ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာအကြီးအကဲက လက်နက်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ အလေးအနက်ထား ဆောင်ရွက်ရန် အမေရိကန်ကို တိုက်တွန်း

13411872_1719739334933234_688295280653489120_o

ဂျီနီဗာ ဇွန် ၁၅

အမေရိကန်တောင်ပိုင်း ဖလော်ရီဒါ၌ အစုလိုက်အပြုံလိုက် သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အရာရှိများက လက်နက် ကိုင်ဆောင်မှုနှင့် ပတ်သက်၍ ထိန်းချုပ်မှုများကို အလေးအနက်ထား ဆောင်ရွက်ရန် အမေရိကန်အာဏာ ပိုင်များကို တောင်းဆိုခဲ့သည်။

Read more

ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားပြုခဲ့ကြောင်း စွပ်စွဲခံရသည့်နောက် တိုကျိုအုပ်ချုပ်ရေးမှူး ရာထူးမှနုတ်ထွက်

dcew5t4y6

ပြည်သူ့ဘဏ္ဍာများကို ကိုယ်ကျိုးအတွက် သုံးစွဲခဲ့သည်ဆိုသော စွပ်စွဲချက်များကြောင့် တိုကျိုမြို့တော် အုပ်ချုပ်ရေးမှူး ရာထူးမှ နုတ်ထွက်ခဲ့ရကြောင်း သတင်းရရှိသည်။ ဂျပန်၏ မြို့တော်ဖြစ်သော တိုကျို၏ အစိုးရအဖွဲ့ကို ဦးဆောင်နေသော ယူအီချီ မာဆူဇိုသည် မိမိအနေဖြင့် ရာထူးမှ နုတ်ထွက်လိုက်ပြီဟု ဇွန် ၁၅ ရက်တွင် မီဒီယာများကို အသိပေးခဲ့သည်။ ၎င်းသည် အစိုးရ ငွေကြေးများကို ကိုယ်ပိုင် အားလပ်ရက် အပန်းဖြေ ခရီးများနှင့် အနုပညာ ပစ္စည်းများ ဝယ်ယူမှု၊ သားသမီးများအတွက် ရုပ်ပြကာတွန်း စာအုပ်များ ဝယ်ယူမှုတို့တွင် အသုံးချခဲ့ကြောင်း အပြင်း အထန် စွပ်စွဲခံခဲ့ရသည်။

Read more

မိုးညှင်းပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်ကျေးရွာအုပ်စု မျက်နှာစုံညီအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်ကျေးရွာအုပ်စု မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၁၅) ရက် နေ့လည် (၁) နာရီအချိန်က မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်တာဝန်ခံ ဦးကျော်စိုးလေး၊ သဘာပတိ၊ ခရိုင်ပါတီအတွင်းရေးမှူး၊
ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီအတွင်းရေးရေးမှူးနှင့် ပါတီကော်မတီဝင်များ (၄၆)အုပ်စုမှ အုပ်စု (ပ) ခေါင်းဆောင်၊ (ဒု)ခေါင်းဆောင်များ၊ လူငယ်ကေဒါများ စုစုပေါင်းအင်အား (၁၁၅)ဦး တက် ရောက်ခဲ့ကြသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန် ဧရာဝတီတိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်၊ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၊ ဧရာဝတီတိုင်း ဒေသကြီးတာဝန်ခံ ဗဟိုအလုပ်အမှုဆောင် ဦးသိန်းအောင်၊ ဗဟိုအလုပ်အမှုဆောင် ဦးသန်းဌေး၊ ဦးစိုးနိုင်၊ ဦးခင်ရီနှင့် ဦးခင်မောင်စိုး၊ ဦးအုန်းမြင့်၊ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းတို့သည် ဇွန်လ (၁၄ ရက်နေ့ မွန်းလွဲ (၁) နာရီက ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ တိုင်း ဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်၊ ပါတီဝင်များနှင့်တွေ့ဆုံပြီး လမ်းညွှန်အမှာစကား ပြောကြားသည်။

