Year: 2025
ကိုလံဘီယာမဲဆန္ဒရှင်များက FARC ငြိမ်းချမ်းရေးသဘောတူညီချက်ကို ငြင်းပယ်

FARC သူပုန်တို့နှင့် ငြိမ်းချမ်းရေးစာချုပ်ကို အတည်ပြုရန် ကိုလံဘီယာနိုင်ငံတွင် သမိုင်းဝင်ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများက ကန့်ကွက်မဲ ၅၀.၂၄ ရာခိုင်နှုန်းဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ငြင်းဆန်ခဲ့ကြသည်။
အဆိုပါ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ပြီးခဲ့သည့် သီတင်းပတ်တွင် သမ္မတ ဂျူအန်မန်နျူရယ် ဆန်းတို့စ်နှင့် FARC သူပုန်အဖွဲ့ခေါင်းဆောင် တင်မိုလွန် ဂျီမန်နက်စ်တို့ လေးနှစ်ကြာ စေ့စပ်ညှိနှိုင်းရေး ဆွေးနွေးပွဲပြီးနောက် လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။
Read moreယွမ်ငွေကို နိုင်ငံတကာအရန်ငွေကြေးစာရင်းတွင် ထည့်သွင်း

ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံအဖြစ် တရုတ်အစိုးရ၏ ကြိုးပမ်းမှုကို အသိအမှတ်ပြုခြင်းတွင် တရုတ်နိုင်ငံသုံး ယွမ်ငွေ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၏ နိုင်ငံတကာ အရန်ငွေကြေးစာရင်းတွင် အောက်တိုဘာ၁ ရက်မှ စတင် ထည့်သွင်းလိုက်သည်။
တရုတ်ယွမ်ငွေသည် အမေရိကန်ဒေါ်လာ၊ ယူရို၊ ဂျပန်ယန်း ငွေ၊ ဗြိတိသျှပေါင်တို့နှင့်အတူ IMF၏ အထူးငွေကြေး အုပ်စုတွင် ပါဝင်လာခြင်းဖြစ်သည်။
Read moreကျိုက်ထိုပြည်ခိုင်ဖြိုး ရပ်ကွက်/ကျေးရွာကော်မတီများနှင့် တွေ့ဆုံဆွေးနွေး
ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီ အစည်းအဝေးကို ကျိုက်ထို မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ၂၀၁၆ခုနှစ် စက်တင်လာလ (၃၀) ရက် နေ့နံနက် (၁၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်ပါတီဥက္ကဌ ဦးဌေးလွင်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာများမှ ပါတီခေါင်းဆောင်များ၊ ပါတီကော်မတီဝင်များ တက်ရောက်ခဲ့သည်။
Read moreမွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ GREEN- 9 ပရဟိတ လူငယ်အဖွဲ့ဝင်များနှင့် တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ မွန်ပြည်နယ်ပါတီဥက္ကဌ ဦးအောင်ကြည်သိန်းသည် အောက်တိုဘာလ(၂)ရက်နေ့ နံနက်(၀၈:၃၀)နာရီချိန်တွင် မော်လမြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဖွဲ့စည်းထားသော GREEN-9 ပရဟိတလူငယ်များအား တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲကို ပြည်နယ်ပါတီဥက္ကဌ ၊အတွင်းရေးမှူး၊ ပြည်နယ်ကော်မတီဝင်များ ၊ မော်လမြိုင်ခရိုင်ဥက္ကဌ နှင့် GREEN-9 အဖွဲ့ဝင် ပရဟိတ လူငယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
မုဒုံသား
ပုသိမ်ကြီးတွင် ရပ်/ကျေးပါတီ အစည်းအဝေးကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေးအစည်းအဝေး ၁/၂ဝ၁၆ ကို ယနေ့ နံနက် ၁ဝ နာရီတွင်ပြုလုပ်ရာ ခရိုင်ပါတီကော်မတီဝင် ဦးထွန်းထွန်း၊ မြို့နယ်ဥက္ကဋ္ဌ ဦးဆွေသန်း၊ အတွင်းရေးမှူး ဦးကိုကိုလွင်၊ ဘဏ္ဍာရေးမှူး ဦးဝင်းနိုင်နှင့်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင် ၅၃ ဦး စုစုပေါင်း ၆၅ ဦး တက်ရောက် ခဲ့သည်။
Read moreနေပြည်တော်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တပ်ကုန်းမြို့နယ်ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ
နေပြည်တော်ခရိုင် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ပါတီကော်မတီဝင် များနှင့် တွေ့ဆုံပွဲကို တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ စက်တင်ဘာ (၃၀) ရက် နံနက် ၁ဝ နာရီက ကျင်းပခဲ့သည်။
အခမ်းအနားသို့ နေပြည်တော် ပြည်ထောင်စုနယ်မြေ ပြည်ခိုင်ဖြိုးပါတီ နယ်မြေတာဝန်ခံ ဦးဖေအံ့မောင်၊ နေပြည်တော်ခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် ခရိုင်ကော်မတီဝင်များ၊ တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဇော်မြင့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူးနှင့် စုစုပေါင်းအင်အား ၆ဝ ခန့် တက် ရောက်ခဲ့သည်။
ပြည်မြို့နယ်လုံးဆိုင်ရာ ဆွမ်းဆန်တော်လောင်းလှူပွဲ ပြည်ခိုင်ဖြိုးပါတီ ပါဝင်လောင်းလှူ
ပြည်တောင်တန်းတောရကျောင်းများ ဆန်လှူအသင်းကြီး၏ (၃၅)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲအား အောက်တိုဘာ (၁) ရက်နေ့က ကျင်းပ ပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး (အနောက်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးအောင်၊ စီမံနှင့်ခရိုင်ဥက္ကဋ္ဌ ဦးအောင်ဇော်ဌေး၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဆွေဆွေသင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်တိုးနှင့် ကော်မတီ ဝင်များနှင့် ပါတီဝင် (၇၃) ဦးတို့ ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက်လှူဒါန်းကြသည်။
Read moreမင်္ဂလာတောင်ညွန့်ပြည်ခိုင်ဖြိုးပါတီ ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းဆွေးနွေး
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်လွင်၊ အတွင်းရေးမှူး ဦးဇော်ဝင်း အောင်နှင့်နယ်မြေတာဝန်ခံများသည် ခရိုင်ပါတီကော်မတီဝင် ဒေါ်အိအိလှိုင်နှင့် ရပ်ကွက်အမာခံပါတီဝင်များထံ ကွင်းဆင်း တွေ့ဆုံခဲ့သည်။ စက်တင်ဘာ ၂၉ ရက် ညနေ ၅ နာရီခွဲက ထီးတန်းရပ်ကွက် အမာခံပါတီဝင်များအား မဟာဒုက် ဓမ္မာရုံတွင်တွေ့ဆုံကာ ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
ထိန်ဝင်း(ကြည့်မြင်တိုင်)












