အိမ်ထောင်ရှင် အလှမယ်ပြိုင်ပွဲသို့ မြန်မာ ဝင်ရောက်ယှဉ်ပြိုင်မည်

13138800-1070927179621639-5760000617826648977-n

ဇူလိုင်လ ၂၃ ရက်နေ့ကနေ ၂၉ရက်နေ့အထိ အမေရိကန်နိုင်ငံမှာ ကျင်းပမယ့် နိုင်ငံတကာ အိမ်ထောင်ရှင် အလှမယ်ပြိုင်ပွဲကြီးကို မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အဲ့ဒီပြိုင်ပွဲကြီးက အိမ်ထောင်ရှင် အမျိုးသမီးများအတွက် ကျင်းပပြုလုပ်တဲ့ အလှမယ်ပြိုင်ပွဲကြီး တစ်ပွဲဖြစ်တယ်လို့ သိရပါ တယ်။

Read more

ကြံခင်းပြည်ခိုင်ဖြိုး အမာခံပါတီကေဒါများ တာဝန်ပေးအပ်ပွဲကျင်းပ

JoyIn Joy5

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် မြို့မတိုက်နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၇) စုမှ အမာခံပါတီကေဒါများအား တာဝန်ပေးအပ်ပွဲ အခမ်းအနားကို မေလ (၄) ရက်နေ့က ကြံခင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခမ်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ပါတီဗဟိုကော်မတီဝင် ဒေါက်တာဌေးဝင်းနှင့် တိုင်း/ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးမျိုးမင်းထွဋ်တို့ တက်ရောက်ခဲ့ကြပြီး မြို့မတိုက်နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၇) အုပ်စုမှ အမာခံကေဒါများလည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Read more

ဗိုက်သားအဆီထွက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဗိုက်ပူပုံ ပူနည်း အမျိုးအစား (၄) မျိုး

13082687_1092706424126541_389110035380503602_n

ခါးဆိုဒ်တွေ ကြီးကြီးလာလို့ နေ့စဉ်ပုံမှန် အစားအသောက်ကို စနစ်တကျနဲ့ စည်းကမ်းရှိရှိ စားသုံးဖို့ စီစဉ်ထားတယ ဆိုရင် အရင်ဦးဆုံး ကိုယ့်ဗိုက်သား အဆီအကြောင်း အရင်ဦးဆုံး သိရှိထားဖို့ လိုအပ်ပါတယ်။ နောက်ပြီး ကိုယ်နဲ့ ကိုက်ညီမယ့် နည်းလမ်းကိုလေ့လာကြည့်ပါ။ ဖူးယောင်သလိုမျိုးဖြစ်နေတဲ့ ဗိုက်သားအဆီ နေထိုင်မကောင်း ဖြစ်တဲ့ အထိ အစာအိမ်စူတက်လာတယ်ဆိုတာ ခန္ဓာကိုယ်ကလက်မခံတဲ့ အစား အသောက်တွေ ၊ ဗီတာမင်အနည်းငယ်သာ ပါဝင်တဲ့ အစားအစာတွေနဲ့ သတ္တုဓာတ် သို့မဟုတ် ဓာတ်မတည့်မှုတွေရဲ့ ရလဒ်တစ်ခုကြောင့်ပါပဲ။ ပြောင်းလဲဖို့ပထမဦးဆုံး လုပ်ဆောင်ရမှာက အစာချေစနစ်ကို အကျိုးပြုပေးမယ့် အချိုရည်တွေ စတင် သောက်သုံးဖို့နဲ့ ဖူးယောင်နေတာကို လျော့ကျစေဖို့ပဲဖြစ်ပါတယ်။ ဒီနေရာမှာ လိုအပ်တဲ့ အချက်တစ်ခုကမျှတတဲ့ အစားအစာပဲဖြစ်တယ်။

Read more

ပြည်ခိုင်ဖြိုးပါတီနှင့် MCC ပူးပေါင်းဖွင့်လှစ်သော နွေရာသီ ရက်တိုကွန်ပျူတာသင်တန်း ဆင်း

