သံတွဲပြည်ခိုင်ဖြိုး အမကကျောင်းများသို့ သွားရောက်လှူဒါန်းမှုပြု

Thantwe1

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်နှင့် သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များသည် ၂၀၁၅ ရွေကောက်ပွဲတွင် အနိုင် ရရှိခဲ့သော တောင်ညိုကျေးရွာအုပ်စုရှိ အမကကျောင်း နှစ်ကျောင်း၊ ခရမ်းမော်ကျေးရွာအုပ်စုရှိ အမကကျောင်းနှစ်ကျောင်း၊ ပြည့်ဝအုပ်စုရှိ အမကကျောင်း တစ်ကျောင်းမှ ဆရာဆရာမများအတွက် လုံချည်နှင့် ကျောင်းသားကျောင်းသူများအတွက် ကျောင်းသုံးဗလာစာအုပ် ဒါဇင် (၁၀၀) နှင့် KG တန်းအတွက် သွားတိုက်ဆေးနှင့် သွားတိုက်တံအစုံ (၅၀) သွားရောက်၍ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

ဝါးခယ်မမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးနှင့် ပြန်လည်ရွေးချယ် ဖွဲ့စည်းရေး ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီ မျက်နှာစုံညီ အစည်းအဝေးနှင့် ပြန်လည်ရွေးချယ် ဖွဲ့စည်းရေး အခမ်းအနားကို ဇွန်လ (၂၁) ရက် နံနက် (၁၀) နာရီတွင် မြို့နယ် ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။

13445361_791835787617582_3459251787649202201_n 13516562_791835544284273_1646544006563305307_n

(more…)


Read more

ပြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးကျင်းပ

13413787_397701513738315_2230784328985038265_nPyi1

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပြည်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်မျက်နှာစုံညီအစည်းအဝေးကို ဇွန်လ (၂၀) ရက် နံနက် (၉) နာရီ (၃၀) မိနစ်နာရီက မြို့နယ် ပါတီရုံး၌ ကျင်းပပြုလုပ် ရာ ပဲခူးတိုင်းဒေသကြီး (အနောက်) တိုင်းရွေးချယ်ရေးအဖွဲ့နှင့် တိုင်းပါတီ ကော်မတီဝင်များ၊ ပြည်ခရိုင်ပါတီ အတွင်းရေးမှူးနှင့် ခရိုင်ပါတီကော်မတီဝင် များ၊ ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ်များနှင့် အခြားဖိတ်ကြား သင့်သည့် ပုဂ္ဂိုလ်များ ပြည်မြို့နယ် (၆၉)အုပ်စု မှ စည်းရုံးရေးမှူးနှင့် ဒုတိယ ခေါင်းဆောင်များ စုံညီစွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Read more

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ပါတီ ကော်မတီ နှစ်ပတ်လည် မျက်နှာစုံညီ စည်းဝေး

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် (အရှေ့ပိုင်း) ခရိုင် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ၂ဝ၁၆ ခုနှစ် နှစ်ပတ်လည် မျက်နှာစုံညီ အစည်းအဝေးကို ယခုလ (၁၈) ရက် နံနက် (၉) နာရီတွင် မြို့နယ်ပါတီ ရုံးခန်းမဆောင်၌ ကျင်းပခဲ့သည်။

45294191-21062016

(more…)


Read more

ယူရိုပွဲပြီးလျှင် လက်ရွေးစင်ကစားသမားဘ၀မှ နားမည်ဟု အီဗရာဟီမိုဗစ် ကြေညာ

Football Soccer - Italy v Sweden - EURO 2016 - Group E - Stadium de Toulouse, Toulouse, France - 17/6/16 Sweden's Zlatan Ibrahimovic looks dejected after the match REUTERS/ Michael Dalder

ဆွီဒင်တိုက်စစ်မှူး အီဗရာဟီမိုဗစ်က ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲပြီးရင် လက်ရွေးစင် ကစားသမား ဘ၀ကနေ အနားယူတော့မှာ ဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။

အုပ်စု အီး မှာ ပါနေတဲ့ ဆွီဒင်ဟာ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် ဘယ်လ်ဂျီယံနဲ့ ယှဉ်ပြိုင်ရမှာပါ။

အခုပွဲစဉ်ဟာ ဆွီဒင်တိုက်စစ်မှူးအတွက် နောက်ဆုံးကစားတဲ့ လက်ရွေးစင်ပွဲ ဖြစ်သွားနိုင်တယ်လို့လည်း ခန့်မှန်းတာတွေ ရှိနေပါတယ်။

Read more

အိမ်ရှင်ကို ဂိုးပြတ်အနိုင်ယူပြီး အာဂျင်တီးနားအသင်း ကိုပါအမေရိက ဗိုလ်လုပွဲသို့ တက်ရောက်

13516379_1730026207250263_7420871273157462029_n

အမေရိကန် ၀-၄ အာဂျင်တီးနား

ယနေ့နံနက် ယှဉ်ပြိုင်ကစားခဲ့သည့် ရာပြည့်ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အာဂျင်တီးနားအသင်းက အိမ်ရှင်အမေရိကန်အသင်းကို ဂိုးပြတ်အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သည်။

