Year: 2025
ပနားမားတူးမြောင်းအတွင်း သင်္ဘောရေစူးများ ကန့်သတ်မှုရုပ်သိမ်းလိုက်ပြီ
ပနားမားတူးမြောင်းအာဏာပိုင် အဖွဲ့သည် တူးမြောင်းအတွင်း ဖြတ် သန်းသွားလာသော သင်္ဘောများ၏ ရေစူးကန့်သတ်မှုကို ပြန်လည်ပယ် ဖျက်လိုက်ပြီဟု ဇွန် ၈ ရက်က သတင်း ထုတ်ပြန်ကြေညာလိုက်သည်။
Read moreတက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း Website နှင့် Facebook တွင် ကြေညာမည်
၂၀၁၆ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၀က်ဘ်ဆိုက်ဖြစ်သော www.myanmarexam.org နှင့် ပညာရေးဝန်ကြီးဌာန၏ ဖေ့စ်ဘွတ်ခ်တို့တွင် ပြည်နယ်နှင့်တိုင်းဒေသ ကြီးများ၏ စာစစ်ဌာနအလိုက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ (more…)
Read more
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး Dr. Richard A. Nuccio, Ph.D. မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် (NatIonal Democratic Institute) နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးအား တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်တော့ မည့် Dr. Richard A. Nuccio, Ph.D. မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် (NatIonal Democratic Institute)နှင့်အဖွဲ့သည် ၂ဝ၁၆ ခုနှစ်၊ ဇွန်လ (၁ဝ) ရက်နေ့ နံနက်(၈) နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက် တွေ့ဆုံသည်။
Read moreကွမ်းယာရောင်းသူမှစ လုပ်ငန်းရှင်ကြီးများအထိပါဝင်သည့် ရှယ်ယာရှင်စုပေါင်း၍ မကွေးဂျာနယ် စတင်ထုတ်ဝေ
အစုရှယ်ယာရှင်များဖြင့် စုပေါင်းထုတ်ဝေသော မကွေးဂျာနယ်ကို
ဇွန်လ ၁၀ရက်တွင်စတင်ဖြန့်ဝေလိုက်ကြောင်း စီစဉ်သူများက
ပြောကြားလိုက်သည်။
မကွေးဂျာနယ်တွင် သတင်းဆောင်းပါးများကိုသာဦးစာပေးပြီး ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှု ၊ပြည်သူလူထု ရင်ဆိုင်ကြုံတွေ့နေရသော အကျပ်အတည်း၊အစိုးရသစ်ရင်ဆိုင်ကြုံတွေ့နိုင်သောပြဿနာစသည်များကို ဦးစားပေးဖော်ပြကြောင်း
အယ်ဒီတာချုပ်မှပြောသည်။
”ကျနော်တို့ အဓိကအနေနဲ့ ကျင့်ဝတ်ကို လိုက်နာပါတယ်။ လွတ်လပ်ရမယ်၊မျှတရမယ်၊ ကြောက်ရွံ့မှုကင်းရမယ်ဆိုတာ မူပါ
ပြည်သူအတွက်အလေးထားဖော်ဆောင်ပေးဖို့ ရပ်တည်ထားပါတယ်”ဟုတာဝန်ခံအယ်ဒီတာမှဖြေကြားသည်။
ဂျာနယ်မူဝါဒအရကိုက်ညီသော သတင်းပေးပို့ချက်များကိုသာရွေးချယ်မည်
ဖြစ်ပြီး သတင်းခိုင်မှု နှစ်ဘက်အသံမပါပါက အသုံးမပြုကြောင်းရှင်းပြသည်။
ရှယ်ယာရှင်များ၏စည်းကမ်းချက်တွင်လည်း လွှဲပြောင်းရောင်းချခွင့်မရှိ ၊ရောင်းချလိုပါက၊၆လပြည့်စာရင်းရှင်းချိန်တွင် အဖွဲ့၏သဘောတူညီမှုဖြင့်သာရောင်းချခွင့်ရှိသည်ဟုပြောသည်။
တစ်လလှင်သုံးကြိမ်ထုတ်ဝေမည်ဖြစ်ပြီး၁၀ရက်တစ်ကြိမ် ထုတ်ဖြစ်သည်။
ရှယ်ယာရှင်များတွင် အခြေခံလူတန်းစား ကွမ်းယာရောင်းသူမှစ
လုပ်ငန်းရှင်ကြီးများ၊အသင်းအဖွဲ့များစသဖြင့်ပါဝင်သည်။
တစ်ဦးတစ်ယောက်၏ ချုပ်ကိုင်မှုကင်းပြီး
အဖွဲ့၏ဆုံးဖြတ်ချက်ဖြင့်သာ ကဏ္ဍခွဲ၍ လုပ်ဆောင်ကြကြောင်း
အုပ်ချုပ်မှု အယ်ဒီတာ ဦးအောင်လွင်က ရှင်းပြခဲ့ပါသည်။
မကွေးဂျာနယ်ကို အစုရှင်၄၀ဦးဖြင့် တစ်စုလျှင် ၅၀၀၀၀ သတ်မှတ်ပြီး
အစုပေါင်း၂၅၀သာရောင်းချထားကြောင်းသိရသည်။
အဖွဲ့ကို ဒါရိုက်တာအဖွဲ့၊ရှယ်ယာရှင်အဖွဲ့နှင့်သတင်းပိုင်းဟူ၍ခွဲခြားထားသည်။
ပြည်ခိုင်ဖြိုးပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဧရာဝတီတိုင်းဒေသကြီးပါတီ ပြန်လည်ပြင်ဆင် ဖွဲ့စည်းရေး ညှိနှိုင်းအစည်အဝေး တက်ရောက်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း၊ ဗဟိုအလုပ်အမှုဆောင် ဧရာဝတီတိုင်း ဒေသကြီးပါတီ နာယက ဗဟိုကော်မတီဝင် ဦးတင်စိုးတို့နှင့်အတူ ဇွန်လ (၇)ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ဧရာဝတီတိုင်း ဒေသကြီး ညောင်တုံး မြို့နယ်၊ ဗိုလ်မြတ်ထွန်းတံတား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရိပ်သာ၌ ကျင်းပပြုလုပ်သော ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြန်လည်ပြင်ဆင် ဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
Read more