲ့အပြင် တယုတယနဲ့ အတူတူ အိပ်စက်တတ်သူတွေလည်း ရှိတဲ့အတွက် အိမ်မွေးတိရစ္ဆာန်ချစ်သူတွေ ကျန်းမာရေးအတွက် သတိပြုရမယ့် အချက်ငါးချက်ကို ဖော်ပြပေးလိုက်ပါတယ်။

Read more

ဂျာမန်အခြေစိုက် Bosch နည်းပညာကုမ္ပဏီ မြန်မာအပါအဝင် အရှေ့တောင်အာရှဈေးကွက်တွင် ယူရိုသန်း ၈၀ ရင်းနှီးမြှုပ်နှံမည်

13081804_1136480829709399_320826700_n

ဂျာမနီအခြေစိုက် နည်းပညာကုမ္ပဏီ တစ်ခုဖြစ်သည့် Bosch သည် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဈေး ကွက်တွင် စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရန် ယူရိုသန်း ၈၀ ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

‘‘အရှေ့တောင်ဒေသဟာ Bosch လုပ်ငန်းစုအတွက် အရေးပါတဲ့  ဈေးကွက်ကြီးတစ်ခုပါ။ ဒေသတွင်း ဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်ဖို့အတွက် ယခုနှစ် အတွင်းမှာ ယူရို သန်း ၈၀ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ စီစဉ်နေ ပါတယ်’’ဟု အရှေ့ တောင်အာရှဈေးကွက်တာဝန်ခံ Bosch လုပ်ငန်းစု၏ အုပ်ချုပ်ရေး ဒါရိုက်တာ Peter Tyroller က ပြောသည်။

Read more

လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်အချို့ကိုအရေးယူဖို့ လွှတ်တော်အတည်ပြု၊ ကော်မရှင်ရဲ့ အစီရင်ခံစာပေါ်မူတည်ပြီး ဆက်လုပ် သွားမယ်လို့ သမ္မတရုံးပြောခွင့်ရသူပြော

 

13081804_1136480829709399_320826700_n

လူ့အခွင့်အရေးကို အကာအကွယ်မပေးသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် အချို့အားထိရောက်စွာ အရေးယူရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အရေးကြီးအဆိုအပေါ် စက်တင်ဘာ (၂၆) ရက်က ပြည်သူ့ လွှတ်တော်တွင် အတည်ပြုလိုက်သည်။

ဆယ်ကျော်သက်အရွယ် အိမ်အကူ အမျိုးသမီးငယ်နှစ်ဦးအား လစာမပေးဘဲ ညှဉ်းပမ်းနှိပ်စက်ခဲ့သည်ဆိုသော ရန်ကုန်မြို့၊ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်များ၏ အမှုအပေါ် လျော်ကြေးဖြင့် ကြေအေးရန် ညှိနှိုင်းဖြေရှင်းခဲ့သည့် ကော်မရှင်အဖွဲ့ဝင်များ၏ လုပ်ရပ်သည် လူ့အခွင့်အရေးချိုးဖောက်မှုကို ကာကွယ်မပေးသဖြင့် ထိရောက်စွာ အရေးယူရန် ဒေါပုံအမတ် ဦးပြုံးချို၏ အရေးကြီးအဆိုအား လွှတ်တော်က အတည်ပြုလိုက်ခြင်းဖြစ်သည်။

Read more

ပုံမှန်ပွဲထွက်ခွင့် မရလည်း အသင်းတွင် ဆက်နေရန် ရွန်နေး ဆုံးဖြတ်ထား

14459849_1246245578732923_767254907_n

မန်ယူအသင်းခေါင်းဆောင် ရွန်နေးဟာ အသင်းနဲ့အတူ ပွဲတိုင်းပွဲထွက်ခွင့်မရတဲ့ နည်းပြဆုံးဖြတ်ချက်ကို လက်ခံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရတော့မှာ မဟုတ်ပေမဲ့ အသင်းကထွက်ခွာဖို့ အစီအစဉ် ရှိမနေကြောင်း Mirror သတင်းစာ ကဖော်ပြခဲ့ပါတယ်။

Read more

လူစားလဲခံရသဖြင့် စိတ်ပျက်နေသည့် ရော်နယ်ဒိုကို မိခင်ဖြစ်သူ အားပေး

14459847_1246245658732915_620134423_n

ရီးရဲလ်မက်ဒရစ်နဲ့ ပါးလ်မက်စ်အသင်းတို့ရဲ့ပွဲစဉ်မှာ လူစားလဲခံလိုက်ရလို့ စိတ်ပျက်နေတဲ့ ရော်နယ်ဒိုကို မိခင် ဖြစ်သူက တွစ်တာကတစ်ဆင့် အားပေးစကား ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့စနေနေ့က ပွဲစဉ်မှာ ပွဲချိန် ၇၂ မိနစ်အရောက် ရော်နယ်ဒိုကို နည်းပြဇီဒန်းက လူစားလဲလိုက်တာဖြစ်ပါတယ်။ လူစားလဲခံရတဲ့ ရော်နယ်ဒိုဟာ ဒေါသ မပေါက်ကွဲခဲ့ပေမဲ့ ကွင်းထဲကနေ စိတ်ပျက်လက်ပျက် ထွက်လာခဲ့တဲ့ပုံစံကို ရုပ်သံက အမိအရ ရိုက်ကူးနိုင်ခဲ့ပါတယ်။ အဲဒီနောက် အရန်ခုံမှာ မျက်နှာပျက်နေတဲ့ ရော်နယ်ဒိုရဲ့ ဓာတ်ပုံကို မိခင်ဖြစ်သူက တီဗွီကတစ်ဆင့် ပြန်လည်ရိုက်ကူးပြီး တွစ်တာမှာ ပြန်တင်ခဲ့တာဖြစ်ပါတယ်။

Read more