အမေရိကန်အသင်းက ဒမ်ဆေး၊ ဇာဒက်စ်၊ ၀န်ဒိုလောစကီး၊ ဘရက်ဒ်လေတို့နှင့် အာဂျင်တီးနားအသင်းကို ရင်ဆိုင်ကစားခဲ့သော်လည်း အာဂျင်တီးနားဂိုးပေါက်ကို တစ်ကြိမ်မှ ခြိမ်းခြောက်နိုင်ခြင်းမရှိသည်အထိ ဖြစ်ခဲ့ရသည်။

Read more

ရာမို့စ်၏ ပယ်နယ်တီကို ဂိုးသမားဆူဘာဆစ် ကာကွယ်နိုင်ရန် မိုဒရစ် အကြံပေးခဲ့ကြောင်း သတင်းထွက်ပေါ်

13528057_1730039663915584_7131018259901538296_o

စပိန်အသင်းနှင့် ခရိုအေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် အုပ်စုနောက်ဆုံးပွဲစဉ်တွင် ဒဏ်ရာကြောင့် ပါဝင် ကစားနိုင်ခြင်းမရှိဘဲ အရံခုံထိုင်နေခဲ့ရသည့် ခရိုအေးရှားကွင်းလယ်ကစားသမား မိုဒရစ်သည် စပိန်အသင်းမှ ရာမို့စ်၏ ပယ်နယ်တီကို ကာကွယ်နိုင်ရန် အကြံပေးခဲ့ကြောင်း သတင်းထွက်ပေါ်လာခဲ့သည်။

ယင်းပွဲ၌ ပွဲချိန်မိနစ်(၇၀)ကျော်တွင် စပိန်အသင်းက ပယ်နယ်တီကန်ခွင့်ရခဲ့ပြီး အသင်းခေါင်းဆောင်နောက်ခံလူရာမို့စ် ကန်သွင်းရန် ပြင်ဆင်နေချိန်၌ ခရိုအေးရှား အသင်းခေါင်းဆောင် ဆာနာက မိုဒရစ်ထံ ပြေးသွား၍ အကြံပြုချက် ရယူခဲ့ပြီး ဂိုးသမားဆူဘာဆစ်ကို ပြန်လည်ပြောပြခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Read more

လက်ထောက်နည်းပြ ရိုင်ယန်ဂစ် မန်ယူအသင်းမှ ထွက်ခွာမည်

250px-Cskamu_17

မန်ယူအသင်း၏ လက်ထောက်နည်းပြဖြစ်သူ ရိုင်ယန်ဂစ်သည် ချန်ပီယံရှစ်ကလပ် နော့တင် ဟမ်ဖောရက်အသင်း နည်းပြအဖြစ် ပြောင်းရွှေ့ တာဝန်ယူရန် လက်ရှိကလပ်မန်ယူအသင်းမှ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။ 

မန်ယူအသင်းတွင် ကစားသမားဘဝနှင့် ရော နည်းပြဘဝနှင့်ပါ ၂၉ နှစ်ကြာဖြတ်သန်း ခဲ့ပြီးဖြစ်သည့် ရိုင်ယန်ဂစ်သည် မန်ယူအသင်း မှ ထွက်ခွာရန် သဘောတူညီထားပြီးဖြစ် ကြောင်းလည်း သတင်းများက ဖော်ပြထားသည်။

Read more

ထိုင်းတွင် အီး-စီးကရက် သုံးစွဲရောင်းချပါက ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်ထိ ချမှတ်မည်

E-Cigarettes03-pattayaone

ထိုင်းနိုင်ငံမှာ အီး-စီးကရက် လက်ဝယ်ပိုင်ဆိုင်ထားရှိသူတွေကို ထောင်ဒဏ် ၅ နှစ်ထိ ပြစ်ဒဏ်ချမှတ်မယ်လို့ အွန်လိုင်း နာမည်ကျော်ရဲဌာန စာမျက်နှာတခုဖြစ်တဲ့ “မာ့တ်ကာ” က အတည်ပြုလိုက်ပါတယ်။

ဥပဒေကို ချိုးဖောက်တဲ့ အီး-စီးကရက် အသုံးပြုသူတွေကို ထောင်ဒဏ် ၅ နှစ်နဲ့ ထုတ်လုပ်သူတွေကို ထောင်ဒဏ် ၁၀ နှစ်ထိ ပြစ်ဒဏ်ချမှတ်မှာ ဖြစ်ပါတယ်။

Read more

ကုလပိတ်ဆို့မှုကို ချိုးဖောက်ကာ မြောက်ကိုရီးယားက ဒုံးကျည်နှစ်စင်း ရှေ့ဆင့်နောက်ဆင့် ပစ်လွှတ်စမ်းသပ်

Musudan

ပြုံယမ်း၊ ဇွန် ၂၂

ကုလသမဂ္ဂ ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုကို အာခံလျက် မြောက်ကိုရီးယားနိုင်ငံက တာလတ်ပစ် ဖျက်အားပြင်းဒုံးကျည်နှစ်စင်းကို ရှေ့နောက်ဆင့် ပစ်လွှတ်စမ်းသပ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံက ပြောသည်။

နာရီပိုင်းအတွင်း ပစ်လွှတ်သည့် ယင်းဒုံးကျည်နှစ်စင်းက Musudan ဖျက်အားပြင်းဒုံးကျည်များဖြစ်ကြောင်း တောင်ကိုရီးယားက ပြောသည်။

Read more