ပေါင်းတည်ပြည်ခိုင်ဖြိုးမှ အသည်းရောင်အသားဝါ (ဘီ) ပိုးကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးသွားမည်

ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်ဆိုသော ကျန်းမာရေး ဆောင်ပုဒ်နှင့်အညီ ပေါင်းတည်မြို့နယ်အတွင်းရှိ မိဘပြည်သူများ အသည်းရောင် အသားဝါ (ဘီ) ပိုးကာကွယ်ဆေးများကို သတ်မှတ်အကြိမ်ရေ (၄)ကြိမ်လုံး အခမဲ့ထိုးနှံပေးသွားမည့် အစီအစဉ်အား ပေါင်းတည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒါနပြု ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး ဆေးထိုးခြင်းများအား တတ်ကျွမ်းပညာရှင်များမှ လုပ်အားဒါနဖြင့် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
ပထမအကြိမ်အဖြစ် လူဦးရေ (၁၀၀) ထိသာ ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ် ပါသဖြင့် ပေါင်းတည်မြို့ မင်းကွက် (၃) ရပ်ကွက် ရွှေတောင်လမ်းရှိ မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးသို့ ဇွန်လ (၇) ရက်နေ့ နံနက် (၈) နာရီအရောက် လာရောက်စာရင်းပေးသွင်း၍ အခမဲ့ ကာကွယ်ဆေးထိုးနိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးကြေငြာထားကြောင်း သိရသည်။
‪#‎MyoMinZaw‬

Read more

  • ရန်ကုန်တိုင်းဒေသကြီးကြည့်မြင်တိုင်မြို့နယ်အနောက်ဖက်ကမ်းရပ်ကွက်များတွင်ဂျွန်လ၅ရက်နေ့ညနေ(၄:၀၀)နာရီမှစ၍လှိုင်မြစ်ဒီရေတိုးလာပြီစာသင်ကျောင်းများနေအ်မ်များအတွင်းသို့ရေများဝင်ရောက်လာသဖြင့်ကျောင်းသားကျောင်းသူများစာသင်ရန်အခက်အခဲဖြစ်လျှက်ရှိကြောင်းသိရှိရသည်။
  •           ထိန်ဝင်း(ရန်ကုန်)TMPDOODLE1465228126953

Read more

၂၁ ရာစု ပင်လုံညီလာခံ ကြိုတင်ပြင်ဆင်မှုအဖြစ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တွေ့ဆုံပွဲ ပြုလုပ်ရန် စီစဉ်

၂၁ ရာစုပင်လုံညီလာခံ ကိုကြိုတင်ပြင်ဆင်သည့်အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော အဖွဲ့များနှင့် လက်မှတ်မထိုးရသေးသောအဖွဲ့များ ပါဝင်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို ယခုရက်ပိုင်းအတွင်း ပြုလုပ်ရန် စီစဉ်လျက် ရှိကြောင်း သတင်းရရှိသည်။

Read more

မြန်မာနိုင်ငံတွင် အဓိက လုပ်ဆောင်သင့်သည့် အချက် ၉ ချက်ကို ၂ဝ၁၆ အာဆီယံ ထုတ်ပြန်ချက်တွင် ထည့်သွင်းမည်

အရှေ့တီမောနိုင်ငံတွင် သြဂုတ်လအတွင်း ကျင်းပမည့် ၂ဝ၁၆ အာဆီယံဖိုရမ်တွင် မြန်မာနိုင်ငံ၌ အဓိကလုပ်ဆောင်ရမည့်အချက် ကိုးချက်ကို ထည့်သွင်း ထုတ်ပြန်နိုင်ရန် တင်ပြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အာဆီယံ ဆိုင်ရာ အရပ်ဘက် လူ့အဖွဲ့အစည်း အလုပ်ရုံအဖွဲ့ထံမှ သိရသည်။

“အခုတက်လာတဲ့ အရပ်ဘက်လူ့အဖွဲ့စည်းရဲ့ တင်ပြချက်၊ ပြဿနာတွေ၊ အကြောင်းအရာတွေကို ၂ဝ၁၆ အာဆီယံထုတ်ပြန်ချက်မှာ တင်သွင်းမှာဖြစ်တယ်”ဟု မြန်မာ နိုင်ငံဆိုင်ရာ အရပ်ဖက် လူ့အဖွဲ့အစည်း အလုပ်ရုံအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မေသျှီသျှိုက ဆိုသည်။

