Year: 2025
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့ကို KNU ဥက္ကဋ္ဌနှင့်အဖွဲ့ သွားရောက်တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးရှိမှ နိုင်ငံတိုးတက်မည်ဟု ဦးသန်းရွှေက ပြောကြားခဲ့ဟုဆို
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုဝင်ဘာ ၂၆ ရက်က နေပြည်တော်၌ သွားရောက်တွေ့ဆုံခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် အဖွဲ့သည် နေပြည်တော်တွင်ရှိသည့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့ကို သွားရောက် တွေ့ဆုံခဲ့ကြောင်း သိရသည်။ (more…)
Read more
တကောင်းမြို့ ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည် မြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး၌ နိုဝင်ဘာ (၂၃) ရက်က ကျင်းပပြုလုပ်သော ပါတီလုပ်ငန်းနှင့် စည်းရုံးရေး စွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲသို့ ပြင်ဦးလွင်ခရိုင် ပါတီဥက္ကဌ ဦးအောင်ဝင်းကြည်၊ ခရိုင်ပါတီကော်မတီဝင် ဦးကျော်နိုင်ဦး သပိတ်ကျင်းမြို့နယ် ပါတီ ဥက္ကဌ ဦးထွန်းတင့် နှင့် မြို့နယ်ပါတီကော်မတီဝင်များ ရပ်/ကျေး ပါတီ ခေါင်းဆောင်များ တက်ရောက်၍ ဆွေးနွေးခဲ့ကြပြီး ညနေ (၄) နာရီအချိန်တွင် ဆွေးနွေးပွဲ ပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။
Read moreသက်ငယ်မုဒိမ်းမှုများကို ထိရောက်ထိုက်တန်သော ပြစ်ဒဏ်ပေးနိုင်ရေး ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်တွင် ဆောင်ရွက်မည်
ကလေးသက်ငယ် မုဒိမ်းမှုများ ကို ထိရောက်စွာအရေးယူနိုင်ရေးနှင့် ဟန့်တားနိုင်သော ပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက် ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးကို မေးမြန်းရာတွင် ဗဟိုအတွင်းရေးမှူးက လွှတ်တော်တွင် ကြိုးပမ်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။
Read moreကန့်ဘလူပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းလိုအပ်ချက်များညှိနှိုင်း
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသန်းစိန်၊ အတွင်းရေးမှူး ဦးမင်းဇော်နှင့် အလုပ်အမှုဆောင်များသည် ယခုလ (၂၅) ရက် နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ ပင့်သာတိုက်နယ်၊ မြေထူးတိုက် နယ်အတွင်းရှိ စည်းရုံးရေးမှူးများ၊ ကျေးရွာခွဲများမှ ပ-ခေါင်းဆောင်၊ ဒု-ခေါင်းဆောင်များ၊ မြို့နယ်ကော် မတီဝင်၊ အရန်ကော်မတီဝင်များ တွေ့ဆုံခဲ့ရာ အင်အား ၆ဝ တက်ရောက်ပြီး လုပ်ငန်းလိုအပ်ချက်များ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
Read more








