Year: 2025
ပါတီဗဟိုအတိုင်ပင်ခံ ဦးသိန်းဇော်နှင့်ဇနီးဒေါ်မူမူဝင်းမိသားစု ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ သို့ ငွေကျပ် ၁၅ သိန်း လှူဒါန်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးသိန်းဇော်နှင့်ဇနီးဒေါ်မူမူဝင်း မိသားစုက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဧက ၁ဝဝဝ ဝန်ထမ်းအိမ်ရာ အတွင်းရှိ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ၌ ဘိုးဘွားရိပ်သာ ဝေယျာဝစ္စအတွက် ငွေကျပ် ၁၅ သိန်းကို အောက်တိုဘာလ (၅) ရက် နံနက် ၉ နာရီခွဲက လှူဒါန်းခဲ့သည်။

Read more
တမူးပြည်ခိုင်ဖြိုးပါတီဝင်များ လုပ်အားဖြင့်ကုသိုလ်ယူ
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စော်ဘွားရပ်ကွက်မှ ပါတီဝင်အင်အား (၇၀) ဦးခန့်တို့သည် အောက်တိုဘာ (၁) ရက်က တမူးမြို့ နဂါးမင်းသမီးရေကန်သို့ သွားရောက်၌ မြေဖို့ခြင်း၊ သစ်ပင်စိုက်ပျိုးခြင်းနှင့် ရေကန်ပါတ်ဝန်းကျင်၌ အမှိုက်များ ရှင်းလင်းခြင်း လုပ်ငန်းများကို တစ်နေ့တာ သွားရောက်၍ လုပ်အားဒါန ကောင်းမှု့ကုသိုလ်ပြု လုပ်ခဲ့သည်။
Read moreပြည်နယ်အတွင်းရေးမှူး မြို့နယ်ပါတီ တောင်သူ၊ အလုပ်သမား၊ အမျိုးသမီးရေးရာကော်မတီဥက္ကဌ၊ အဖွဲ့ဝင်များနှင့်တွေ့ဆုံ
မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦးသည် ၂၀၁၆ခုနှစ် အောက်တိုဘာလ ၃ရက်နေ့ မွန်းတည့် ၁၂းဝဝ နာရီအချိန်တွင် မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ မွန်ပြည်နယ် ၁၀မြို့နယ်မှ တောင်သူ၊လုပ်သမား၊ အမျိုးသမီးရေးရာကော်မတီ ဥက္ကဌ များ၊ အဖွဲ့ဝင်များ နှင့်တွေ့ဆုံခဲ့ပါသည်။
Read moreဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့အစီအစဉ်တွင် ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်မေးခွန်းမေးမြန်း
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ကို အောက်တိုဘာလ ၃ ရက်နေ့ မနက်တွင် ကျင်းပပြုလုပ်နေပြီး မေးခွန်း(၇)ခု၊ ဥပဒေကြမ်း(၁)ခုနှင့် အဆို(၃)ခုတို့ကို မေးမြန်းသွားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်မွန်မှ ပြည်နယ်အစိုးရအဖွဲ့၏ ကတ်ဗင်နက်(cabinet) အစည်းအဝေး၊ လုံခြုံရေးအစည်းအဝေးနှင့်သက်ဆိုင်သည့် မေးခွန်းအား မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်
Read moreပြည်နယ်ပါတီကော်မတီဝင်များနှင့် အရန်ကော်မတီဝင်များ အစည်းအဝေးပြုလုပ်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ အောက်တိုဘာ(၄)ရက်နေ့ နံနက်(၁)နာရီချိန်မှ စတင်ကာ ပါတီဗဟိုအလုပ်မှုဆောင် ပြည်နယ်ပါတီဥက္ကဌ ဦးအောင်ကြည်သိန်းနှင့် ဗဟိုကော်မတီဝင် ပြည်နယ်အတွင်းရေးမှူး၊ ပြည်နယ်ပါတီကော်မတီဝင်များ၊ အရန် ကော်မတီဝင်များ အစည်းအဝေးပြုလုပ်ခဲ့သည်။

Read more
အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့အထိမ်းအမှတ်အဖြစ် ဘိုကလေး ပြည်ခိုင်ဖြိုး ဒါနကုသိုလ်ပြု
အောက်တိုဘာ (၁) ရက်နေ့ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အဖြစ် ဘိုကလေးမြို့ ဘိုးဘွားချမ်းမြေ့ဓမ္မရိပ်သာ၌ ထာဝရ အလှူရှင်မိသားစုများနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့ ပူးပေါင်းပြီး ဆရာတော်(၅)ပါးကို တစ်ပါးလျှင် ဝါဆိုသင်္ကန်း(၁)စုံ၊ ဝတ္တုငွေ ၂၀၀၀၀ကျပ်စီနှင့် ဆွမ်းများ ဆက်ကပ် လှူဒါန်းခဲ့သည်။
Read more













