Year: 2025
နမ္မတူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးကျင်းပ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၁၂) ရက်က နမ္မတူမြို့နယ် ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ရာ ဗဟို ကော်မတီဝင် ဦးစိုင်းနော်ခမ်းဦး၊ ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေး စည်းရုံးရေး မှူးများ တက်ရောက်ခဲ့ကြသည်။ (more…)
Read more
တာချီလိတ်မြို့နယ် ကျေးရွာအုပ်စု ပါတီမျက်နှာစုံညီအစည်းအဝေးများ ကွင်းဆင်းဆောင်ရွက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မိုင်းကိုး ကျေးရွာအုပ်စု နှင့် မိုင်းဖုန်း (ခ) ကျေးရွာအုပ်စု၊ မိုင်းဖုန်း (က) ကျေးရွာအုပ်စုတို့တွင် ပါတီမျက်နှာစုံညီ အစည်းအဝေးနှင့် ပါတီ အဆင့်ဆင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာချီလိတ်မြို့နယ် ပါတီကော်မတီဝင်များဖြစ်ကြသည့် ဦးချမ်းမြ၊ ဦးကျဒေါလော်၊ ဦးဝေယံဦး၊ ဦးစိုင်း ခင်မောင်လှိုင်၊ ဦးအောင်ဝင်း၊ ဦးစိုင်းလုံ၊ မြို့နယ် (အရံ) ပါတီကော်မတီဝင်များဖြစ်သည့် ဦးစိုးကျော်အောင်၊ ဦးခင်မောင်လွင်၊ စည်းရုံးရေးမှူး ဦးဘိုမောင်၊ ဒေါ်နန်းကေဇင် လှိုင်တို့မှ ဇွန်လ (၁၂) ရက် နံနက်(၉)နာရီတွင် မိုင်းကိုးသို့ သွားရောက်ခဲ့ကြကြောင်း သိရသည်။
Read moreDIPD မှ ဖွင့်လှစ်သော မီဒီယာနှင့် ပြည်သူ့ဆက်ဆံရေးသင်တန်းသို့ ပြည်ခိုင်ဖြိုးပါတီမှ သင်တန်းသား (၄ဝ) တက်ရောက်
ပါတီများနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ်အင်စတီကျု (DANISH INSTITUTE FOR PARTIES AND DEMOCRACY -DIPD) ၏ မြန်မာပါတီစုံဒီမိုကရေစီ အစီအစဉ်အရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီအတွက် မီဒီယာနှင့် ပြည်သူ့ဆက်ဆံရေးသင်တန်း (Media and Public Relation-ship Training) ကို ဇွန်လ (၁၀) ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် မဟာဗန္ဓုလ လမ်းနှင့် (၃၁)လမ်းထောင့် ၁ဝ လွှာ အမှတ် ၄၅၈၊ ၄၆ဝ၊ အခန်း ၁ဝ-စီ၌ ဖွင့်လှစ်ခဲ့သည်။ (more…)
Read more
ဖားကန့်ပြည်ခိုင်ဖြိုးပါတီ ဘုရားဝန်းအတွင်း သန့်ရှင်းရေးလုပ်အားဒါနပြုလုပ်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်-ကားမိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဇွန်လ (၁၂) ရက် နံနက်ပိုင်းတွင် ကာမိုင်းမြို့၊ “ကောင်းမြတ်ချမ်းသာစေတီ” ဘုရားပရဝုဏ် အတွင်း သန့်ရှင်းရေး လုပ်အားဒါန ကုသိုလ်ပြုခဲ့ကြပြီးဆရာတော်ဘုရားအား ဖူမျှော် ကန်တော့ခဲ့ကြကြောင်း သတင်းရှိသည်။
credit;Kachinlion Kachinlion Kachinlion
Read more
ပရိသတ်များသောင်းကျန်းနေဦးမည်ဆိုပါက အင်္ဂလန်နှင့် ရုရှတို့ ယူရိုပြိုင်ပွဲမှ ထုတ်ခံရနိုင်
ဇွန် ၁၃၊ မာဆေး
ပရိသတ်သောင်းကျန်းမှုများထပ်ဖြစ်နေဦးမည်ဆိုပါက ယူရို ၂၀၁၆ ပြိုင်ပွဲမှထုတ်ခံရနိုင်သည်ဟု အင်္ဂလန်နှင့်ရုရှကို ယူအီးအက်ဖ်အေက သတိပေးခြိမ်းခြောက်လိုက် သည်။