Read more

ရန်ကုန်ရှိ ရှေးဟောင်းဂျူးဘုရားကျောင်းကို အပြာရောင်ကမ္ပည်းတပ်ဆင်

ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ၂၆ ရှိ မတ်စ်မီးယား ရေရှူအာဂျူးဘုရားကျောင်းကို ဇွန်လ (၅) ရက်တွင် ရန်ကုန် မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က အပြာရောင်ကမ္ပည်းပြား တပ်ဆင်ခဲ့သည်။ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည့် ဘာသာရေးဆိုင်ရာ ဘုရားကျောင်းများစွာတည်ရှိရာ ရန်ကုန်မြို့တွင် တစ်ခုတည်းသာ ကျန်ရှိတော့သည့် ဂျူးဘုရားကျောင်းကို အပြာရောင် ကမ္ပည်းပြား တပ်ဆင်နိုင်ခဲ့ခြင်းဖြစ်သည်။

Read more

နိုင်ငံရေး အကျဉ်းသားဟောင်း ၁၂၀ ကျော် ပါဝင်သည့် ပြည်ထောင်စု လွှတ်တော်တွင် နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် တရားဝင် အသိအမှတ်ပြုနိုင်ရန် မျှော်လင့်ဟုဆို

နိုင်ငံရေးအကျဉ်းသားဟောင်း လွှတ်တော်ကိုယ်စားလှယ် ၁၂၀ ကျော်ပါဝင်သည့် ပြည်ထောင်စုလွှတ်တော်တွင် နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် တရားဝင်သတ်မှတ်နိုင်ရန်မျှော်လင့်ကြောင်း နိုင်ငံရေး အကျဉ်းသား ရေးရာဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများက ဇွန် (၃) ရက်တွင် ပြောကြားသည်။

Read more

ပေါင်းတည်ပြည်ခိုင်ဖြိုးမှ အသည်းရောင်အသားဝါ (ဘီ) ပိုးကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေးသွားမည်

ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်ဆိုသော ကျန်းမာရေး ဆောင်ပုဒ်နှင့်အညီ ပေါင်းတည်မြို့နယ်အတွင်းရှိ မိဘပြည်သူများ အသည်းရောင် အသားဝါ (ဘီ) ပိုးကာကွယ်ဆေးများကို သတ်မှတ်အကြိမ်ရေ (၄)ကြိမ်လုံး အခမဲ့ထိုးနှံပေးသွားမည့် အစီအစဉ်အား ပေါင်းတည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒါနပြု ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး ဆေးထိုးခြင်းများအား တတ်ကျွမ်းပညာရှင်များမှ လုပ်အားဒါနဖြင့် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

Read more

ကျွန်ုပ်တို့ နေ့စဉ်စားသုံးနေတဲ့ အဆိပ်အတောက်

ဒီတွေ့နေကျပစ္စည်းက ကျွန်ုပ်တို့ နေ့စဉ်စားသုံးတဲ့ အကြီးမားဆုံး အဆိပ်အတောက်ဖြစ်ပါတယ်။ နောက်မကျခင် ရပ်တန့်ပါ။ အချိုမှုန့် monosodium glutamate E621 ဟာ အစားအသောက်အတွင်းရှိ အသံတိတ်လူသတ်သမားပဲ ဖြစ်ပါတယ်။ အစားအစာစွဲလန်းအောင် အရသာတိုးမြင့်တဲ့အရာနဲ့ ဆားအစား အသုံးပြုပြီး စားသောက်ဆိုင်တွေ အမြဲ အသုံးပြုနေကျ ပစ္စည်းဖြစ်ပါတယ်။

Read more

ကျောက်မဲပြည်ခိုင်ဖြိုး ပြင်ဆင်ဖွဲ့စည်းခြင်းဆောင်ရွက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြင်ဆင်ဖွဲ့စည်းခြင်းကို ယနေ့ (ဇွန်လ ၆) ရက် နံနက် (၉) နာရီအချိန်တွင် မြို့နယ်ပါတီရုံး ခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ပါတီကော်မတီဝင် ဦးစိုင်းနော်ခမ်းဦး၊ ခရိုင်ပါတီအတွင်းရေးမှူး နှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ မြို့နယ်ပါတီနာယကများနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကျေးစည်းမှူးများ တက်ရောက်ကြကြောင်း သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ခရိုင် မြို့နယ် အတွင်းရေးမှူးနှင့်အဖွဲ့လုပ်ငန်းညှိနှိုင်းဆွေးနွေး

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမအတွင်း ဇွန်လ (၄) ရက်နေ့ နံနက် (၁၁) နာရီက တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်ချိုဦး၊ ခရိုင်အတွင်းရေးမှူး ဦးသိန်းဇော်တို့သည် ကော်မတီဝင်များ၊ အဖွဲ့ဝင်များ လိုက်ပါလျက် လက်ပံတန်းမြို့နယ်မှ ခရိုင်ပါတီကော်မတီဝင် ဒေါ်အေးအေးခိုင်(မြို့နယ်ပါတီ ယာယီ အတွင်းရေးမှူး) နှင့် မြို့နယ်ပါတီကော်မတီဝင်များအား တွေ့ဆုံကာ ပါတီတွင်း လုပ်ငန်း ညှိနှိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

Read more