ဘာစီလိုနာအိုးပင်း တင်းနစ်ဗိုလ်လုပွဲ နာဒဲ ဗိုလ်စွဲ

Rafael Nadal of Spain bites the Barcelona Open trophy after defeating Kei Nishikori of Japan in Barcelona, Spain, April 24, 2016. REUTERS/Albert Gea

 

ဘာစီလိုနာ အိုးပင်း တင်းနစ်ဗိုလ်လုပွဲမှာ နာဒဲ (Rafael Nadal) က လက်ရှိချန်ပီယံ နစ်ရှီကိုရီ (Nishikori) ကို ၆-၄၊ ၇-၅ နဲ့ အနိုင်ယူပြီး ချန်ပီယံသရဖူကို အရယူလိုက်ပါတယ်။

အရင်လကပဲ မွန်တီကာလို (Monte Carlo) ဖလား ရရှိထားတဲ့ အသက် ၂၉ နှစ်အရွယ် စပိန်တင်းနစ်သမား နာဒဲအတွက် နောက်ထပ် ချန်ပီယံဆုတခု ဖြစ်လာပါတယ်။

Read more

ကျိုက်ပေါလော မှဲ့ရှင်တော်ဘုရား ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျိုက်ထိုပြည်ခိုင်ဖြိုးပါဝင် ဆင်နွှဲ

usdp KTO1

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ကျိုက်ပေါလောမှဲ့ရှင်တော်ဘုရားတွင် ဧပြီလ (၁၇) ရက်နေ့က ကျင်းပ ပြုလုပ်သော ဆွမ်းဆန်တော် လောင်းလှူပွဲ၌ ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် လူငယ်များမှ  သံဃာတော် အပါး(၁၀၀၀)အား ဆွမ်းဆန်တော်များ သွားရောက် လောင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။

Usdp Kyaikhto

Read more

ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းလိုင်စင် ပဏာမစာရင်းဝင် ပြည်ပမိတ်ဖက်ကုမ္ပဏီ Viettel က မြန်မာနိုင်ငံတွင် ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟုဆို

ပြည်တွင်း၌ စတုတ္ထမြောက်ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းလိုင်စင်အတွက် ပဏာမ ရွေးချယ်စာရင်းတွင် ပါဝင်သော ပြည်ပမိတ်ဖက် ကုမ္ပဏီအဖြစ် ရွေးချယ်ခံထားရသည့် ဗီယက်နမ် ဆက်သွယ်ရေး Viettel ကုမ္ပဏီက မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း နိုင်ငံတကာ သတင်းဌာနတစ်ခုဖြစ်သည့် www. capacitymedia. com တွင် ဧပြီ ၁၉ ရက်ဖော်ပြချက်အရ သိရသည်။

Read more

ဒဂုံအရှေ့ ပြည်ခိုင်ဖြိုး အန္တရာယ်ကင်း ပရိတ်တရားတော်နာကြား

DG3

မြန်မာနှစ်ဆန်းတစ်ရက်နေ့ (ဧပြီလ ၁၇) ရက်နေ့ ညနေ(၅) နာရီ (၂၀) မိနစ်အချိန်က ဒဂုံမြို့သစ် (အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးဝန်းအတွင်း အန္တရာယ်ကင်း ပရိတ် တရားတော်များနာကြားခဲ့ကြသည်။

Read more

ဘိုကလေးပြည်ခိုင်ဖြိုးရဲ့ နှစ်သစ်ကူးကုသိုလ်ပြု ဆောင်ရွက်မှု

12998578_761681100633051_6956497180526025956_n

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ  အတွင်းရေးမှူး ဦးမြသိန်းနှင့် ရပ်မိရပ်ဖ ဦးသိန်းအောင် ဦးဆောင်၍ ပါတီဝင် အမျိုးသမီးရေးရာ အဖွဲ့များနှင့် လူငယ်အမာခံများ စုပေါင်းကာ ဧပြီလ (၁၉) ရက်နေ့က ဘိုးဘွားချမ်းမြေ့ဓမ္မရိပ်သာ၌ အဘိုအဘွား (၃၃)ဦး အတွက် တကိုယ်ရည် သန့်ရှင်းမှုနှင့် တစ်နေ့တာ အစားအသောက် အချိုပွဲများ၊ ရိပ်သာအတွက် တရက်စာ လျှပ်စစ်မီးအလှူဒါနပြုလုပ်ခဲ့ကြောင်း သိရသည်။

Read more

လျှပ်စစ်ဥပဒေ

လျှပ်စစ်ဥပဒေ
(၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၄။)
၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၅ ရက်
(၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း(၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်
၁။
ဤဥပဒေကို လျှပ်စစ်ဥပဒေဟု ခေါ်တွင်စေရမည်။
Read more

အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ

အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ
(၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၁။)
၁၃၇၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်
(၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း(၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်
၁။
ဤဥပဒေကို အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေဟု ခေါ်တွင်စေရမည်။
Read more

ပင်လယ်ရပ်ခြား ငွေစုစာရင်းကနေ အကျိုးအမြတ် ရခဲ့ကြောင်း ဗြိတိသျှ ဝန်ကြီးချုပ် ပြော

ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် ရဲ့ ကွယ်လွန်သူ ဖခင် ဟာ ပင်လယ်ရပ်ခြားမှာ ငွေကြေးတွေ သိမ်းဆည်း ခဲ့တယ် ဆိုတာ ကို ပနားမား စာရွက်စာတမ်း ပေါက်ကြားမှု ကနေ ထွက်ပေါ် လာခဲ့ တဲ့ နောက် အခုဆိုရင် ဝန်ကြီးချုပ် ကင်မရွန် က သူ့ အနေနဲ့ အဲဒီ့ ငွေကြေးတွေ ကနေ အကျိုးကျေးဇူး ရှိခဲ့တယ် ဆိုတဲ့ အချက် အပေါ်မှာ အသိအမှတ်ပြု ပြောဆို လိုက်ပါတယ်။

Read more

ပနားမား ငွေကြေးစနစ် ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးမည်

ကမ္ဘာတလွှား သြဇာကြီးသူတွေ၊ ကျော်ကြားသူတွေနဲ့ နိုင်ငံရေး သမားအများအပြားရဲ့ လျို့ဝှက် ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို ဖွင့်ချလိုက်တဲ့ Panama Papers – ပနားမား စာရွက်စာတမ်း အရှုပ်တော်ပုံကြီး ပေါ်ပေါက်လာမှု အတွင်း ပနားမား နိုင်ငံ ရဲ့ ငွေကြေးဆိုင်ရာ လုပ်ပုံလုပ်နည်းတွေကို ပြန်လည် သုံးသပ်ဖို့ အတွက် အစိုးရက လွတ်လပ်တဲ့ ကော်မရှင်တခု ဖွဲ့စည်းမယ်လို့ သမ္မတ Juan Carlos Varela က ပြောဆိုလိုက်ပါတယ်။

Read more