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် MCC တို့ ပူးပေါင်းဖွင့်လှစ်သော ကလေးများအတွက် နွေရာသီရက်တို ကွန်ပျူတာ သင်တန်းဆင်းပွဲကို မေလ (၄) ရက်နေ့ နံနက် (၉) နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပခဲ့သည်။

Read more

“တစ်ညတည်းနဲ့ ကိုယ်အလေးချိန်ကျဆင်းစေမယ့် သဘာဝနည်း”

13096271_1093268184070365_1148680722867925001_n

ကိုယ်အလေးချိန် လျော့ချဖို့ အကောင်းဆုံးနည်းလမ်းက စနစ်တကျစားပြီး လေ့ကျင့်ခန်း အလုံအလောက် လုပ်ဖို့ ဖြစ်ပါတယ်။ သို့သော် သူဟာ အဲဒီကိုယ်အလေးချိန် လျော့ကျစေမယ့် လေ့ကျင့်ခန်းတွေအတွက် မိမိအချိန်နဲ့ အားအင်တွေ မပေးနိုင် သို့မဟုတ် မပေးချင်သူ တစ်ယောက်ဖြစ်ရင် အဆီကိုလျော့ကျစေပြီး အစာချေမှု အားကောင်းမွန်စေမယ့် အရည်တစ်မျိုးကို သောက်ကြည့်သင့်ပါတယ်။ လိုအပ်တဲ့ပစ္စည်းများ လတ်ဆတ်သော သဘာဝသံပုရာသီး (၁/၂) လုံး၊ ပျားရည်စစ်စစ် ထမင်းစားဇွန်း (၂) ဇွန်း၊ သစ်ကြံပိုးခေါက် လက်ဖက်ရည်ဇွန်း (၁) ဇွန်း ရေ (၂၅၀) မီလီလီတာ

Read more

ဗဟန်းပြည်ခိုင်ဖြိုးပါတီ ရပ်/ကျေး မျက်နှာစုံညီ အစည်းအဝေးစတင်

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်/ကျေး မျက်နှာစုံညီ အစည်းအဝေးပွဲကို မေလ (၄) ရက် မွန်းလွဲပိုင်းက မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

Read more

ကျောက်တန်းပြည်ခိုင်ဖြိုး ကျေးရွာအတွင်း သောက်သုံးရေဖြန့်ဝေရာတွင် လိုအပ်နေသော ရေပိုက်များ လှူဒါန်း

ကျောက်တန်းမြို့နယ် ပုတ္တလုပ်ကျေးရွာတွင် သောက်သုံးရေများ ကျေးရွာအတွင်း ဖြန့်ဝေရာ၌ ၂ လက်မပိုက်များ လိုအပ်နေပါကြောင်း ကျေးရွာ ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူးမှ တင်ပြလာသဖြင့် ကျောက်တန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး ဦးမောင်မောင်တာ နှင့် မြို့နယ်ပါတီကော်မတီဝင်များမှ မေလ (၄) ရက်နေ့ နံနက် (၉)နာရီ အချိန်က ၂ လက်မရေပိုက် (၅) ခွေအား သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

Read more

အပူလောင်ခြင်းကို အမြန်သက်သာပျောက်ကင်းစေမည့်အလွယ်ကူဆုံး နည်းလမ်း (၅) ခု

13178999_1093592430704607_7762362499327159517_n

၁။ သွားတိုက်ဆေးအလွန်ရိုးရှင်းတဲ့ အိမ်တွင်းသဘာဝနည်းလမ်းပါ။ အရင်ဆုံးအပူလောင်ဒဏ်ရာကို ရေအေးနှင့်ဆေးပါ။ ပြီးရင်တော့ မျက်နှာသုတ်ပ၀ါနှင့် ခြောက်သွား သည်အထိသုတ်ပေးပါ။ ခြောက်သွားရင် အပူလောင်တဲ့နေရာကို သွားတိုက်ဆေးနှင့်လိမ်းပေးပါ။ လိမ်းပြီးတဲ့အခါမှာ အချိန်ကြာကြာထားနိုင် သလောက်ထား ပေးပါ။

