ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး စဥ့်ကိုင်မြို့နယ်အတွင်းရှိ မိုးသီးကြွေ၊ လေပြင်းတိုက်ခတ်ခြင်း များကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ပြည်သူများ အတွက် အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

DSC_0047

Read more

ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူးနှင့်အဖွဲ့ သဘာဝဘေးဒဏ်သင့် မွေတော်ကက္ကူ ဘုရားများတွင် လုပ်အားဒါနပြုသူများအား သွားရောက်အားပေးစကားပြောကြား

13062123_498748213651171_576613478690460360_n

13083189_498748193651173_1557178542254410092_n

ရှမ်းပြည်နယ်တောင်ပိုင်း ကျောက်တစ်လုံးကြီးမြို့နယ်ခွဲရှိ ရှေးဟောင်းသမိုင်းဝင် မွေတော်ကက္ကူ ဘုရားများ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးမှုများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းနှင့် ဗဟိုအလုပ်အမှုဆောင်များ ရှမ်းပြည်နယ် ပါတီဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်နှင့် ပြည်နယ်ပါတီကော်မတီဝင်များက သွားရောက်ကြည့်ရှု၍ သန့်ရှင်းရေးအတွက် လုပ်အားဖြင့် ပါဝင်ကုသိုလ်ပြုနေကြသော ပါတီဝင်များ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များကို အားပေးစကားပြောကြားကာ ပအိုဝ့်အမျိုးသား ခေါင်းဆောင်ကြီး အဘ ဦးအောင်ခမ်းထီ ထံသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

သံတွဲမြို့နယ်ပါတီကော်မတီအစည်းအဝေး ကျင်းပ

သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီ အစည်းအဝေးကို ယနေ့ ဧပြီလ (၂၇) ရက် နနံက်(၉)နာရီက မြို့နယ်ပါတီရုံး၌ ကျင်ပးပြုလုပ်ခဲ့ရာ ပြည်နယ်ပါတီ ကော်မတီဝင် ဦးတင်မောင်သန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစန်းနိင်၊ မြို့နယ်ပါတီအတွင်းရေးမှူး၊ ဦးကြည်ရွှေနှင့် ပါတီကော်မတီများ တက်ရောက်တက်ရောက်ခဲ့ကြပြီး ရပ်/ကျေးပါတီကေဒါများ ရွေးချယ်ရေးကော်မတီ ဖွဲ့စည်းခြင်း၊ ရပ်/ကျေးကေဒါများ ရွေးချယ်ခြင်း၊ မြို့နယ်ပါတီညီလာခံ ကိုယ်စားလှယ် ရွေးချယ်ခြင်းတို့ကို ညှိနိင်းဆွေးနွေခဲ့ကြကြောင်း သိရသည်။

Read more

ပြည်နယ်ပါတီကော်မတီဝင်နှင့်အဖွဲ့ ပါတီလုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပါတီကော်မတီဝင် ဒေါ်တင်မေထွန်းနှင့် ပြည်နယ်အဖွဲ့များက ဧပြီလ (၂၆) ရက်က မိုင်းပျဉ်းမြို့နယ် အမျိုးသမီးအဖွဲ့ များနှင့် တွေ့ဆုံခြင်းကို မိုင်းပျဉ်းမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရှိရပါသည်။

တွေ့ဆုံပွဲပြီးနောက် ပြည်နယ်ပါတီကော်မတီဝင် ဦးစိုင်းဟွမ်နွဲ့မှ မြို့နယ်ပါတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များဖြင့် ထပ်မံတွေ့ဆုံပြီး ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ အမျိုးသမီးအဖွဲ့များ ကျစ်လစ် ခိုင်မာစွာ ဖွဲ့စည်းရေး၊၊ မီဒီယာလုပ်ငန်းများကို ဂရု့စိုက်ဆောင်ရွက်ရေးများကို ဆက်လက်ဆွေးနွေး ခဲ့ကြောင်း သိရှိရပါသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး တံတားဦးမြို့နယ်အတွင်း မိုးသီးကြွေကျခြင်း၊ လေပြင်း တိုက်ခတ်ခြင်းများကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ပြည်သူများအတွက် အလှူငွေနှင့် ထောက်ပံ့ ပစ္စည်းများ ပေးအပ်လှူဒါန်း

????????????????????????????????????

ပြည်ထောင်စုကြံ့ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ဧပြီလ (၂၅) ရက်နေ့ နံနက် (၉) နာရီ (၁၅)မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးရဲမြင့်၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး(ငြိမ်း) ဒုတိယဗိုလ်ချုပ်ကြီး အုန်းမြင့်(ငြိမ်း)၊ မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဝင်းမောင်၊ အလုပ်အမှုဆောင် ဦးသန်းထွန်း၊ ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီခေတ္တ အတွင်းရေးမှူး ဒေါ်သိင်္ဂီအောင်နှင့် အလုပ်အမှုဆောင်များ၊ တံတားဦးမြို့နယ် အတွင်းရေးမှူး ဦးဝင်းမင်းထွန်းနှင့် အလုပ်အမှုဆောင်များနှင့်အတူ ဧပြီလ (၂၂)ရက်နေ့က မိုးသီးများ ကြွေကျခြင်း၊ လေပြင်းများတိုက်ခတ်ခြင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့သော တံတားဦးမြို့နယ် သဲမောင်းကန်ကျေးရွာ ရှိ အလင်းတန်းပရဟိတ လူမှုကူညီရေးအသင်းဓမ္မာရုံသို့ ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

