အောင်မြေသာစံပြည်ခိုင်ဖြိုးပါတီအဆင့်ဆင့် ပြင်ဆင်ရွေးချယ်

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဆင့်ဆင့် ပြန်လည်ပြင်ဆင် ရွေးချယ်မူများကို မေလ (၂၆) ရက် ညနေ (၅) နာရီအချိန်က -အာင်မြေသာစံမြို့နယ် ညောင်ကွဲ ရပ်ကွက်ကြီးတွင် ရပ်ကွက်စိပ်(၁၃)ကွက်၌ စတင်ရွေးချယ်ခဲ့သည်။

ထိုသို့ရွေးချယ်ရာတွင် ခရိုင်ပါတီအတွင်းရေးမှူး ဦးဘိုသင်း၊ ခရိုင်နယ်မြေတာဝန်ခံ ဦးကျော်စန်း မြို့နယ်ပါတီအတွင်ရေးမှူး ဦးဌေး၊ ရပ်ကွက်ပါတီအဖွဲ့များ ပြင်ဆင် ရွေးချယ်ရေးအဖွဲ့များ။ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Read more

ဟင်္သာတမြို့နယ် တာကလေးမြို့ အခြေခံပညာမူလတန်း(လွန်)ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲနှင့် ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး တက်ရောက်

13267753_264725900546267_98669402551249596_n

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် တာကလေးမြို့ ကွက်သစ် အမှတ်(၄၃)အခြေခံပညာ မူလတန်း(လွန်)ကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲနှင့်ကျောင်း ဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မေလ (၂၅) ရက် နံနက် (၈) နာရီက အဆိုပါကျောင်း၌ ကျင်းပရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ဟင်္သာတခရိုင် အုပ်ချုပ် ရေးမှူး ဦးစန်းဌေး၊ ပညာရေးဝန်ကြီး ဌာနဟင်္သာတခရိုင် လ/ထ ညွှန်ကြားရေးမှူး ဒေါ်အေးအေးကြူ၊ ဟင်္သာတခရိုင်၊ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ ကျောင်း အုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးဌေးဦး ဟင်္သာတမြို့ အခြေခံအိမ်တွင်းမှု သင်တန်းအမှတ်စဉ်(၂) သင်တန်း သူများနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌဦးဌေးဦးသည် ယမန်နေ့နံနက် ၁ဝ နာရီက ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ ဟင်္သာတခရိုင် မြို့နယ်ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ အတွင်းရေးမှူးနှင့် အလုပ် အမှုဆောင်များ၊ ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟင်္သာတခရိုင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များနှင့်အတူ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် မြန်မာ နိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့ အခြေခံအိမ်တွင်းမှု သင်တန်း အမှတ်စဉ်(၂)သို့ တက် ရောက်သင်ယူနေသည့် သင်တန်းသူများနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက မိမိအနေဖြင့် ပါတီဝင်တစ်ဦးဖြစ်၍ ပါတီက နိုင်ငံတော်နှင့်ပြည်သူများ အကျိုးအတွက် ချမှတ်ထားသော မူဝါဒနှင့် လမ်းညွှန်ချက်များအား အကောင်အထည်ဖော်ရန် တာဝန်ရှိ ကြောင်း၊ ဟင်္သာတသားတစ်ဦးဖြစ်၍ ဟင်္သာတမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး နှင့်ပတ်သက်၍ ဝတ္တရားရှိကြောင်း၊ ယခုသင်တန်းသည် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့် ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံအမျိုး သမီးရေးရာအဖွဲ့ချုပ်တို့ စီစဉ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ဟင်္သာတ၌ သင်တန်းဖွင့်လှစ်ခြင်း လေးကြိမ်မြောက်ဖြစ်ကြောင်း၊ အခြားသူများ ကူညီလိုလျှင် မိမိကိုယ်တိုင် တတ်မြောက်ရန်လိုကြောင်း၊ မိမိတို့အတွက် အဖိုးထိုက်တန်သည့် အသက်မွေးဝမ်းကျောင်းပညာဖြစ်ကြောင်း၊ သိအောင်၊ တတ်အောင်သင်ကြားကြရန်လိုကြောင်း၊ မိမိတို့ တတ် မြောက်ခဲ့သည့်ပညာဖြင့် မိမိအတွက်၊ မိမိ မိသားစုအတွက်နှင့် မိမိပတ်ဝန်းကျင်၊ နယ်မြေအကျိုး၊ ဒေသအကျိုးအတတ်နိုင်ဆုံး ဝိုင်းဝန်းဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊ သင်တန်းကာလတစ် လျှောက်လုံး သတ်မှတ်စည်းကမ်းများကိုလိုက်နာပြီး တတ်မြောက် အောင်သင်ကြားကြရန်နှင့် မိမိအနေဖြင့်လည်း ဟင်္သာတ၌ရှိသော ပြည်သူများနှင့် နယ်မြေဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိကူညီနိုင်သည့် လုပ်ငန်းမှန်သမျှ စေတနာအပြည့်ဖြင့် ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားပြီး သင်တန်းအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အဆိုပါ အခြေခံအိမ်တွင်းမှုသင်တန်းအမှတ်စဉ်(၂)ကို ဟင်္သာတ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများမှ သင်တန်းသူ ၅ဝ အား နယ်စပ် ရေးရာဝန်ကြီးဌာနမှ သင်တန်းနည်းပြလေးဦးက သင်ကြားပို့ချပြီး ယခုလ ၁၆ ရက်မှ သြဂုတ် ၅ ရက်အထိ သင်တန်းကာလ သုံးလဖြစ်ကြောင်း သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ အမာခံပါတီကေဒါများပြန်လည်ရွေးချယ်ဖွဲ့စည်း

ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီသည် လှည်းကူးမြို့နယ်အတွင်း ကျေးရွာ၊ ရပ်ကွက် ၅၇ အုပ်စုမှ အမာခံပါတီကေဒါများအား ပြန်လည်ဖွဲ့စည်းလျက်ရှိသည်။ ယနေ့နံနက် ၈ နာရီတွင် ဇရပ်ကွင်းကျေးရွာအုပ်စု၌ အလုပ်အမှုဆောင် ငါးဦး၊ အရန်ငါးဦးတို့အား နယ်မြေတာဝန်ခံဦးသန်းလှိုင် ခေါင်းဆောင်သောအဖွဲ့က စနစ်တကျလာရောက် ဖွဲ့စည်းခဲ့သည်။ မြို့နယ်အတွင်းဖွဲ့စည်းမှုများကို ယခုလ ၃ဝ ရက်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုး(လှိုင်ဘောလယ်)

Read more

ဗဟိုအလုပ်အမှုဆောင်များ ကယားပြည်နယ်ပြည်ခိုင်ဖြိုး ပါတီအဆင့်ဆင့် ပြန်လည်ရွေးချယ်ရေး ဆွေးနွေးပြောကြား

Kahah1

ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အဆင့်ဆင့် ပြည်လည် ရွှေးချယ်ဖွဲ့စည်းရေးအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစိုးသိန်း (ပါတီပြန်လည်ရွှေးချယ်ရေး အဖွဲ့နာယက)၊ နှင့် ဗဟိုအလုပ်အမှုဆောင် ဦးခငိရီ တို့မှ ယနေ့ (မေလ ၂၆ ရက်) နံနက် (၈) နာရီအချိန်က ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ အသေးစိတ် ဆွေးနွေးခဲ့ကြောင်း သိရသည်။
Sususandi Sandi

Read more

တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဥာဏ်ဝင်း တိုင်း/ခရိုင်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

