“ဇွန်လထုတ် ရတီမဂ္ဂဇင်းမှာ ပါဝင်တဲ့ စောလားထော်ဝါး ရဲ့ Music Diary”
ဒီတစ်လရဲ့ Music Diary မှာတော့ မကြာ သေးခင်ကမှ ပရိသတ်တွေရဲ့ ချစ်ခင်အားပေး ရွေးချယ်မှုတွေနဲ့ အနုပညာစင်မြင့်ပေါ်ရောက်ရှိ လာခဲ့ကြတဲ့ Myanmar Idol Season 1 ရဲ့ မျိုးဆက်သစ် ဂီတလူငယ်လေးတွေရဲ့Diary လေးကို တင်ဆက်ပေးလိုက်ပါတယ်။ စောလား ထော်ဝါး၊ နင်ဇီမေ၊ M ဇော်ရိန်တို့ ၃ ဦးဟာ အခုချိန်မှာတော့ ကိုယ်စီကိုယ်စီ အနုပညာ ပြေးလမ်းတွေနဲ့ ပရိသတ်တွေရှေ့မှောက်ကို ပြန်လည်ရောက်ရှိလာကြတော့မှာပါ။ သီချင်းဆို ပြိုင်ပွဲကနေ အောင်မြင်လာခဲ့ကြတဲ့ သူတို့သုံး
ယောက်ရဲ့ မကျော်ကြားခင်က ဖြတ်သန်းမှုတွေ၊ အမှတ်တရသီချင်းလေးတွေ၊ ဂီတအပေါ်ခံယူ ချက်၊ ခံစားချက်တွေပေါင်းစည်းထားတဲ့ Music Diary ကို သူတို့ရဲ့အပြုံး ကိုယ်စီနဲ့ ဖွင့်လှစ်ရေး သားလိုက်တဲ့အခါမှာတော့ …










