ပေါင်မြို့နယ် ပြည်ခိုင်ဖြိုး လစဉ်ပုံမှန်စည်းဝေးပြုလုပ်
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လစဉ်ပုံမှန်အစည်းအဝေးကို မေလ (၁၁) ရက် နံနက် (၁၁) နာရီ (၃၅) မိနစ်အချိန်က မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌမှ ပြည်နယ်ပါတီလမ်းညွှန်ချက်များ၊ ပါတီရှေ့ဆက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြီး မြို့နယ်ပါတီ အတွင်းရေးမှူးမှ ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရန်ဆွေးနွေးပြောကြားခဲ့သည်။
Read more
















