အသိအမြင်ဗဟုသုတတိုးပွားလာစေရေး တိုင်းပါတီဥက္ကဋ္ဌ စီစဉ် ဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးရဲမြင့်မှ တိုင်းဒေသကြီး အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် အများပြည်သူများ စာဖတ်ရှိန် မြင့်မားလာစေရန် နှင့် အသိအမြင်ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်ပြီး ပြည်ထောင်စု နေ့စဉ် သတင်းစာကို ဇွန်လ (၁) ရက်မှစတင်၍ နေ့စဉ်တစ်ရက်လျှင် စောင်ရေ (၁၈ဝဝ) မှာယူပြီး တိုင်း ဒေသကြီးအတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အုပ်စုများသို့ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ၏ အစီအစဉ်ဖြင့် ဝယ်ယူဖြန့်ချိ ပေးလျှက်ရှိကြောင်း သိရသည်။

Read more

ကျောက်မျက်ရန်ပုံငွေဒေါ်လာခုနစ်သန်းကို သမ္မတဟောင်းဦးသိန်းစိန် ထုတ်ယူခဲ့သည်ဟုမီဒီယာ၌အမျိုးမျိုးရေးသားနေခြင်းမှာ မဟုတ်မှန်ကြောင်း သတ္တုတွင်းဝန်ကြီးဟောင်းပြော

မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ်ရန်ပုံငွေမှ ဒေါ်လာသန်း၈ဝကျော်သည် ယခင် သတ္တုတွင်းဝန်ကြီးဟောင်းအပါအဝင် သက်ဆိုင်ရာအဖွဲ့ခေါင်းဆောင်များ အကြား အဂတိလိုက်စားမှုများတွင် ပါဝင်ကာစာရင်းကွာနေပြီးထိုရန်ပုံ ငွေမှ သမ္မတဟောင်းဦးသိန်းစိန်က လည်း ဒေါ်လာခုနစ်သန်းထုတ်ယူ ခဲ့သည်ဟု လူမှုကွန်ရက်နှင့်မီဒီယာ တချို့တွင်အမျိုးမျိုးရေးသားဖော်ပြ နေမှုမှာမမှန်ကန်ကြောင်းသတ္တုတွင်း ဝန်ကြီးဟောင်းဒေါက်တာမြင့်အောင် ကပြောသည်။
နေပြည်တော်ရှိ ကျောက်မျက် အချောထည်ဈေးခြံဝင်းအတွင်း၌ ကျောက်မျက်ရတနာရန်ပုံငွေနှင့် ပတ်သက်၍ ယနေ့နံနက် ၉နာရီခွဲ က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ ရာတွင် ဝန်ကြီးဟောင်းဒေါက်တာ မြင့်အောင်က ယင်းကဲ့သို့ရှင်းပြခဲ့ ခြင်းဖြစ်သည်။
”မီဒီယာတချို့က အခုလို သေသေချာချာမစုံစမ်းဘဲ ကိုယ်ယူ ဆချင်သလိုယူဆပြီး ပေါ်ပြူလာ ဖြစ်ရင်ပြီးရော ရေးသားဖော်ပြတာ တွေဟာ သမ္မတဟောင်းဦးသိန်းစိန် ရဲ့သိက္ခာကိုလည်း ထိခိုက်တယ်။ ဦးသိန်းစိန်ဥက္ကဋ္ဌအဖြစ် တာဝန်ယူ တဲ့ ပါတီကိုပါထိခိုက်စေပါတယ်။ သမ္မတကြီးကို ဒေါ်လာခုနစ်သန်း ထုတ်ပေးလိုက်တယ်ဆိုတာလည်း မဟုတ်ပါဘူး”ဟု ဒေါက်တာ မြင့်အောင်ကပြောသည်။
သံတော်ဆင့်သတင်းဂျာနယ် အတွဲ ၅၊ အမှတ် ၁၁ တွင် မျက်နှာ ဖုံးစာမျက်နှာတွင်ပါရှိသော သမ္မတ ဟောင်းဦးသိန်းစိန်နှင့်အဖွဲ့ အလွဲသုံး သည့် အမေရိကန်ဒေါ်လာသန်း ၈ဝ ကျော် ကျောက်မျက်လုပ်ငန်းရှင် များတောင်းဆိုဟူ၍ ဖော်ပြသော ခေါင်းစဉ်ပါကိစ္စမှာ မဟုတ်မမှန် သည့်အတွက်ဥပဒေအကြောင်းအရ အရေးယူတုံ့ပြန်သင့်ကြောင်းသတ္တု တွင်းဝန်ကြီးဟောင်း ဒေါက်တာ မြင့်အောင်က၄င်း၏ပုဂ္ဂိုလ်ရေးအမြင် အရ ထုတ်ဖော်ပြောကြားသည်။

