ရခိုင်ပြည်နယ်တွင် ပြည်ခိုင်ဖြိုးပါတီကော်မတီ အဆင့်ဆင့်ကိုပြီးစီးအောင် ပြန်လည်ဖွဲ့စည်းမည်

ယမန်နှစ်ကကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် ရခိုင် ပြည်နယ်ရှိ မဲဆန္ဒနယ်အနည်းစုတွင်သာအနိုင်ရရှိခဲ့သည့် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ကော်မတီများကိုအဆင့် ဆင့်ပြန်လည်ဖွဲ့စည်းလျက်ရှိပြီး သြဂုတ်လတွင် ပြီးစီးမည်ဖြစ် ကြောင်း သိရသည်။

အသစ်ပြန်လည်ဖွဲ့စည်းမည့် ကော်မတီများအတွက် ကော်မတီ ဝင်များကိုရွေးချယ်ရာတွင် သင့်လျော်မည့် လူပုဂ္ဂိုလ်များကို အဆို ပြုပြီး ကော်မတီဝင်ရွေးချယ်ရေးအဖွဲ့က မဲစနစ်ဖြင့်ရွေးချယ်ခြင်း ဖြစ်ကြောင်း သိရသည်။

Read more

မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ အမရပူရမြို့နယ်ပါတီ မျက်နှာစုံညီ သို့ တက်ရောက်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမျက်နှာစုံညီ အစည်းအဝေးကို မှန်တန်းရပ်ကွက် အေးမေတ္တာ ခန်းမတွင် ဇွန်လ (၂၅) ရက် မွန်းလွဲ (၁) နာရီက ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌ ဦးရဲမြင့် တက်ရောက်ခဲ့သည်။

Read more

ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး ကံမမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီသို့ တက်ရောက် အမှာစကားပြောကြား

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ကံမမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ မြို့နယ်မျက်နှာစုံညီ အစည်းအဝေးကို ဇွန်လ (၂၄) ရက်နေ့ နံနက် (၉)နာရီခွဲက ကျင်းပရာ ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးက တက်ရောက် အမှာစကား ပြောခဲ့သည်။

Read more

တပ်မတော်သားများ သက်တမ်းပြည့် စစ်မှုထမ်းစေလိုဟု တပ်ချုပ်ပြော

တပ်မတော်သားများသည် ကိုယ်တိုင်ရွေးချယ်မှုဖြင့် တပ်မတော်သားဘ၀ကို ရွေးချယ်ခဲ့သူများ ဖြစ်သဖြင့် သက်တမ်း ပြည့် စစ်မှုထမ်းဆောင်စေလိုကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောကြားသည်။

13494750_1249258348441984_8813315706018200035_n

(more…)


Read more

ဘန်ကောက်အဲဝေး လေကြောင်းလိုင်းမှ မြန်မာပြည် ခရီးစဉ်များကို တိုးချဲ့ပျံသန်းမည်

ထိုင်းနိုင်ငံဘန် ကောက်အဲဝေး(Bangkok Airways) လေကြောင်းလိုင်းမှ မြန်မာနိုင်ငံမြို့ကြီး များဖြစ်သည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပုဂံနှင့် မြိတ်မြို့များသို့ လေကြောင်း ခရီးစဉ်များကို တိုးချဲ့ပျံသန်းသွားမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ ကပ္ပတိန်က ပြောကြားသည်ဟု ဇွန် (၂၃) ရက်က ဘန်ကောက်ပို့စ် သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

13509029_1215081685178009_8194188568540899143_n

(more…)


Read more

နှစ်လကြာရပ်ထားသည့် ရှမ်းပြည်နယ်လွှတ်တော် ဇူလိုင်တွင် ပြန်လည်စတင်မည်

နှစ်လကြာရပ်နားထားသည့် ရှမ်းပြည်နယ် လွှတ်တော်အစည်းအဝေးများကို လာမည့်ဇူလိုင်တွင် ပြန်လည်စတင် ကျင်းပမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် လွှတ်တော်ရုံးမှ သတင်းရရှိ သည်။

Shan Hluttaw

(more…)


Read more

နှစ်အလိုက် သက်တမ်းရှိ ငွေတိုက်စာချုပ်အသစ်များ စက်တင်ဘာတွင် ထုတ်ရောင်းမည်

သက်တမ်း ၂ နှစ်၊ သုံးနှစ်၊ ငါးနှစ် စသဖြင့် နှစ်အလိုက် သက်တမ်းရှိ ငွေတိုက်စာချုပ် (Bond) အသစ်များကို ပုဂ္ဂလိကဘဏ်များနှင့် စီးပွားရေး လုပ်ငန်းရှင်များထံသို့ စက်တင်ဘာလတွင် စတင်ထုတ်ရောင်းမည် ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမောင်မောင်ဝင်းက ပြောကြားသည်။

(more…)


Read more

ကုန်ပစ္စည်း ၁၄ မျိုးကို တစ်ဆင့်ခံ ပြည်ပတင်ပို့ခွင့်ပြုရန် စီစဉ်

လက်နက်၊ မူးယစ်ဆေး တို့မှအပ ယခင်ကန့်သတ်ထား သော ကုန်ပစ္စည်းများကို ပြည် တွင်းဈေးကွက်ဝယ်လိုအားနှင့် ထုတ်လုပ်မှုပေါ်မူတည်ပြီး တစ် ဆင့်ခံ ပြည်ပတင်ပို့ခွင့် (Re- Export)ခွင့်ပြုပေးမည်ဟု စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။ (more…)


Read more

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းစိန် ကရင်ပြည်နယ် ပါတီဝင်များနှင့်တွေ့ဆုံ

ဘားအံမြို့ရှိ ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ဒေါနခန်းမ၌ ဇွန်လ (၂၂) ရက်နေ့ မွန်းလွဲ (၃) နာရီခွဲတွင် ကျင်းပခဲ့သော တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင် ကရင်ပြည်နယ်တာဝန်ခံ သူရဦးမြင့်မောင်၊ ဗဟိုကော်မတီဝင် ဦးသူရိန်ဇော်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီ အတွင်းရေးမှူးများနှင့် ပါတီကော်မတီဝင်များ၊ ပထမအကြိမ်နှင့် ဒုတိယအကြိမ် လွှတ်တော် ကိုယ်စားလှယ်များ၊ ရပ်/ကျေး ပါတီဝင်များ စုစုပေါင်း အင်အား (၁၉၈) ဦး တက်ရောက်ခဲ့ ကြသည်။

Kayin2 13528835_398539423654524_8115727612111219863_n

(more…)


Read more