တာဝန်ပေးအပ်ရုံဖြင့် ခေါင်းဆောင် မဖြစ်နိုင်

“ခေါင်းဆောင်ဟူ၍ အကြီးအကဲဟူ၍ တာဝန်ပေးခန့်အပ်လိုက်ရုံဖြင့် ခေါင်းဆောင်မဖြစ်နိုင်သေး ကြောင်း၊ တာဝန်အရ ၀တ်ကျေတန်းကျေ ထမ်းဆောင်မည့် ခေါင်းဆောင်မျိုးမဟုတ်ဘဲ မိမိတွင် တာဝန်ရှိသည်ဟူသော အသိစိတ်ဓာတ်ဖြင့် စေတနာပါပါ၊ ကျွမ်းကျွမ်းကျင်ကျင်၊ ထိထိရောက် ရောက်၊ ရည်မှန်းချက်တာဝန်ကို ပြတ်ပြတ်သားသား ပြီးမြောက်အောင် ဆောင်ရွက်နိုင်တဲ့ စွမ်းပကားရှိရန် အထူးလိုအပ်ကြောင်း” ဧပြီ(၂၅)ရက်က မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပပြုလုပ်သော မိုးညှင်းပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ နယ်မြေတာဝန်ခံ ဦးကျော်စိုးလေးက ပြောကြားခဲ့သည်။
Read more