၂။ ရှာလကာရည် ရှာလကာရည်မှာ အပူလောင်ဒဏ်ရာတွေကို အမြန်ဆုံးသက်သာစေတဲ့ PH ဂုဏ်သတ္တိ မြောက်မြားစွာပါဝင်ပါတယ်။ အ၀တ်ပါးစတစ်ခုကို ရှာလကာရည်ထဲမှာစိမ်ထားပြီး အပူလောင်တဲ့ နေရာမှာ နာရီဝက်ခန့်ကြာအောင် ကပ်ထားပေးပါ။ ဒါမှမဟုတ် ရှာလကာရည်ကို ဂွမ်းစလေးနဲ့စွတ်ပြီး သုတ်လိမ်းပေးပါ။

Read more

နေ့စဉ်ကွေကာအုပ် သောက်ခြင်းကြောင့် ရရှိနိုင်သည့် ကျန်းမာရေးအကျိုးကျေးဇူးများ

13177657_1093592830704567_1985116774794188395_n

အုတ်စပါးတွေက ကောက်နှံတစ်ခုလုံး ပါဝင်တဲ့အတွက် သင့်ကျန်းမာရေးကောင်းစေနိုင်တဲ့ အာဟာရဓာတ် တွေများစွာ ပါဝင်ပါသည်။ နေ့စဉ်ကွေကာအုတ်တစ်ခွက် သောက်တာကြောင့် အောက်ပါ အကျိုးကျေးဇူး တွေကို ရရှိစေနိုင်ပါတယ်။ နှလုံးကျန်းမာရေးကောင်းမွန်စေနိုင် အုတ်စပါးမှာ ပါဝင်တဲ့.. ရေမှာ ပျော်ဝင်နိုင်တဲ့ အမျှင် ဓာတ်တွေဟာ နှလုံးရဲ့ သွေးကြောကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။ သူ့မှာ ပိုတက်စီယမ်နဲ့ ကယ်လ်စီယမ်လည်း ပါဝင်တာမို့ သွေးဖိအားကျဆင်း (သွေးတိုး ရောဂါအတွက်) အထောက်အကူပြုပါတယ်။
ကိုယ်အလေးချိန်ထိန်းသိမ်းနိုင် အုတ်စပါးကို အစာခြေတာ နှေးကွေးနိုင်တာမို့ ၀မ်းဗိုက်ဖြည့်တင်းမှု အချိန် အကြာကြီးရရှိနိုင်တဲ့အတွက် ဆာလောင်မှုမရှိနိုင်တော့ပါ။ အာဟာရဓာတ်များစွာပါဝင်နိုင် အုတ်စပါးမှာ အဆီပါဝင်မှုနည်းပါတယ်။ ပြည့်ဝဆီလုံးဝမပါဝင်ပါ။

Read more

eCommerce အသုံးပြုမှု တယ်လီဖုန်းဘီလ်အတွက် အတွင်ကျယ်ဆုံးဖြစ်နေ

3_notific-2.1.0

e-Commerce စနစ်ကို စတင်ဆောင်ရွက်ခဲ့ရာတွင် တယ်လီဖုန်းဘီလ် ဖြည့်သွင်းမှုနှင့် လေယာဉ်လက်မှတ် ဝယ်ယူခြင်းအတွက် အတွင်ကျယ်ဆုံးဖြစ်နေကြောင်း သိရသည်။ Myanmar Payment Unionကတ် (MPU Card) များဖြင့် အွန်လိုင်းမှတစ်ဆင့် ဝန်ဆောင်မှုနှင့် ကုန်ပစ္စည်းများကို ဝယ်ယူနိုင်သည့် eCommerce ဝန်ဆောင်မှုကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် စတင်မိတ်ဆက်ခဲ့သည်။ လက်ရှိအချိန်တွင် အဆိုပါ eCommerce အသုံးပြုနိုင်သော နေရာ (eCommerce Merchant) ပေါင်း ၄၀ ဝန်းကျင် ရှိလာပြီဖြစ်ကြောင်း သိရသည်။ ယင်းတို့အထဲတွင် အွန်လိုင်းငွေပေးချေမှုစနစ်၊ အွန်လိုင်းဈေးဝယ်နေရာများ၊ လေကြောင်းလိုင်း များ၊ စီးပွားရေးလုပ်ငန်းများ အစရှိသည်တို့ ပါဝင်သည်။

Read more