Read more

ကျောင်းသားကျောင်းသူများအန္တရာယ်ကင်းစွာစာသင်ကြားနိုင်ရေး မြက်ရိတ်ခြင်း လုပ်ငန်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် မြို့သစ်ရပ်ကွက် အမှတ် (၂)အခြေခံပညာအလယ်တန်း ကျောင်းဝင်းအတွင်းရှိ မြက်ပင်နှင့် ချုံနွယ် များကို မြက်ရိတ်စက်များဖြင့် ရှင်းလင်းခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါ မြက်ရိတ်ခြင်းနှင့် ချုံနွယ်များရှင်းလင်းခြင်းကိုပြည်ခိုင်ဖြိုး ပါတီမှ မြို့နယ်ပါတီအတွင်းရေးမှူး ဦးလှမြင့်ဦးဆောင်၍ မြို့နယ်ပါတီ ကော်မတီဝင်များ၊ မြို့သစ်ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးစိုးလှိုင်ဦးနှင့် အဖွဲ့ ဝင်များ၊ ရပ်ကွက်ပါတီကော်မတီဝင်များ၊ အမာခံပါတီဝင်များလိုက်ပါ၍ ကျောင်းသားကျောင်းသူများ အန္တရာယ်ကင်းစွာစာသင်ကြားနိုင်ရေး အတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Read more

DOTS ဇာတ်လမ်းတွဲပါ နာမည်ကျော်ဇာတ်ဝင်ခန်းတွင် ပရိသတ်များကိုယ်တိုင်ပါဝင်ရိုက်ကူးနိုင်

လတ်တလောတွင် မြန်မာအပါအဝင် အာရှတစ်ဝန်း ရေပန်းစားလူကြိုက်များနေသော ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ Descendants of The Sun (DOTS) ဇာတ်ကားမှ မင်းသား ဆောင်ဂျွန်ကီ၏ပရိသတ်များအ တွက် ကိုရီးယား Expo 2016 ပြပွဲ ၌ ၎င်း၏ ဇာတ်ဝင်ခန်းရုပ်ပုံနှင့်အ တူ အခမဲ့ဓာတ်ပုံရိုက်နိုင်ကြောင်း သိရသည်။

Read more

ဂျင်းက ကင်ဆာရောဂါကို တိုက်ဖျက်နိုင်

ဂျင်းဟာ ကင်ဆာရောဂါကို တိုက်ဖျက်ပေးနိုင်ကြောင်း အမေရိကန်မှ လေ့လာသူ ဆေးပညာရှင်များက အတည်ပြုပေးလိုက် ပါတယ်။
ဂျင်းမှ ထွက်ရှိတဲ့ ဓာတ်များဟာ ကင်ဆာ အကြိတ်နဲ့ ဆဲလ်များကို ပိုမို လျော့ပါးသွားအောင်၊ သေးငယ်သွားအောင် ချေဖျက်ပေးပါတယ်။ ဒါကြောင့်မို့ ကင်ဆာဆဲလ် ပြန့်ပွားနှနုးကိုလည်း နှေးစေတာကြောင့် ကင်ဆာရောဂါဖြစ်နေသူများ ကော သူ့ကို ဆေးအဖြစ် မှီဝဲသင့်ကြောင်း ဆိုပါတယ်။ ဂျင်းကို နေ့စဉ် စားသုံးတဲ့ ဟင်းခတ် အမွေးအကြိုင်တို့မှာ အသုံးပြုခြင်းဖြင့်လည်း လူတို့ကို ကင်ဆာဖြစ်နိုင်ချေ ကာကွယ်တားဆီးပေး ပါတယ်။

Read more

ပြည်သူအရေးအလေးထားမည်-ပြည်ခိုင်ဖြိုးပါတီ


ပြည်သူအရေးအလေးထားမည်-ပြည်ခိုင်ဖြိုးပါတီ

အရေးကြုံတိုင်း-ချိန်မဆိုင်းဘဲ

ရိုင်းပင်းကူမည်-ပြည်ခိုင်ဖြိုးပါတီ။

သူ့ကျွန်မခံ-ဇာတိမာန်

တွန်းလှန်နေမည်-ပြည်ခိုင်ဖြိုးပါတီ။

စည်းကမ်းလည်းရှိ-တာဝန်သိ

အားမာန်ပြည့်သည်-ပြည်ခိုင်ဖြိုးပါတီ။

ပြည်သူအရေး-ဦးစားပေး

အလေးထားသည်-ပြည်ခိုင်ဖြိုးပါတီ။

အရေးသုံးပါး-ဦးထိပ်ထားလျှက်

စိတ်ထားမြင့်မြတ်-အနာဂတ်တွက်

မပြတ်တာဝန်-မြဲကျေ ပွန်မည်

တို့–ပြည်ခိုင်ဖြိုးပါတီ။

ထိန်ဝင်း(ကြည့်မြင်တိုင်)

