တောင်တရုတ်ပင်လယ်၌ ဂျပန်-အမေရိကန် ပူးပေါင်း ကင်းလှည့်မည်

japan-american

ဂျပန်နှင့် အမေရိကန်တို့အနေဖြင့် တောင်တရုတ်ပင်လယ်ရှိ ဗီယက်နမ်၊ ဖိလစ်ပိုင်အစရှိသည့် ဒေသတွင်း ရေတပ်များနှင့် ပူးပေါင်းကာ စစ်ရေးလေ့ကျင့်ခြင်း၊ ကင်းလှည့်ခြင်းများကို ပိုမိုထိတွေ့တိုးမြှင့် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီး တိုမိုမီအီနာဒါက ပြောလိုက်ပါတယ်။

တောင်တရုတ်ပင်လယ်ရှိ ကမ်းရိုးတန်းနိုင်ငံများ၏ ကာကွယ်ရေးစွမ်းရည်တည်ဆောက်ရာ၌ ဂျပန်က ကူညီမည် ဖြစ်ကြောင်း မနေ့က၀ါရှင်တန်မြို့ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဌာန၌ ပင်တာဂွန် စစ်ဌာနချုပ် အကြီး အကဲ အက်ရှ်ကာတာနှင့် ပထမအကြိမ်တွေ့ဆုံစဉ် ဂျပန်ကာကွယ်ရေးဝန်ကြီး တိုမိုမီအီနာဒါက ပြောဆိုလိုက်ခြင်း ဖြစ်ပါတယ်။

Read more

အီရန်သမ္မတဟောင်း ၂၀၁၇ ရွေးကောက်ပွဲ ၀င်မည်မဟုတ်

iran

အီရန်သမ္မတဟောင်း Mahmoud Ahmadinejad က နောက်နှစ်ပြုလုပ်မယ့် သမ္မတရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မယ်ဆိုရင် သဘောထားကွဲပြားမှုတွေ ကြီးထွားလာလိမ့်မယ်လို့ နိုင်ငံ့ဥသျှောင် Ayatollah Ali Khamenei က သတိပေးခဲ့တာကြောင့် ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Read more

တရုတ်နိုင်ငံရှိ တိုင်ဖုန်းမုန်တိုင်းတိုက်ခတ်နေသည့် ဒေသများတွင် ကျောင်းများကို ပိတ်လိုက်ရပြီး ငါးဖမ်းစက်လှေ များကို ပြန်ခေါ်

thaiwan

တိုင်ဖုန်းမုန်တိုင်းကြောင့် တွေ့ရသော အပျက်အစီးအချီူ့

ရှန်ဟိုင်း စက်တင်ဘာ ၂၈

တရုတ်နိုင်ငံတောင်ပိုင်းရှိ ဖူဂျီအန်ပြည်နယ်တွင် ဗုဒ္ဓဟူးနေ့၌ တိုင်ဖုန်းမုန်တိုင်း မဂ္ဂီ ကုန်တွင်းပိုင်းသို့ ၀င်ရောက် ခဲ့မှုကြောင့် ကျောင်းများကို ပိတ်လိုက်ရပြီး လေကြောင်းခရီးစဉ် ဒါဇင်ပေါင်းများစွာကို ဖျက်သိမ်းလိုက်ရကြောင်း၊ လေပြင်းများသည်လည်း တစ်နာရီလျှင် ၇၅ မိုင်အထိ တိုက်ခတ်လျှက်ရှိကြောင်း ဆင်ဟွာသတင်း ဌာနက ထုတ်ပြန်သည်။

Read more

အစ္စရေးသမ္မတဟောင်း ရှီမွန်ပဲရက်စ် အသက် ၉၃ နှစ်အရွယ်တွင် ကွယ်လွန်

israel

ဂျေရုစလင် စက်တင်ဘာ ၂၈

အစ္စရေးသမ္မတဟောင်းနှင့် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ရှီမွန်ပဲရက်စ်သည် လေဖြတ်ရောဂါဝေဒနာကို သီတင်း နှစ်ပတ်ကြာခံစားခဲ့ရပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ကွယ်လွန်ခဲ့ပြီ ဖြစ်ကြောင်း မိသားစုဆရာဝန်က ပြောကြားသည်။

အသက် ၉၃ နှစ်အရွယ် သမ္မတဟောင်းသည် ဒေသစံတော်ချိန် နံနက် ၃ နာရီတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သားမက်ဖြစ်သူ ရာဖီဝဲဒန်က ပြောသည်။

Read more

ဆပ်ပြာတိုက်သည့် ပလတ်စတစ်ဖတ်များကို မသုံးသင့်သည့် အကြောင်းရင်း

ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနေပြီး ဆရာဝန်တွေ လုံးဝမသုံးခိုင်းတဲ့ အရာဖြစ်ပါတယ်။

