Year: 2025
ဗဟိုအလုပ်အမှုဆောင် ဦးသူရိန်ဇော် ဆရာတော်များအား သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် (စီးပွားရေးရာကော်မတီတာဝန်ခံ) ဦးသူရိန်ဇော် သည် အောက်တိုဘာ (၂၃) ရက်နှင့် (၂၄) ရက်နေ့များတွင် ကော့ကရိတ်မြို့နယ်ပေါ်ရှိ မြို့မကျောင်း၊ မင်္ဂလာဇေယျံကျောင်း၊ ကျုံဒိုးမြို့ပေါ်ရှိ ဓမ္မသူခကျောင်း၊ တောင်ပေါ်ကျောင်း၊ ရန်ကုတ်၊ နောင်ဟင်၊ ကော့ပလံ၊ ၀ဲကင်းအံ၊ နောင်လီကျေးရွာများမှ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

Read more
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးသန်းဋ္ဌေးအားမြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး H.E Mr. Andrew Partick မှ လာရောက်တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးသည် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီး H.E Mr. Andrew Partick ဦးဆောင် သည့်ကိုယ်စားလှယ်အဖွဲ့အား အောက်တိုဘာ (၂၆) ရက် မွန်းလွဲ (၁၄း၀၀) နာရီအချိန်တွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမ တွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

Read more
အမျိုးသား (အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲ ပါတီဝင်လူငယ်များ ပါဝင်ဆင်နွှဲ
(၂၅-၁၀၂၀၁၆)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ၂၀၁၆-ခုနှစ်၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး (ဖလား) ကလပ်ပေါင်းစုံ အမျိုးသား(အလွတ်တန်း) ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် တာချီလိတ်ပြည်ခိုင်ဖြိုးပါတီဝင် လူငယ် များနှင့် ပါတီအပေါ် စိတ်ဝင်စားသည့်လူငယ်များမှ စုဖွဲ့၍ Lion Fc အမည်ဖြင့် အသင်းတစ်သင်းအဖြစ်ပါဝင်ကစားသွားမည်ဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီနှင့် NGWE KYAL PHYO CO;LTD Nearamit Contraction ကုမ္ပဏီတို့မှ အသင်းကို Sponsor ပေးထားကြောင်း သိရသည်။

Read more
မြိတ်မြို့နယ်ပါတီဥက္ကဋ္ဌ ကျေးရွာခွဲ အမာခံပါတီဝင်များနှင့်တွေ့ဆုံမှာကြား
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်၊ မြိတ်မြို့နယ်ပါတီဥက္ကဌ ဦးမိုးမြင့် သည် အောက်တိုဘာ (၂၂) ရက် နေ့လည်ပိုင်းက မြို့နယ်ပါတီအတွင်းရေးမှူး ဦးကိုကိုကြီးနှင့် ကော်မတီဝင်များ လိုက်ပါလျက် အင်္ဂမော် ကျေးရွာအုပ်စုရှိ ကျေးရွာစည်းရုံးမှူးနှင့် ကျေးရွာခွဲပါတီဝင်အား ကွင်းဆင်းသွားရောက် တွေ့ဆုံခဲ့သည်။

Read more
“အစိမ်းရောင်တွဲလက်များ” လူငယ်အဖွဲ့ ဖွဲ့စည်းခြင်း၊ တွေ့ဆုံမိတ်ဆက်ပွဲ ပြုလုပ်
သထုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ မြို့ပေါ်နှင့် ရပ်ကွက်/ကျေးရွာအသီးသီးမှ လူငယ်များစုစည်း၍ ” “အစိမ်းရောင်တွဲလက်များ” လူငယ်အဖွဲ့ ဖွဲ့စည်းခြင်းနှင့် တွေ့ဆုံ မိတ်ဆက်ပွဲ အခမ်းအနားကို အောက်တိုဘာလ (၂၅) ရက် နံနက် (၁၁) နာရီအချိန်တွင် သထုံမြို့နယ် ပြည်ခိုင်ဖြိုးရုံး၌ ကျင်းပခဲ့သည်။

Read more
ကြားဖြတ်ရွေးကောက်ပွဲတွင် အိမ်တိုင်ရာရောက်စနစ်ဖြင့် မဲစာရင်းကောက်ယူမည်
လာမည့် ၂၀၁၇ခုနှစ်၊ ဧပြီလ ၁ရက်နေ့တွင် ကျင်းပရန်ရှိနေသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လွတ်လပ်၊ မျှတပြီး ပွင့်လင်းမြင်သာမှုရှိရှိ ကျင်းပသွားမည်ဖြစ်သလို မဲစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် အိမ်တိုင်ရာရောက်(Door to Door) စနစ်ဖြင့် စာရင်းကောက်ယူသွားမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲက်ေမရှင်ဥက္ကဌ ဦးလှသိန်းက ပြောကြားလိုက်သည်။ (more…)
Read more