 

Read more

ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီ အက်သလက်တီကိုသို့ ပြောင်းရွှေ့နိုင်

11B478AF00000514-0-image-a-2_1464770097282

ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီသည် လောလောဆယ်တွင် ဥရုဂွေးအသင်းနှင့် ကိုပါ အမေရိကပြိုင်ပွဲကို အာရုံစိုက်နေဖွယ် ရှိသော်လည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲရောက် အက်သလက်တီ အသင်းသို့ ပြောင်းရွှေ့ရန် ခြေလှမ်း လှမ်းနေသည်။

ပြင်သစ်ချန်ပီယံနှင့် သုံးနှစ်ကစားပြီးနောက် အက်သလက်တီကိုသို့ ပြောင်းရွှေ့ရေးသည် စိတ်ဝင်စားဖွယ် ဖြစ်သည်ဟု ကာဗာနီ က ဆိုသည်။

Read more

မန်ယူကို စွန့်ခွာတော့မည်ဟု ရွိုင်ယန်ဂစ် ပြော

Ryan-Giggs-Reuters

မန်ယူအသင်း လက်ထောက်နည်းပြ ရွိင်ယန်ဂစ်ဟာ အသင်းကို စွန့်ခွာတော့မှာ ဖြစ်တယ်လို့ ဗြိတိသျှ မီဒီယာ တခုဖြစ်တဲ့ မေယာသတင်းမှာ ရေးသားထားပါတယ်။

စိန်ခေါ်မှုအသစ်တွေကို လိုချင်လို့ မန်ယူကိုစွန့်ခွာတာ ဖြစ်တယ်လို့ အသက် ၄၂ နှစ်အရွယ် နည်းပြ ဂစ်က ပြောကြောင်း သတင်းမှာ ဆိုထားပါတယ်။

Read more

ကိုပါပြိုင်ပွဲမှ နုတ်ထွက်မည်မဟုတ်ဟု အာဂျင်တီးနား ဘောလုံးဥက္ကဋ္ဌ ပြော

argentina-football-international-football_3473470

အာဂျင်တီးနား လက်ရွေးစင်အသင်းသည် အမေရိကန်နိုင်ငံတွင် ကျင်းပမည့် ကိုပါ အမေရိကဘောလုံးပြိုင်ပွဲ၌ မူလ  စီစဉ်ထားသည့်အတိုင်း ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ် (AFA)ဥက္ကဋ္ဌက ပြောကြားပြီး ပြိုင်ပွဲမှ နုတ်ထွက်နိုင်ခြေရှိကြောင်း သတင်းများအား ဖယ်ရှားလိုက်သည်။

အစိုးရအဖွဲ့က ဘောလုံးအဖွဲ့ချုပ်အပေါ် လွှမ်းမိုးရန် ကြိုးစားနေခြင်းကို ကန့်ကွက်၍ အာဂျင်တီးနားအသင်းသည် ကိုပါပြိုင်ပွဲမှ နုတ်ထွက်နိုင်ဖွယ်ရှိသည်ဟု အာဂျင်တီးနား မီဒီယာသတင်း များကို AFA ဥက္ကဋ္ဌ လူးဝစ်စီဂူရာ က တုံ့ပြန်ခြင်းဖြစ်သည်။

Read more

ဆရီနာနှင့် ဂျိုကိုဗစ် ပြင်သစ်အိုးပင်း ကွာတားဖိုင်နယ်သို့ တက်ရောက်

350785783

မိုးရွာသွန်းမှုကြောင့် အနှောင့်အယှက်ဖြစ်ခဲ့သော ပြင်သစ် အိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ထိပ်သီးများဖြစ်ကြသည့် ဆရီနာ ၀ီလီယမ်နှင့် နိုဗက်ဂျိုကိုဗစ်တို့ ကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သည်။

မိုးကြောင့် နောက်ကျခဲ့ပြီး နောက် ပြန်ကစားသော စတုတ္ထ အဆင့် ပွဲစဉ်တွင် ဆရီနာက အချိန်မဖြုန်းခဲ့ဘဲ ယူကရိန်းမှ အီလီနာ ဆဗစ်တိုလီနာကို ၆-၁၊ ၆-၁ ဖြင့် နှစ်ပွဲပြတ် အနိုင်ယူခဲ့သည်။

Read more