Year: 2025
ကမ္ဘာပေါ်က အားကစားသမားတွေထဲမှာ အကျော်ကြားဆုံး နံပါတ်တစ် ဖြစ်နေတဲ့ စီရော်နယ်ဒို

ရီးယဲလ်အသင်းရဲ့ ဂိုးသွင်းစက် စီရော်နယ်ဒိုဟာ ကမ္ဘာပေါ်က နယ်ပယ်အရပ်ရပ်က အားကစားသမားတွေထဲမှာ အထင်ရှားဆုံးအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။
အခုနှစ်ဘောလုံးရာသီမှာ ရီးယဲလ်အသင်း ချန်ပီယံလိဂ်ဖလားကို ၁၁ကြိမ်မြောက် ကိုင်မြှောက်နိုင်အောင် သူ့သွင်းဂိုးတွေနဲ့ တောက်လျှောက် ကူညီပေးခဲ့တဲ့ စီရော်နယ်ဒိုဟာ နာမည်ကြီး အားကစားမီဒီယာဖြစ်တဲ့ ESPN က ကောက်ယူတဲ့ စစ်တမ်းမှာ အထင်ရှားဆုံး အားစားသမား အယောက် ၁၀၀ စာရင်းမှာ နံပါတ် ၁ စာရင်းဝင်ခဲ့ပါတယ်။
Read moreအင်္ဂလန်လက်ရွေးစင် မီလ်နာ ယူရိုပြိုင်ပွဲဝင် အကောင်းဆုံး ကစားသမားစာရင်းတွင် နံပါတ် (၅) နေရာချိတ်

လီဗာပူးကွင်းလယ်လူ ဂျိမ်းစ်မီလ်နာသည် နည်းပြ ရွိုင်း ဟော့ဆန်၏ အင်္ဂလန်ပထမဦး စားပေး ကစားသမား ၁၁ ဦး စာရင်းတွင် နေရာရရန် အာမခံချက်မရှိ သော်လည်း ယူအီးအက်ဖ်အေက ရွေးချယ်သည့် ယူရို ၂၀၁၆ ပြိုင်ပွဲ ၀င်အကောင်းဆုံးကစားသမား များစာရင်း၌ အံ့သြဖွယ်ရာ ကောင်းအောင် နံပါတ် (၅) နေ ရာတွင် ပါဝင်လာသည်။
Read moreပရီးမီးယားလိဂ်ကလပ်များ၏ လစာငွေမှာ စီးရီးအေနှင့် လာလီဂါ နှစ်လိဂ်ပေါင်းထက် ပိုမိုများပြား

၂၀၁၄-၁၅ ခုနှစ်တွင် ပရီးမီးယားလိဂ်အသင်းများ ပေးချေရသည့် လစာငွေသည် ပေါင် ၂ ဘီလီယံ ကျော်ရှိခဲ့ပြီး ထိုပမာဏမှာ လာလီဂါနှင့် စီးရီးအေ လိဂ်နှစ်ခုပေါင်းထက် ပိုမိုများပြားနေသည်ကို တွေ့ရှိခဲ့ရသည်။
ပရီးမီးယားလိဂ်သည် ရုပ်သံဝင်ငွေများစွာ တိုးလာသည့်အတွက် ပြိုင်ပွဲဝင်အသင်းများမှာ ကစားသမားများကို မြင့်မားသည့်လစာငွေ ပေးအပ်နိုင်ခဲ့ကြပြီး ယခုကဲ့သို့ များပြားခဲ့ခြင်း ဖြစ်သည်။
Read moreမြန်မာ ယူ-၁၄ အမျိုးသမီး ဘောလုံးအသင်း အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ်တက်

လာအိုနိုင်ငံမှာ ကျင်းပတဲ့ အာရှ ယူ-၁၄ (အာဆီယံဇုန်) အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ မြန်မာလူငယ် အမျိုးသမီး အသင်းက အုပ်စုပထမနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
Read moreပြင်ဦးလွင်ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရေး ဆောင်ရွက်
ပြင်ဦးလွင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ် ပါတီ ကော်မတီဝင်များ ဖြစ်ကြသော ဦးခင်မောင်ဝင်း၊ ဦးသိန်းဆွေ၊ ဦးခင်မောင်အေး၊ ဒေါ်ဝင်းဝင်းမွန်တို့သည် ယနေ့ ဇွန်လ (၃) ရက် နံနက် (၁၀) နာရီအချိန်က ပန်းတိုင်ဓမ္မာရုံတွင် ပြုလုပ်သော ရပ်ကွက်ကြီး (၁) ပြန်လည် ပြင်ဆင်ဖွဲ့စည်းရေးအစည်းအဝေးသို့ တက်ရောက်၍ ပြင်ဆင်ဖွဲ့စည်းရေးဆောင်ရွက်ပေးခဲ့သည်။
Credit – Khin Mg Aye
ဟာဝိုင်အီ၌ လုပ်ဆောင်မည့် အမေရိကန် ဦးဆောင်သော စစ်ရေးလေ့ကျင့်မှုတွင် တရုတ် ပါဝင်ဦးမည်ဟု ဆို

