မန္တလေး-ကောလင်း ရထားခရီးစဉ်အသစ် ဇူလိုင် ၁ ရက် စတင်ပြေးဆွဲမည်

မန္တလေးမှ ကောလင်းဘူတာသို့ RBE ရထားအသစ်ဖြင့် ဇူလိုင် (၁) ရက်မှစ၍ ရထား ခရီးစဉ်အသစ် တိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထား  မန္တလေးဘူတာကြီးမှ သတင်းရရှိသည်။ (more…)


Read more

ယူရို ၂၀၁၆ ကွာတားဖိုင်နယ်ပွဲစဉ်များ ထွက်ပေါ်

13558816_1210920875609482_1397578496227772158_o

ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ ၁၆ သင်း ရှုံးထွက်အဆင့် ပွဲစဉ်တွေရဲ့ နောက်ဆုံးပွဲစဉ်ကို ဇွန်လ ၂၈ ရက် နံနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် ယခုအခါ ကွာတားဖိုင်နယ်ပွဲစဉ် တွေ့ဆုံမှုများ ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ ကွာတားဖိုင်နယ်ပွဲစဉ်တွေကို ဇူလိုင်လ ၁ ရက်မှ ၄ ရက်အထိ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

ယူရို ၂၀၁၆ ကွာတားဖိုင်နယ်ပွဲစဉ်များ

Read more

နိုင်ငံလက်ရွေးစင်အဖြစ် ဆက်ကစားရန် မက်ဆီကို သမ္မတက မေတ္တာရပ်ခံ

messi_1

ကိုပါအမေရိက ဗိုလ်လုပွဲစဉ်မှာ ပင်နယ်တီလွဲချော်ခဲ့ပြီးနောက် နိုင်ငံလက်ရွေးစင်ကစားသမားဘဝမှ အနားယူ တော့မယ့် လီယွန်နယ် မက်ဆီကို အာဂျင်တီးနားသမ္မတ မော်ရီစီယို မာ့ခ်ရီက လက်ရွေးစင်အသင်းမှာ ဆက်ကစားရန် ဖုန်းဆက်ပြီး မေတ္တာရပ်ခံ ပြောကြားခဲ့ကြောင်း သိရပါတယ်။

သမ္မတက မက်ဆီထံဖုန်းဆက်ပြီး အာဂျင်တီးနား ဘောလုံးအသင်းရဲ့ စွမ်းဆောင်ရည်အပေါ် ဂုဏ်ယူကြောင်း၊ ဝေဖန်မှုတွေကို ဂရုမစိုက်ရန်နဲ့ လက်ရွေးစင်အဖြစ်မှ အနားမယူရန် တိုက်တွန်းခဲ့ကြောင်း သမ္မတရဲ့ပြောခွင့်ရပုဂ္ဂိုလ်က ယနေ့ (ဇွန်လ ၂၈ ရက်) မှာ ပြောပါတယ်။

Read more

အိုက်စလန်ကိုရှုံးခဲ့တဲ့ပွဲအပြီးမှာ အင်္ဂလန်နည်းပြ ရွိုင်ဟော့ဆင် နှုတ်ထွက်

13490731_1056483391074212_6210848678698571355_o

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နည်းပြ ရွိုင်ဟော့ဆင်ဟာ အိုက်စလန်နဲ့ကစားခဲ့တဲ့ ယူရို ၂၀၁၆ရှုံးထွက်ပွဲမှာ ၂ဂိုး-၁ဂိုးနဲ့ ရှုံးထွက်ပြီးနောက် အင်္ဂလန်နည်းပြ ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

အသက် ၆၈နှစ်အရွယ်ရှိတဲ့ ရွိုင်ဟော့ဆင်ဟာ ပြီးခဲ့တဲ့ ယူရို ၂၀၁၂ပြိုင်ပွဲမတိုင် မီ အီတလီနည်းပြကာပယ်လိုနေရာမှာ အစားထိုးတာဝန်ယူခဲ့တာဖြစ်ပြီး သူ့ရဲ့ လက်ထက်မှာ နိုင်ငံတာကာပြိုင်ပွဲကြီး ၃ခုကို တာဝန်ယူခဲ့ပေမယ့် အောင်မြင် အောင်စွမ်းဆောင်နိုင်ခြင်းမရှိလို့အခုလိုနှုတ်ထွက်တာဖြစ်ပါတယ်။

Read more

ဟင်္သာတပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မြို့နယ်ပါတီ မျက်နှာ စုံညီ အစည်းအဝေးနှင့် ပါတီပြန်လည် ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို ယနေ့ ( ဇွန်လ ၂၈ ရက်) နံနက် (၉) နာရီ(၃၀)မိနစ်အချိန်ကစတင်၍ မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ရာ ပါတီ ဗဟိုကော်မတီဝင် (တိုင်း ဒေသကြီး ရွေးချယ်ရေးကြီးကြပ်မှုအဖွဲ့ နာယက အဖွဲ့ဝင်) ဦးခင်မောင်ရီနှင့် ခရိုင်ရွေးချယ်ကြီးကြပ်ရေး အဖွဲ့ဝင်များ၊ မြို့မိမြိုဖများ၊ သဘာပတိအဖွဲ့ဝင်များ၊ ဟင်္သာတခရိုင်/မြို့နယ် ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်/ ကျေးရွာ ပါတီကော်မတီဝင်များ၊ စုစုပေါင်း အင်အား (၂၃၀) ဦး တက်ရောက်ကြောင်း သိရသည်။

