ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကိုလံဘီယာသမ္မတဟောင်းအား လက်ခံတွေ့ဆုံ

 14947653_449488268559639_6011818488978331906_n

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ကိုလံဘီယာသမ္မတ နိုင်ငံမှ သမ္မတဟောင်း H.E.Mr. Andres Pastrana အား ၂ဝ၁၆ ခုနှစ် နိုဝင်ဘာ ၂ရက်နေ့ ညနေ ၄နာရီတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ဒီမိုကရေစီစနစ် ရှင်သန်ဖြစ်ထွန်းရေးနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲတွင် ဥက္ကဋ္ဌနှင့်အတူ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

Read more

အင်ပင် ဟင်္သာတဇလွန်မြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ပါတီဥက္ကဋ္ဌဦးသန်းဌေး တွေ့ဆုံ

14955775_449368971904902_1954440884553768411_n

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်သောအဖွဲ့သည် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ အင်ပင် မြို့နယ်၊ ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ ပါတီဝင်များ၊ ရပ်ဖိရပ်ဖများနှင့် ယမန် နေ့က တွေ့ဆုံသည်။

Read more

Bullet ဂျာနယ် ထုတ်ဝေသူ ဦးလှဆွေမှ ပြည်ခိုင်ဖြိုးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်ရီ အား “အတိုက်အခံဆိုတဲ့ Definition ကို ဘယ်လိုဖွင့်ဆိုမလဲ။ ကြံ့ခိုင်ရေးပါတီအနေနဲ့ အခု ပုဂံဘုရားတွေ လုပ်အားပေးတာတို့ ရေကြီးရေလျှံ တာလုပ်အားပေးတာတို့လောက်ပဲ လုပ်မှာလား။ လူမှုရေးပဲအားသန်ပြီး လုပ်တော့မှာလား၊ နိုင်ငံရေးအားဖြင့်ရော အတိုက်အခံအနေနဲ့ ဘယ်လိုရပ်တည်သွားမလဲဆိုတာ သိပါရစေ” ဟု မေးမြန်းချက်အား ဦးခင်ရီမှ ပြန်လည် ဖြေကြားချက်

တရားဝင်မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီတွေမှာတော့ နှစ်ပိုင်းရှိတယ်။ လက်ရှိအာဏာရပါတီ Ruling Party ခေါ်တာပေါ့။ အတိုက်အခံပါတီ Opposite Party ခေါ်တာပေါ့။ အဲတော့ Opposite အတိုက်အခံရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ကတော့ အဘိဓာန်တွေမှာ အတိုက်အခံပြုခြင်း၊ ဆန့်ကျင်ခြင်း ဒီလိုခေါ်တာပေါ။ ကျွန်တော်တို့ရဲ့ အတိုက်အခံကျတော့ ကျွန်တော်တို့ပါတီကတော့ လက်ရှိအတိုက်အခံပါတီအနေနဲ့ ရပ်တည်နေတာပေါ့။ ကျွန်တော်တို့ရဲ့ အတိုက်အခံပါတီကျတော့ အရာအားလုံးကို လိုက်ပြီးတော့ ဆန့်ကျင်တာမဟုတ်ဘူး။ သူလုပ်သမှ၊ အာဏာရပါတီလုပ်သမျှ မကောင်းမြင်တဲ့စိတ်နဲ့ အရာအားလုံးကို ဆန့်ကျင်နေမှာမဟုတ်ဘူး။ တူရာတူရာ ကောင်းတာဆို ကျွန်တော်တို့အားပေးမယ်။ ပူးပေါင်းဆောင်ရွက်မယ်။ မတူတာတွေရှိမယ်။ နိုင်ငံအတွက် အကျိုး မပြုတာတွေရှိမယ်။ သွေဖည်သွားတယ်ဆိုရင်တော့ ကျွန်တော်တို့မှာ လုပ်မယ့်လုပ်ငန်းစဉ်တွေ ရှိတယ်။

13259995_1772449556299849_4056879731612638617_n

(more…)


Read more

ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာအားလုံး ပြည်ခိုင်ဖြိုးပါတီ ဝင်ပြိုင်မည်

၂ဝ၁၇ ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လစ်လပ်နေရာအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာ ကျော်ကျော်ဌေးက ပြောသည်။

tin4

(more…)


Read more

ပြင်ဦးလွင်ခရိုင်ပြည်ခိုင်ဖြိုးပါတီမှ ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေးဆွေးနွေးပွဲ ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ (အောက်တိုဘာ ၂၈ ရက်) နံနက် (၈) နာရီအချိန်က ကျင်းပပြုလုပ်ရာ ပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့် တက်ရောက်၍ အဖွင့်ဦးဆောင်ဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးမြတ်သူမှ ဆွေးနွေးပွဲနှင့်ပတ်သည်များကို ရှင်းလင်းပြောကြားခဲ့သည်။

14680546_562974467233627_7269736717729666228_n

(more…)


