Call Deposit အတိုးနှုန်းများ လျှော့ချရန် ပြည်တွင်းဘဏ်များ ညှိနှိုင်း

 13081804_1136480829709399_320826700_n

အပ်ငွေအပေါ် နေ့စဉ်အတိုးပေးရသော Call Deposit အပ်ငွေအတိုးနှုန်းကို လျှော့ချရန် ပြည်တွင်းဘဏ်များ ညှိနှိုင်းလုပ်ဆောင်လျက်ရှိကြောင်း ဘဏ်လုပ်ငန်းရှင် အသိုင်းအ၀ိုင်းထံမှ သိရသည်။

Read more

ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် မြို့ပြစီမံကိန်းမဟာဗျူဟာသစ် YHT ထုတ်ပြန်

13081804_1136480829709399_320826700_n

ရန်ကုန်မြို့ကို အနာဂတ်တွင် နိုင်ငံတကာ အနုပညာနှင့် ယဉ်ကျေးမှုအချက် အချာမြို့ဖြစ်လာရေးအထိ စုံလင် သောလုပ်ငန်းစီမံချက် ၂၄ ရပ်ပါဝင်သည့် ရန်ကုန်မြို့ပြ အမွေ အနှစ်ထိန်း သိမ်းစောင့်ရှောက်ရေးနှင့် မြို့ပြစီမံကိန်း မဟာဗျူဟာသစ်ကို Yangon Heritage Trust(YHT) က စက်တင်ဘာ ၂၇ ရက်က ထုတ်ပြန်လိုက်သည်။

Read more

ဧရာဝတီမြစ်ဆုံ၊ မြစ်ညာတွင် တည်ဆောက်မည့် ရေအားလျှပ် စစ်စီမံကိန်းများနှင့် ပတ်သက်၍ ဒေသခံများက သဘောထားထုတ်ပြန်

13081804_1136480829709399_320826700_n

ဧရာဝတီ မြစ်ဆုံ၊ မေခမြစ်၊ ငေါ်ချမ်းခချောင်း ရိုးတစ်လျှောက်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ်စီမံကိန်းများ အားလုံးကို ရပ်ဆိုင်းပေးရန် ချီဖွေ၊ ဆော့လော် မြို့နယ်ရှိ မေခနှင့် ငေါ်ချမ်းခမြစ်ရိုးတစ်လျှောက်တွင် နေထိုင်သည့် ဒေသခံများက နိုင်ငံတော်သမ္မတထံသို့ စက်တင်ဘာ ၂၇ ရက်က အိတ်ဖွင့်စာပေးပို့ပြီး တောင်းဆို လိုက်သည်။

Read more

ဧည့်စာရင်းပုဒ်မဆက်ထားရန် တပ်ကိုယ်စားလှယ်များ ဆွေးနွေး

13081804_1136480829709399_320826700_n

ဧည့်စာရင်းတိုင်ကြားရသည့်စနစ်ကို ဆက်ထားသင့်ကြောင်းအမျိုးသားလွှတ်တော်၌ တပ်မတော်သားကိုယ်စားလှယ်များ ကဆွေးနွေးခဲ့ကြသည်။ ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဥပဒေ တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်၌ စက်တင်ဘာ (၂၇) ရက်က ဆွေးနွေးစဉ် ထည့်သွင်း ပြောကြားခဲ့ကြသည်။

Read more

အာဆင်နယ်နှင့် အိုဇေးလ် စာချုပ်သစ်ချုပ်လိုက်ပြီဟု သတင်းထွက်

mesut-ozil

အာဆင်နယ်အသင်း၏ အဓိက ကစားသမား အိုဇေးလ်သည် စာချုပ်သစ်ချုပ်ဆိုလိုက်ပြီး ၎င်း၏အကြိုက် နံပါတ် ၁၀ ကိုလည်း ဝတ်ဆင်ကစားမည်ဟု သတင်းများ ထွက်ပေါ်နေသည်။

၂၀၁၈ နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် ဂျာမန်ကွင်းလယ်ကစားသမား၏ အနာဂါတ်မှာ စာချုပ်ကိစ္စ ညှိနှိုင်းမှုနှောင့် နှေးနေသဖြင့် သံသယဝင်စရာ ဖြစ်နေခဲ့သည်။

