My Ooredoo App ဗားရှင်းသစ် စတင်ရယူနိုင်

My Ooredoo Application ဗားရှင်းအသစ်ကို ရယူနိုင်ပြီဖြစ်ကြောင်း Ooredoo Myanmar မှ သတင်း ထုတ်ပြန်သည်။ အဆိုပါ Version 2.0 ကိုအသုံးပြု၍ မိမိ၏ ကိုယ်ပိုင်အကောင့်ကို လိုအပ်သလို စီမံခြင်း၊ ငွေဖြည့်သွင်းခြင်း၊ ငွေလွှဲခြင်း၊ တယ်လီဖုန်းပြောဆိုမှု၊ အင်တာနက်အသုံးပြုမှု အစရှိသည်တို့ ဆောင်ရွက်နိုင် မည်ဖြစ် သည်ဟု သိရသည်။ ယင်းအပြင် မိမိကြိုက်နှစ်သက်ရာ ဆင်းမ်ကတ်နံပါတ်အလှကို ရှာဖွေ၍ ကြိုတင်မှာယူနိုင်မည်ဖြစ်ပြီး နီးစပ်ရာ Ooredoo အရောင်းဆိုင်၌ သွားရောက်ဝယ်ယူနိုင်မည့် အစီအစဉ်ကို လည်း ထည့်သွင်းထားသည်ဟု သိရသည်။ Ooredoo Myanmar ၏ အပိုဆောင်း ဝန်ဆောင်မှုများကို အလွယ်တကူ ရယူနိုင်ရန် ဆောင်ရွက်ထားခြင်းဖြစ်သည်ဟု ဆိုသည်။
Read more