Read more

NLD အစိုးရ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပေါ်ရန် လုံးပန်းနေရဆဲဟု ဦးခွန်ထွန်းဦး ပြောကြား

ပြည်သူရွေးချယ်ပေးသော NLD ပါတီ အစိုးရအဖွဲ့သည် ယနေ့အချိန်ထိ အပြောင်းအလဲ ကြီးကြီးမားမားဖြစ်ပေါ်ရန် လုံးပန်းနေရဆဲဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောကြားသည်။

5nrn0g

(more…)


Read more

ဗဟိုကော်မတီဝင်နှင့်အဖွဲ့ ရပ်ကွက်ပါတီခေါင်းဆောင်များ၊ ပါတီအမျိုးသမီးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပါတီ ကော်မတီဝင် ဒေါ်တင်မေထွန်း ဦးဆောင်၍ တာချီလိတ်ခရိုင်ပါတီဥက္ကဌ ဦးဘိုစံ၊ ခရိုင်ပါတီကော်မတီဝင်ဦးဝေယံဦး (ဘဏ္ဍာရေးမှူး)၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်အတွင်းရေးမှူး ဦးစိုင်းလုံ၊ မြို့နယ်ပါတီကော်မတီဝင် ဦးအောင်ဝင်း (မြို့နယ်ဘဏ္ဍာရေးမှူး) ဦးစိုးကျော်အောင်၊ မြို့နယ်(အရံ)ကော်မတီဝင် ဦးခင်မောင်လွင်၊ ဦးဘိုဘိုမောင်တို့သည် အောက်တိုဘာ (၂၆) ရက် နံနက် (၉) နာရီခွဲအချိန်က တာချီလိတ် ခရိုင်/မြို့နယ်ပါတီရုံး၌ ပုန်းထွန်၊ ၀မ်ကောင်း၊ မကာဟိုခမ်းရပ်ကွက် ပါတီခေါင်းဆောင်၊ ဒု-ခေါင်းဆောင်များ၊ ပါတီအမျိုးသမီးအဖွဲ့များနှင့် တွေ့ဆုံ၍ ပါတီရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းအသေးစိပ်များကို ရပ်ကွက်အလိုက် ဖွဲ့စည်းမည့် ပါတီကဏ္ဍများကို ဆွေးနွေးခဲ့သည်။

14856167_692837807558451_3590120121914683424_o

(more…)


Read more

သန်လျင်ပြည်ခိုင်ဖြိုးပါတီ ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ လှူဒါန်းငွေအား သွားရောက်လှူဒါန်းပူဇော်

thanlyin1

အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန် (နိုင်ငံတော်သမ္မတ-ငြိမ်း) ၏ ရာဇသင်္ဂဟ ဖောင်ဒေးရှင်း အစီအစဉ်ဖြင့် အသက်တစ်ရာကျော် သက်ကြီးဘိုးဘွားများအား လိုက်လံဂါဝရပြု ကန်တော့လျက်ရှိရာ အောက်တိုဘာ (၂၅) ရက်က သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးကျော်မင်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ကျေးရွာပါတီစည်းရုံးရေးမှူးနှင့် အမှုဆောင်အဖွဲ့များမှ သန်လျင်မြို့နယ် ဖားကူး အရှေ့ကျေးရွာရှိ ပုပ္ပါရုံကျောင်းတိုက်ဆရာတော် သက်တော် (၁၀၆) နှစ်ထံသို့ သွားရောက်၍ ငွေကျပ် နှစ်သိန်း တိတိနှင့် ရာဇသင်္ဂဟဖောင်ဒေးရှင်၏ ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို ဆရာတော်ကြီး၏ ကိုယ်စား တိုက်အုပ် ဆရာတော်အား ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

မာန်အောင်ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပါတီလုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေး

ရခိုင်ပြည်နယ်၊ မာန်အောင်မြိုနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ပြည်နယ်အရံကော်မတီဝင်များ၊ ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ကော်မတီဝင်များနှင့် ရပ်/ကျေး ခေါင်းဆောင်များ အောက်တိုဘာ (၂၆) ရက်က တွေ့ဆုံ၍ အစည်းအဝေးပြုလုပ်ခဲ့သည်။

4

(more…)


Read more

ပုသိမ်ကြီးပြည်ခိုင်ဖြိုးပါတီ ပုံမှန်အစည်းအဝေးကျင်းပ

ပုသိမ်ကြီးမြို့နယ် မြို့နယ်နှင့် ရပ်/ကျေးပါတီဝင်များ ပုံမှန်အစည်းအဝေးကို မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ အောက်တိုဘာ (၂၅) ရက် နံနက် ၁ဝ နာရီက ကျင်းပရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဆွေသန်း၊ အတွင်းရေးမှူး ဦးကိုကိုလွင်၊ ဘဏ္ဍာရေးမှူး ဦးဝင်းနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီအဖွဲ့ဝင်များအင်အား ၈၁ ဦး တက်ရောက်ခဲ့ကြ သည်။

pathein-gyi

(more…)


Read more