13301418_255282078195296_7924422113238096506_o

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးဥာဏ်ဝင်းသည် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပါတီကော်မတီဝင်များ၊ ပြည်ခရိုင်ပါတီကော်မတီဝင်များနှင့် မေလ (၂၅) ရက် နံနက် (၉) နာရီအချိန်က ပြည်မြို့ရှိ တိုင်းဒေသကြီးပါတီရုံး၌ တွေ့ဆုံ၍ ပါတီလုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

U Myo Aung


Read more

ပြည်သူများ ဝမ်းရောဂါဖြစ်ပွားမှုကာကွယ်နိုင်ရန်အတွက် ယင်နှိမ်နင်းရေးလုပ်ငန်းများကို ပြည်ခိုင်ဖြိုး ပါတီဆောင်ရွက်

မန္တလေးခရိုင်အတွင်းနေထိုင်သော ပြည်သူများအား ဝမ်းရောဂါဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန် အတွက် ယင်နှိမ်နင်းရေးလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးရဲမြင့်၏ စီမံမှုဖြင့် တိုင်းဒေသကြီးပါတီကဦးဆောင်၍ မေလ (၂၅) ရက် နံနက် (၁ဝ) နာရီမှ စတင်ကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Read more

အင်ဒိုတွင် သက်ငယ်မုဒိမ်းမှုအတွက် အမြင့်ဆုံး သေဒဏ်ထိ စီရင်နိုင်မည့် ဥပဒေသစ်ကို အတည်ပြု

ကလေးသူငယ် မုဒိမ်းမှုများနှင့် ပတ်သက်၍ ပြစ်ဒဏ်စီရင်မှုများကို အင်ဒိုတွင် ပိုမိုပြင်းထန်ထိရောက်အောင် ပြောင်းလဲခဲ့ရာ သေဒဏ် စီရင်မှု၊ ဓာတုနည်းဖြင့် သင်းကွပ်မှုတို့ ပါဝင်လာသည်။ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးကို အုပ်စုဖွဲ့မုဒိမ်းကျင့်မှု အပါအဝင် အရွယ်မရောက်သေးသူများကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ မြင့်တက်လာသည့်နောက် ယခုလို ပြစ်ဒဏ်တိုးမြှင့်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Read more

မိုးမိတ်မြို့နယ်တွင် အမာခံပါတီကေဒါများရရှိရေး ကွင်းဆင်းဆောင်ရွက်

Moe Meik3

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ မိုးမိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမာခံပါတီကေဒါများ ရွေးချယ်ခြင်းကို မြောက်ပိုင်းရပ်ကွက် မေလ (၂၃) ရက်နေ့ကလည်းကောင်း၊ မေလ (၂၅) ရက်နေ့ကလည်းကောင်း  အမာခံကေဒါများ ရွေးချယ်ပြီးစီးခဲ့ပြီး အမာခံပါတီကေဒါများ ကွင်းဆင်းရွေးချယ်စဉ်အတွင်း ဒေသလိုအပ်ချက်များကိုလည်း တတ်စွမ်းသရွေ့ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Khin Moe Moneik

Read more

ရေစကြိုပြည်ခိုင်ဖြိုး ရပ်/ကျေးပြည်ခိုင်ဖြိုးပါတီ အမာခံကေဒါများ ရွေးချယ်ဖွဲ့စည်း

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မြို့နယ်ပါတီကော်မတီအဖွဲ့အနေဖြင့်ရပ်/ ကျေးအုပ်စု (၈၉) အုပ်စုအား ရပ်/ ကျေးပါတီ အစည်းအဝေး နှင့် အမာခံကေဒါများ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းနှင့်ပတ်သက်ပြီး ကြီးကြပ်ရေး တာဝန်ခံအဖွဲ့ သုံးဖွဲ့ခွဲ၍ ပါတီ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ပြင်ဆင်ရွေးချယ် ဖွဲ့စည်းလျက်ရှိသည်။

Read more