Read more

စစ်တွေပြည်ခိုင်ဖြိုး ယဉ်ကျေးလိမ္မာသင်တန်းဖွင့်

Sittwe2

စစ်​​တွေမြို့နယ်​ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီး​ရေးရာလှုပ်​ရှားမှုအဖြစ်​ ဧပြီလ (၂၅) ရက်နေ့ ​နေ့လည်​ (၁၁) နာရီအချိန်​က ​ရေချမ်းပြင်​ကျေးရွာ မူလွန်​​ကျောင်းတွင်​ ယဉ်​​ကျေး လိမ္မာသင်​တန်းဖွင့်​လှစ်​ခဲ့သည်​။

အဆိုပါသင်​တန်းဖွင့်ပွဲသို့ စစ်​​တွေမြို့ပညာ​လောကအဘိဓမ္မာသင်​တန်းမှ နာယကကြီး ဗိုလ်​မှူးထွန်း​အောင်​​ကျော် (ငြိမ်း) နှင့်​ တာဝန်​ရှိသူများ သင်​တန်းနည်းပြ ဆရာဆရာမများ ရပ်​မိရပ်​ဖများ သင်​တန်းသား (၁၀၀) ဦးနှင့်​ စုစု​ပေါင်း အင်​အား (၁၅၀) ဦးခန့်​ တက်​​ရောက်​ခဲ့ကြပြီး သင်​တန်းအား (၅) ရက်​တိုင်​တိုင်​ ဖွင့်​လှစ်​မည်​ဖြစ်သည်။

Read more

ဖျာပုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ရပ်/ကျေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဖျာပုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးအစည်းအဝေးခန်းမ၌ ဧပြီလ (၂၅) ရက် မွန်းတည့် ၁၂နာရီတွင် မြို့နယ် ရပ်/ကျေးပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပရာ အစည်းအဝေးသို့ မြို့နယ်ပါတီနာယက ဦးဝင်းမြင့်၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးစိုးမိုးအောင်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက် ကျေးရွာ ၇၅ အုပ်စုမှ စည်းရုံးရေးမှူးများ အင်အား (၈၅) ဦးခန့် တက်ရောက်ခဲ့သည်။

Read more

နွားထိုးကြီးပြည်ခိုင်ဖြိုးပါတီနှင့် တိုင်းဒေသကြီး အလုပ်အမှုဆောင်တွေ့ဆုံ

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အလုပ်အမှုဆောင် နယ်မြေတာဝန်ခံ ဦးအောင်ဇံသည် ဧပြီ (၂၅) ရက်နေ့က နွားထိုးကြီး ပြည်ခိုင်ဖြိုးပါတီရုံးသို့ ရောက်ရှိလာပြီး မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုးနိုင်ဝင်းနှင့် စည်းရုံးရေးနယ်မြေ ၁၂ ခုမှ စည်းရုံးရေးကော်မတီဝင် မြို့နယ် အလုပ်အမှုဆောင် များနှင့် တွေ့ဆုံသည်။

မန္တလေးတိုင်းဒေသကြီး အလုပ်အမှုဆောင်ဦးအောင်ဇံက ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် စည်းရုံး လှုပ်ရှားရေး၊ စည်းရုံးရေးလုပ်ငန်းများ ပိုမိုအရှိန်မြှင့်တင် ဆောင်ရွက်သွားကြရန်မှာကြားခဲ့ကြောင်း သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီ (၂၆)ကြိမ်မြောက်၊ အပြည်ပြည်ဆိုင်ရာ အာရှနိုင်ငံရေး ပါတီများ ကွန်ဖရင့်တက်ရောက်ပြီး အင်ဒိုနီးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးခင်ရီနှင့် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း တို့သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ၂ဝ၁၆ခုနှစ် ဧပြီလ(၂၂)ရက်နေ့မှ (၂၄)ရက်နေ့ အထိ ကျင်းပပြုလုပ်သည့် (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အာရှနိုင်ငံရေးပါတီများကွန်ဖရင့် အမြဲတမ်းကော်မတီ ( ICAPP Standing Committee)နှင့် ပထမအကြိမ် ICAPP COPPAL နှင့် CAPP အဖွဲ့အစည်းများ၏ (၃)ပွင့်ဆိုင် အစည်းအဝေးအခမ်းအနားသို့ တက်ရောက်ရန်အတွက် ဧပြီလ(၂၁)ရက်နေ့၊ ညနေ (၅)နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဘန်ကောက်လေကြောင်း လိုင်းအမှတ် SQ-962N ဖြင့် ထွက်ခွာသွားခဲ့ပြီး အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီးစီးပြီး ဧပြီလ(၂၅)ရက်နေ့ နေ့လည် (၁၁း၁၅) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဘန်ကောက်လေကြောင်း လိုင်းအမှတ် SQ-957N ဖြင့် ပြန်လည်ရောက်ရှိလာရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံး နိုင်ငံခြားရေးရာဌာနမှ ဒုတိယဌာနမှူး ဦးဆွေဝင်းနှင့် တာဝန်ရှိသူများမှ သွားရောက် ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။

Read more