ဟာရီကိန်းမုန်တိုင်းရာသီအတွက် ကြိုတင်ပြင်ဆင်ရန် အိုဘားမား သတိပေး

အမေရိကန်နိုင်ငံမှာ ဟာရီကိန်းမုန်တိုင်း ရာသီမရောက်ခင် ကြိုတင် ပြင်ဆင်ကြဖို့ သမ္မတ ဘားရတ် အိုဘားမားက ပြည်သူတွေကို မေ ၃၁ ရက်နေ့က သတိပေး လိုက်ပါတယ်။
ဟာရီကိန်းမုန်တိုင်းတွေနဲ့ တခြား သဘာဝကပ်ဘေးတွေရဲ့ ခြိမ်းခြောက်မှုကို အရေးတယူ လုပ်ကြဖို့နဲ့ အဆင်သင့် ယူနိုင်တဲ့ အရေးပေါ် အသုံးအဆောင် ပစ္စည်း ကိရိယာတွေ ပြင်ဆင်ထားဖို့၊ ဘေးလွတ်ရာ ရွှေ့ပြောင်းရေး လမ်းကြောင်းတွေကို ဒေသခံ အာဏာပိုင်တွေက ဂရုစိုက်ကြဖို့လည်း အိုဘားမားက သတိပေးပါတယ်။
Read more