ပေကျင်း၊ ဇွန် ၃
အမေရိကန် ဟာဝိုင်အီပြည်နယ်၌ နှစ်နှစ် တစ်ကြိမ် လုပ်ဆောင်လေ့ရှိသည့် ကမ္ဘာ့အကြီးဆုံး နိုင်ငံတကာ ရေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန် ယခုနှစ်တွင်လည်း တရုတ်စစ်တပ်က စစ်သင်္ဘောငါးစီး စေလွှတ်သွားမည် ဖြစ်သည်။
Read moreတိုင်းပါတီအတွင်းရေးမှူးနှင့် မိတ္ထီလာမြို့နယ် ပါတီကော်မတီဝင်များ ပါတီလုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေး
မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးနှင့် တိုင်းပါတီ ကော်မတီဝင်များ၊ ပါတီပြန်လည်ပြင်ဆင် ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်များသည် ယနေ့ ( ဇွန်လ ၃ ရက်) နံနက်ပိုင်း က မိတ္ထီလာမြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ၍ ရပ်ကျေးညီလာခံများ ဆောင်ရွက်မှုပြီးစီးမှု အခြေအနေတို့ကိုလည်းကောင်း၊ မြို့နယ်အဆင့် ခရိုင် အဆင့်တို့အား ရွေးချယ်သွားမည့် လုပ်ငန်းရပ်များအားလည်းကောင်း အသေးစိပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
Credit – ဓူဝံ
ဂျာနယ်လစ်များ၏ အသက်အန္တရာယ်လုံခြုံရေးအတွက် အကာအကွယ် မပေးနိုင်ဟု ဖိလစ်ပိုင် သမ္မတသစ် ပြော

ဒါဗာအို၊ ဇွန် ၃
နိုင်ငံတွင် သတင်းစာဆရာ ဂျာနယ်လစ်များ၏ လုံခြုံရေးအတွက် အာမခံနိုင်ခြင်း မရှိကြောင်းနှင့် မိမိကိုယ်ကိုယ်သာ ကာကွယ်ကြရန် ဖိလစ်ပိုင် ရွေးကောက်ခံ သမ္မတသစ် ရိုဒရီဂို ဒူတာတေးက သတိပေးပြောကြားလိုက်သည်။ ယင်းနိုင်ငံတွင် ယခင်နှစ်များအတွင်းက အကျင့်ပျက်ခြစားမှုများရှိနေသော ဂျာနယ်လစ်များ အသတ်ခံထားရသည့် ဖြစ်စဉ်များစွာ ဖြစ်ပွားထားခဲ့သည်။
Read moreတောင်တရုတ်ပင်လယ်ပြင်ကိစ္စများ အမေရိကန်နှင့် မသက်ဆိုင်ကြောင်း တရုတ် ပြော

ပေကျင်း ဇွန် ၂
အမေရိကန်အနေဖြင့် တောင်တရုတ်ပင်လယ်အရေးကိစ္စအပေါ် ၄င်း၏မူဝါဒများဖြင့် မဆုံးဖြတ်သင့်ကြောင်း၊ အငြင်းပွားကျွန်းများတွင် ဘက်လိုက်မှု မပြုဟုဆိုသည့် ကတိကို တည်သင့်ကြောင်း ထိပ်တန်းတရုတ်သံအမတ် တစ်ဦးက တရုတ်-အမေရိကန် လုံခြုံရေးဆွေးနွေးပွဲမတိုင်မီ ကြာသပတေးနေ့က ပြောခဲ့သည်။
တောင်တရုတ်ပင်လယ်ပြင်၌ တရုတ်ထိန်းချုပ်ထားရာကျွန်းများအနီး အမေရိကန်စစ်ဘက်ဆိုင်ရာလှည့်ကင်းများ ဆောင်ရွက်နေမှုကို တရုတ်နိုင်ငံဘက်မှ အလိုမကျမှုများ ဖြစ်ပေါ်နေသည်။
Read more