စနေနေ့က ဖြစ်ပွားခဲ့သော လက်ခံနိုင်ဖွယ်မရှိသည့် ပရိသတ်ရန်ပွဲနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးအရေးယူမှုများလည်း စတင်ပြုလုပ်နေပြီ ဖြစ်သည်။
မာဆေးမြို့တွင် တစ်ဂိုးစီသရေကျခဲ့သောပွဲ၌ ရုရှပရိသတ်များသည် အင်္ဂလန်ပရိသတ်များဘက်သို့ လာရောက် တိုက်ခိုက်ခဲ့သည့် ရုပ်သံမှာ လည်း ပျံ့နှံ့နေသည်။
Read moreမကွေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးကျင်းပ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာ စုံညီ အစည်းအဝေးကို ယခုလ (၉) ရက် နံနက် (၁ဝ) နာရီတွင် တိုင်းဒေသကြီး ပါတီရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာ မောင်မောင်ဌေး၊ ပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေ၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးကြည်ထွန်းနှင့် ကော်မတီဝင်များ၊ မကွေးခရိုင်ပါတီ အတွင်းရေးမှူးနှင့် ခရိုင်ပါတီကော်မတီ ဝင်များ၊ မကွေးမြို့နယ်ပါတီ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာ စည်းရုံးရေးမှူးများနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၂၅ဝ) စုံညီစွာ တက်ရောက်ကြသည်။
Read more
နေမာကို ပေါင် ၁၅၃ သန်းဖြင့် ခေါ်ယူရန် ပီအက်စ်ဂျီ ကြိုးပမ်းနေ
ဘာစီလိုနာအသင်း ကြယ်ပွင့်ကစားသမား မက်ဆီကို ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းက ပေါင် ၁၅၃ သန်းအထိ အကုန်အကျခံပြီးခေါ်ယူသွားမယ်လို့ ဆိုပါတယ်။ ဘာစီလိုနာအသင်းက နေမာကို ချုပ်ဆိုထားတဲ့ စာချုပ်သဘောတူညီ ချက်အရ ဒီကစားသမားကို ခေါ်ယူချင်တဲ့အသင်းက ပေါင် ၁၅၃ သန်းခန့် ပေးရမှာ ဖြစ်ပါတယ်။
Read moreနွားထိုးကြီးပြည်ခိုင်ဖြိုးပါတီ မြို့နယ်အဆင့် မျက်နှာစုံညီ ကျင်းပမည်
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဦးဆောင်မှုနှင့် အောက်ခြေပါတီ မျက်နှာစုံညီအစည်းအဝေးများ မေလဆန်းမှ စတင်ကျင်းပ နေရာ ယခုအခါကျေးရွာ၊ ရပ်ကွက် (၇၂) အုပ်စု၌ ပြီးစီးနေပြီဟု မြို့နယ်ပါတီကော်မတီ အတွင်းရေးမှူး ဦးစိုးနိုင်ဝင်းက ပြောသည်။
မြို့နယ်အဆင့်မျက်နှာစုံညီအစည်းအဝေးကို ယခုလအတွင်း ကျင်းပနိုင်ရန်စီစဉ်နေပြီး ကျေးရွာ၊ ရပ်ကွက်မှ ပါတီကိုယ်စားလှယ် (၇၂) အုပ်စုမှ နှစ်ဦးစီ ပါတီဝင် (၁၄၄) ဦး တက်ရောက် ကြမည်ဟု သိရသည်။
ရုရှားနှင့် သရေကျခြင်းသည် ရှုံးနိမ့်သလို ခံစားရဟု ရွန်းနေ ပြောကြား
ပါရီ – မာဆေးမြို့၌ နည်းပြ လီယိုနစ်ဆလပ်စကီး၏ ရုရှားအသင်းက နောက်ဆုံးမိနစ် သွင်းဂိုးဖြင့် တစ်ဂိုးစီ သရေ ရလဒ်ရယူနိုင်ပြီးနောက် အင်္ဂလန်အသင်း ခေါင်းဆောင် ရွန်းနေက ရုရှားကို အင်္ဂလန်သရေကျခဲ့ခြင်းသည် ရှုံးနိမ့်ခဲ့ ရသလို ခံစားရသည်ဟုပြောကြားသည်။
အင်္ဂလန်က အဲရစ်ဒိုင်ယာ၏ အလွတ်တည်ကန်ဘောမှ တစ်ဆင့် သွင်းယူသော ဂိုးဖြင့်ပွဲပြီး ဆုံးတော့မည့် အခြေအနေတွင် နာကျင်အချိန်ပို၌ ရုရှားအတွက် ချေပဂိုးကို ဗာဆီလီဘရီဇူစကီက သွင်းယူခဲ့သဖြင့် တစ်ဂိုးစီ သရေ ကျသွားသည်။
Read more