ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး ဟင်္သာတမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံ အမျိုးသမီး ရေးရာ အဖွဲ့ချုပ်နာယက ဒေါ်နီနီဝင်းတို့သည် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးညွန့်လှိုင်၊ အလုပ်အမှုဆောင်များနှင့်အတူ ယခုလ ၁ဝ ရက် နံနက် ၉ နာရီခွဲတွင် ဟင်္သာတမြို့ လက်သမား ရပ်ကွက်အတွင်းရှိ ပတ္တမြားကျောင်း တိုက်သို့ရောက်ရှိပြီး ပဓာနနာယကဆရာတော် အဘိဓဇမဟာ ရဋ္ဌဂုရု အဂ္ဂ မဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တစရိယဝံသအား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ဖူးမြော်ကြည်ညိုသည်။

u-htay-oo

(more…)


Read more

ဗဟိုအတိုင်ပင်ခံ ဦးဥာဏ်ထွန်းအောင် ချောင်းဆုံမြို့နယ်ပါတီဝင်များနှင့် တွေ့ဆုံ

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအတိုင်​ပင်​ခံ ဦးဥာဏ်​ထွန်း​အောင်​မှ နိုဝင်​ဘာ(၁၃)ရက်​​နေ့ နံနက်​(၁၀း၃၀) အချိန်​တွင်​ ​ချောင်းဆုံမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီ အစည်းအ​ဝေးခန်းမ၌ ပြည်​ခိုင်​ဖြိုးပါတီ ဥက္ကဌ၊ အတွင်း​ရေးမှူး၊ မြို့နယ်​ပါတီ​ကော်​မတီဝင်​များ၊ ရပ်​/​ကျေးစည်းမှူးတို့အား ​တွေ့ဆုံခဲ့သည်​။

 

14947786_1698264290486085_7176780774813301707_n

(more…)


Read more

ရခိုင်ရိုးရာအစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်းဆင်ယင်ကျင်းပသည့် တန်းဆောင်မုန်းလပြည့်နေ့ ဆွမ်းတော်ကြီး လောင်းလှူပွဲတွင် ပြည်နယ်ပြည်ခိုင်ဖြိုးပါတီမှ အစဉ်မပျက် ပါဝင်လှူဒါန်း

15095520_673288039513278_2636240844508024733_n

Read more

ဗဟိုကော်မတီဝင်နှင့်အဖွဲ့ ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးသိန်းဇော်အား အမှူးထား၍ ပါတီဗဟိုကော်မတီဝင် ဦးကျော်စိုးလေးနှင့် ကော်မတီဝင်များက နိုဝင်ဘာလ (၁၂)ရက်နေ့တွင် မိုးညှင်းမြို့နယ် ဟိုပင်ဒေသ မြို့သစ် ကလေးကျေးရွာအုပ်စု မြေနုကျေးရွာ ရာပြည့်ကျောင်းဆရာတော် ဘဒ္ဒန္တပညောဘာသ အရှင်သူမြတ်အား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။

moe-hnyin1

(more…)


Read more

ကျောက်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကျေးလက်နေ အမျိုးသမီးထုအား ဗဟုသုတတိုးပွားရန်ရည်ရွယ်၍ အသိ ပညာပေး တွေ့ဆုံဟောပြော

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသမီး အခွင့်အရေးဆိုင်ရာ ဥပဒေများနှင့် ကလေးသူငယ်ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအား ကျေးလက်နေ အမျိုးသမီးထုအား ဗဟုသုတ တိုးပွားရန်ရည်ရွယ်၍ အသိပညာပေး တွေ့ဆုံဟောပြောခဲ့သည်။

kyauk-phyu2

(more…)


Read more

ရသေ့တောင်မြို့နယ် ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ရသေ့တောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ (၁၂) ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။

14956550_672809182894497_4419122727087645365_n

(more…)


Read more

ဒဂုံမြို့သစ်(အရှေ့ပိုင်း)ပြည်ခိုင်ဖြိုးပါတီ စုပေါင်းမဟာဘုံကထိန်အလှူပွဲ ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ပါတီကော်မတီမှ ဦးဆောင်၍ (သတ္တမ) အကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အလှူပွဲကို နိုဝင်ဘာ (၁၃) ရက်  နံနက် ၉ နာရီခွဲတွင် မြို့နယ်ပါတီရုံး၌ ကျင်းပခဲ့သည်။

dagon

(more…)


Read more

ပြည်ခိုင်ဖြိုးပါတီဌာနချုပ် မိသားစုဝင်များ စုပေါင်းကထိန် ပဒေသာပင်များ လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် မိသားစုဝင်များ ပြုလုပ်သည့် စုပေါင်းကထိန် ပဒေသာပင်များ လှူဒါန်းပွဲကို နိုဝင်ဘာ (၁၂) ရက်နှင့် (၁၃) ရက်နေ့တို့တွင် ပါတီ ဌာနချုပ်နေပြည်တော်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

hq

(more…)


Read more

မောင်တောဒေသလုံခြုံရေး တာဝန်ယူထားသည့် တပ်ဖွဲ့ဝင်များနှင့် နေရပ်စွန့် ဒေသခံများသို့ ပခုက္ကူခရိုင် ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်း

ပခုက္ကူခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းထွန်း၏ ဦးဆောင်မှုဖြင့် ပခုက္ကူ၊ ဆိပ်ဖြူ၊ ရေစကြို၊ မြိုင်၊ ပေါက် ငါးမြို့နယ် ပြည်ခိုင်ဖြိုးပါတီတို့မှ ရခိုင်ပြည်နယ် မောင်တောတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ကူညီထောက်ပံ့ရန်လိုအပ်သော တိုင်းရင်းသားများအတွက် အလှူငွေနှင့် ပစ္စည်းများပေးအပ်သည့် အခမ်းအနားကို ယခုလ ၁၂ ရက် မွန်းလွဲ ၁ နာရီခွဲက ပခုက္ကူမြို့ ပြည်သာယာခန်းမတွင် ကျင်းပသည်။

pkk3pkk4
(more…)


Read more

ရွာဦးအခြေခံပညာ အထက်တန်းကျောင်း (ခွဲ)ကျောင်းဆောင်သစ်ဖွင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်

ဂျပန်နိုင်ငံအစိုးရ၏ ၂ဝ၁၅ခုနှစ် အသေးစားစီမံကိန်းများ ထောက်ပံ့ရေး (GGP) အစီအစဉ်အရ ဂျပန်အစိုးရနှင့် ပြည်သူတို့၏ထောက်ပံ့ငွေဖြင့် ဆောက်လုပ်လှူဒါန်းသော ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့နယ် လိပ်ချောင်း ကျေးရွာအုပ်စု ရွာဦးအခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာ (၉) ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် အဆိုပါကျောင်း၌ပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး၊ ဟင်္သာတမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရီ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိန်ဝင်း၊ ဧရာဝတီတိုင်း ဒေသကြီးမဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ အတွင်းဝန် Mr.Kasia Yoshi Manasa နှင့် တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအမ်ဘရိုစ့်၊ ဟင်္သာတ ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအသင်း အဖွဲ့များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

uho4

(more…)


Read more