Read more

လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာ တွေ့ဆုံပွဲကျင်းပ

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး၍ အမျိုးသမီးရေးရာ တွေ့ဆုံပွဲကို စက်တင်ဘာ (၂၇) ရက် နံနက် (၁၀) နာရီအချိန်က လွိုင်ကော်ခရိုင်ပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပြည်နယ် ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း၊ ပြည်နယ်ပါတီ အတွင်းရေးမှူးဦးဌေးရယ်၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဦးလူရယ်ဖိုးလူ၊ ဦးကိုးရယ်၊ ဒေါ်မေရီယန် ပြည်နယ်/ လွိုင်ကော်ခရိုင်/မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာ အမျိုးသမီးရေးရာအဖွဲ့များ စုစုပေါင်း အင်အား ( ၈၀)ဦးတက်ရောက်ခဲ့ကြ သည်။

Read more

မကွေးမြို့နယ် ပုတီးကုန်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်သစ်တင်

မကွေးမြို့နယ် သမန်းတောအုပ်စု ပုတီးကုန်းကျေးရွာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်အသစ်တင်ပွဲ အခမ်းအနားကို စက်တင်ဘာ (၂၇) ရက်နေ့က ကျင်းပရာ မကွေးမြို့နယ်ပါတီဥက္ကဋ္ဌ၊ မြို့နယ်ပါတီ အတွင်းရေးမှူး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေး စည်းမှူးများနှင့် ကျေးရွာရှိ ရပ်မိရပ်ဖများ တက်ရောက် အားပေးကြပြီး ပါတီရှေ့လုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စများ ပူပေါင်းလုပ်ဆောင်ရန် ဆွေးနွေးတင်ပြခဲ့ကြ ကြောင်း သိရသည်။

ကိုစိန်မြင့်

Read more

မြစ်ကြီးနားမြို့နယ်ပါတီကော်မတီနှင့် ရပ်ကွက်၊ ကျေးရွာပါတီကော်မတီများ တွေ့ဆုံ၊ စာရေးကိရိယာများ လှူဒါန်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်းသည် စက်တင် ဘာလ (၂၆) ရက် နေ့လည် (၁) နာရီတွင် ဆင်ဘိုပါတီရုံး ၌ စည်းရုံးရေး နယ်မြေ ဂွင် (၇) တာဝန်ခံ မြို့နယ်ပါတီ ကော်မတီဝင် ဦးစိုးညွန့်နှင့်အတူ ဆင်ဘိုမြို့အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ ပါတီ စည်းရုံးရေးမှူးးများ၊ ကော်မတီ ဝင်များနှင့် တွေ့ဆုံလျှက် ဒုတိယအကြိမ် ပါတီညီလာခံတွင် ပါတီဥက္က္ကဋ္ဌကြီး မိန့်ကြားလမ်းညွှန်ချက်များ၊ ရှေ့လုပ်ငန်းစဉ် များ အောင်မြင်စွာ အကောင်အထည်ဖေါ်ဆောင်ရေး၊ ပါတီတွင်း စည်းလုံး ညီညွတ်ရေး၊ ကျစ်လစ်ခိုင်မာရေးတို့အား အကျယ်တဝင့် ဆွေးနွေးခဲ့သည်။

Read more

ဘီးလင်းပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ လုပ်ငန်းစဉ်များ ဆွေးနွေး

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီ အစည်းအဝေးကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ (၂၇) ရက်နေ့ နံနက် (၁၁) နာရီအချိန်တွင် ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မြို့နယ်ပါတီဥက္ကဌ ဒေါက်တာ ခင်မောင်သွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ကြပြီး မြို့နယ်ပါတီလုပ်ငန်းစဉ်များဆွေးနွေးခြင်းနှင့် ရေးရာကော်မတီကိစ္စရပ်များ ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရသည်။

Read more

မကွေးတိုင်းဒေသကြီးပါတီကော်မတီ အပတ်စဉ် လုပ်ငန်းညှိနှိုင်းစည်းဝေး

မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တိုင်း ဒေသကြီးပါတီကော်မတီအဖွဲ့၏ အပတ်စဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝ နာရီ က တိုင်းဒေသကြီးပါတီအစည်း အဝေးခန်းမ၌ ကျင်းပရာ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်ဌေးက ပါတီလုပ်ငန်းများ ဆောင်ရွက်ရာတွင် စည်းလုံးညီညွတ် စွာဖြင့် လုပ်ကိုင်ပါက ပိုမိုအောင်မြင်သည်မှာ လက်တွေ့ဖြစ်ကြောင်း၊ ပါတီ ဌာနချုပ်နှင့် ခရိုင်၊ မြို့နယ်များအကြား လုပ်ငန်းဆက်သွယ်မှု ချောမွေ့စေရေး အတွက် တိုင်း၊ ခရိုင်၊ မြို့နယ် မျက်နှာစုံညီ အစည်းအဝေးများကိုလည်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အများသဘောတူဆုံးဖြတ်ချက်ဖြင့် ပါတီ လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည်ဖြစ်၍ တက်ရောက်လာသော ကော်မတီဝင်များက အကြံပြု ဆွေးနွေး မှုများ ဆောင်ရွက်စေလိုကြောင်း မှာကြားသည်။

Read more