Read more

အင်္ဂလန်နည်းပြ ဖြစ်လာဖို့ ရေပန်းစားနေသည့် နည်းပြ (၅) ဦး

main-bigsam-replacments-2

တယ်လီဂရက်ဖ်သတင်းစာက ဖွင့်ချလိုက်တဲ့ အရှုပ်တော်ပုံကြောင့် အင်္ဂလန်လက်ရွေးစင် အသင်းနည်းပြ ဆမ် အလာဒိုက်ဟာ ရာထူးက နှုတ်ထွက်လိုက်ရပြီဖြစ်ပါတယ်။ လက်ရှိ ယာယီနည်းပြ ဆောက်ဂိတ်က တာဝန်ယူထား ပေမယ့် မကြာခင် အင်္ဂလန်နည်းပြအဖြစ် ခန့်အပ်ဖို့ ရေပန်းစားနေတဲ့ နည်းပြ (၅) ဦးရှိပါတယ်။

Read more

ဆမ်အလာဒွိုက်စ်နှင့် အက်ဖ်အေတို့ နှစ်ဦးသဘောတူ လမ်းခွဲ

sam-allardyce

အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ဆမ်အလာဒွိုက်စ်သည် ၎င်း၏ရာထူးဂုဏ်ပုဒ်ကို မလျော်ကန်စွာ အသုံးချ ခဲ့ခြင်း၊ အက်ဖ်အေက ထုတ်ပြန်ချမှတ်ထားသည့် ဥပဒေကို မည်သို့မည်ပုံ လက်တစ်လုံးခြားလုပ်၍ ရနိုင်ကြောင်း နည်းပေးလမ်းပြခဲ့ခြင်းများအတွက် အရေးယူခံလိုက်ရပြီဖြစ်ကာ အက်ဖ်အေတာဝန်ရှိသူများက ဆမ်အလာဒွိုက်စ် ကို ခေါ်ယူတွေ့ဆုံအပြီးတွင် နှစ်ဦးနှစ်ဖက် သဘောတူညီမှုရယူ၍ လမ်းခွဲရန် ဆုံးဖြတ်ချက် ချမှတ်လိုက်ကြောင်း BBC က ဖော်ပြထားသည်။

Read more

ပြိုင်ဘက်အဖြစ်ရင်ဆိုင်ရမည့် နည်းပြဂွါဒီယိုလာကို ဆဲလ်တစ်နည်းပြရော်ဂျာ ချီးကျူးပြောကြားမှုများပြုလုပ်

guadiola

စကော့တလန်ထိပ်သီးကလပ် ဆဲလ်တစ်အသင်း၏ နည်းပြ ရော်ဂျာ သည် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၂ တွင် ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရမည့် မန်စီးတီးအသင်း၏ နည်းပြ ဂွါဒီယိုလာအပေါ် ချီးကျူးပြောကြားမှုများ ပြုလုပ်ခဲ့ပြီး ဘောလုံးလောက၏ ထိပ်တန်းနည်းပြတစ်ဦးဖြစ်ကြောင်း ဖွင့်ဟချီးကျူးသွားခဲ့သည်။

Read more

ဂျူပီတာရဲ့ ဂြိုဟ်ရံလ ယူရိုပါမှ အာကာသအတွင်း ရေများပန်းထွက်

38a4d9f100000578-3808419-this-is-an-artist-s-concept-of-a-plume-of-water-vapour-thought-t-a-75-1474921777571

၂၀၁၃ ခုနှစ်မှာ ဟာဘယ်တယ်လီစကုပ်ဖြင့် လေ့လာမှုအရ ယူရိုပါမှာ ရေရှိနိုင်တဲ့ အခြေအနေကို သိပ္ပံပညာရှင် တွေက စတင်တွေ့ရှိခဲ့ထားခဲ့ပါတယ်။

ဂျူပီတာဂြိုဟ်ရဲ့ ဂြိုဟ်ရံလ ယူရိုပါ (Europa) မှရေများ အာကာသအတွင်း ပန်းထွက်ကြောင်း နောက်ထပ် အထောက်အထားများ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

Read more

အင်ဒိုမှာ မီးတောင်ပေါက်ကွဲမှုကြောင့် ခရီးသွားများကို ရွှေ့ပြောင်းပေးရ

indo

အင်ဒိုနီးရှားနိုင်ငံရှိ အပျော်ခြေလျင်ခရီးထွက်မှု များပြားတဲ့ နေရာတစ်ခုမှာ မီးတောင်ပေါက်ကွဲခဲ့မှုကြောင့် နိုင်ငံခြားသားအများစု အပါအဝင် ခရီးသွား ၄၀၀ နီးပါးကို ရွှေ့ပြောင်းခဲ့ရကြောင်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လွမ်ဘွတ်ခ်ကျွန်းပေါ်ရှိ ဘာရူဂျာနီမီးတောင်မှာ စက်တင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းမှာ စတင်ပေါက်ကွဲခဲ့ပြီး မီးတောင်အထက် ၁.၂ မိုင်အကွာအထိ မီးခိုးနဲ့ ပြာမှုန်များ ထွက်ရှိခဲ့ကြောင်း သိရပါတယ်။

Read more