Read more

ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး ကျင်းပပြီးစီး

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၁၅) ရက် နံနက်ပိုင်းက မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တောင်ငူခရိုင်ပါတီ အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ သဘာပတိကြီးနှင့် ရေတာရှည်မြို့နယ် ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု (၅၉)အုပ်စုမှ စည်းရုံးရေးမှူးနှင့် ဒုတိယခေါင်းဆောင်များ စုံညီစွာတက်ရောက်ခဲ့ကြသည်။

Read more

မအူပင်ပြည်ခိုင်ဖြိုးပါတီ ခြင်ဆေးဖျန်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လူငယ်များ စုပေါင်း၍ မအူပင်မြို့တွင် ခြင်ဆေးဖျန်းမှုများကို လုပ်ကိုင်ခဲ့ကြောင်း မအူပင်ပြည်ခိုင်ဖြိုးပါတီမှ ကိုဝေယံက ပြောသည်။

မိုးရာသီဖြစ်သောကြောင့် ခြင်အန္တရာယ်နှင့် သွေးလွန်တုပ်ကွေး ကာကွယ်ရန်အတွက် ပြုလုပ်ပေး ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

Read more

သံတွဲခရိုင်နှင့် မြို့နယ်ပါတီ မျက်နှာစုံညီစည်းဝေးအတွက် တွေ့ဆုံမှာကြား

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ခန်းမ၌ ယနေ့ (ဇွန်လ ၁၅ ရက်) နံနက် (၉) နာရီအချိန်က ပြည်နယ်ပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝေမှ သံတွဲခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ နှင့် ကော်မတီဝင်များနှင့် တွေ့ဆုံ၍ မြို့နယ်နှင့် ခရိုင်ပါတီ မျက်နှာစုံညီ အစည်းအဝေးပြုလုပ်ရန် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

Read more

မြစ်ကြီးနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး ကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းစည်းဝေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မျက်နှာစုံညီ အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ (ဇွန်လ ၁၅ရက်) နံနက်(၉) နာရီ အချိန်က ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမမှာပြုလုပ်ခဲ့ရာ ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးလဂျွန်ငန်ဆိုင်း၊ ပြည်နယ် ပါတီအတွင်းရေးမှူး ဦးရားဝမ်ဂျုံ နှင့် ပြည်နယ်ပါတီကော်မတီဝင်များ၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ် ကော်မတီဝင်များ၊ ကြီးကြပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Read more

ဆေးကုသမှုခံယူနေသော ဝေဒနာရှင်များနှင့် တာဝန်ကျ ဆရာ၊ ဆရာမ များအား အာဟာရဒါနပြု

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖွဲ့စည်းထားရှိသော ဖြိုးစေတနာရှင် လူမှုကူညီရေးအဖွဲ့မှ သီပေါမြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်အောင် နှင့် ဖြိုးစေတနာရှင် ဥက္ကဋ္ဌ ဦးစိုင်းရန်နိုင်အေးတို့ ဦးဆောင်၍ ဇွန်လ (၁၂) ရက် နံနက် (၆) နာရီခွဲအချိန်က သီပေါမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ဆေးကုသမှုခံယူနေသော ဝေဒနာရှင် များနှင့် တာဝန်ကျ ဆရာ၊ ဆရာမများ၊ ၀န်ထမ်းများအား နွားနို့ နှင့် ပေါင်မုန့် ကိတ်မုန့် အစရှိသည့် အာဟာရများ ဒါနပြုလှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

မဘိမ်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ(၁၄) ရက် နံက် (၉) နာရီအချိန်က မြို့နယ်ပါတီရုံး၌ ကျင်းပ ပြုလုပ်ခဲ့ပြီး မြို့နယ်ပါတီ ဥက္ကဋ္ဌအဖြစ် ဦးဇော်လွင်၊ အတွင်းရေးမှူးအဖြစ် ဦးတင်ဝယ်၊ ဘဏ္ဍာရေးမှူး အဖြစ် ဦးဇော်မင်းနောင် နှင့် ပါတီကော်မတီဝင် (၁၂) ဦးတို့ကို အသီးသီး ရွေးချယ်အတည်ပြုခဲ့ကြောင်း သိရသည်။

Read more