Read more

ပနားမားတူးမြောင်း ချဲ့ထွင်ရေးစီမံကိန်း ပြီးစီး၊ တရုတ်သင်္ဘော ပထမဆုံး ဖြတ်သန်း

Cargo-ship-in-Panama-canal-Reuters

ပနားမားတူးမြောင်းချဲ့ထွင်ရေး စီမံကိန်း ပြီးစီးသွားပြီဖြစ်လို့ ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်နေ့က ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ပြီး တရုတ်ကုန်တင်သင်္ဘောကြီးတစင်းက ပထမဆုံး ဖြတ်သန်း ခုတ်မောင်းခဲ့ပါတယ်။

အတ္တလန္တိတ်သမုဒ္ဒရာဘက်ကနေ ပစိဖိတ်သမုဒ္ဒရာဘက်ကို ဖြတ်သန်းခုတ်မောင်းခဲ့ပြီး ဖွင့်ပွဲအခမ်းအနား တက်ရောက် သူတွေက မီးရှူးမီးပန်းတွေ ပစ်ဖောက် ကြိုဆိုခဲ့ကြပါတယ်။

Read more

မာလကာရွက်၏ အစွမ်းထက်ပုံများ

နေအိမ်အများစုမှာ မာလ ကာပင်တွေစိုက်ပျိုးထားလေ့ရှိပြီး အသီးကိုသာအဓိကထားစားသုံး လေ့ရှိကြပါတယ်။ သို့သော်လည်း အများစုသတိမမူမိတဲ့အချက်က တော့ မာလကာရွက်ရဲ့အံ့ဖွယ် ဆေးဖက်ဝင်အစွမ်းသတ္တိတွေပဲ ဖြစ်ပါတယ်။

မာလကာရွက်ဟာ သဘာဝ ဆေးဝါးတစ်မျိုးဖြစ်ပြီး ဓာတ်တိုး ဆန့်ကျင်ဂုဏ်သတ္တိ၊ ရောဂါပိုး မွှားတွေကူးစက်တာကို ကာကွယ် နိုင်တဲ့အစွမ်းသတ္တိ၊ ရောင်ရမ်း တာတွေ၊ နာကျင်တာတွေကို ပျောက်ကင်းစေတဲ့ဂုဏ်သတ္တိ တွေပါဝင်ပါ တယ်။ ယနေ့ခေတ် မှာဆိုရင် မာလကာရွက်ကနေ ဆေးဝါးတို့၊ မာလကာရွက်လက် ဖက်ခြောက်တို့ပါ ထုတ်လုပ်သုံးစွဲ လာကြပြီဖြစ်ပါတယ်။

Read more

ရုပ်ရှင်ရိုက်ကူးတော့ မယ့် အဆိုတော် ရွှေထူး

ရွှေထူးက နေတိုး၊ မိုးစက်ဝိုင်တို့နဲ့ ရိုက်ကူးမယ့် ‘ပက်ပက်စက်စက်ညှို့’ လို့ ယာယီနာမည်ပေးထားတဲ့ ရုပ်ရှင် ဇာတ်ကားကြီးမှာ ပါဝင် သရုပ် ဆောင်မှာပါ။ ထူးခြားတာက အရပ်ရှည်ကြတဲ့ အနု ပညာရှင်တွေ ချည်းပဲ လို့ဆိုတဲ့ ရွှေထူးက သူ့အတွက် စိန် ခေါ်မှုတွေကိုလည်း အခုလိုပြောပါတယ်။

Read more

ရုရှားလုပ် MI-17 ရဟတ်ယာဉ် ပျက်ကျ၊ ကိုလံဘီယာစစ်သည် ၁၇ ဦး သေဆုံး

Helicopter-reuters

ကိုလံဘီယာနိုင်ငံ အလယ်ပိုင်း တောင်ထူတဲ့ နေရာမှာ ရုရှားလုပ် MI-17 ရဟတ်ယာဉ်တစီး ပျက်ကျလို့ စစ်သည် ၁၇ ဦး သေဆုံးတယ်လို့ ကိုလံဘီယာစစ်တပ်က ဇွန် ၂၇ ရက်မှာ ကြေညာပါတယ်။

ရဟတ်ယာဉ်ဟာ တောနက်ထဲက ချိုကိုခရိုင်ကနေ စစ်တပ်အခြေစိုက်စခန်းရှိရာ တိုလေမိုင်ဒါကိုအသွား မြို့တော် ဘိုကိုတာကနေ ၁၁၂ မိုင်အကွာ ကဲလ်ဒတ်စ် ခရိုင်ထဲမှာ ဇွန် ၂၆ ရက်က ပျက်ကျခဲ့တာပါ။

Read more

မြ၀တီမြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံသစ် အုတ်မြစ်ချရာတွင် လုပ်အားဒါနပြုဆောင်ရွက်

 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမြင့်ဦး နှင့် အတွင်းရေးမှူး ဦးထွန်းနေအောင်၊ မြို့နယ်ပါတီကော်မတီ ဦးအောင်ဝင်းတို့သည် မြို့ပေါ်အမှတ် (၁) (၂) (၃) ရက်ကွက်နှင့် ညီနောင်၊ ဝှေရှမ်း၊ မဲ့ပလဲ ရပ်/ကျေးပါတီ ဥက္ကဋ္ဌများ၊ ပါတီကေဒါ (၂၅) ဦးတို့လိုက်ပါ လျက် ယနေ့ (ဇွန်လ ၂၈ ရက်) နံနက်ပိုင်းက မဲ့ပလဲကျေးရွာအုပ်စု လိုက်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ဓမ္မာရုံသစ် အုတ်မြစ်ချရာ၌ တစ်နေ့တာလုပ်အားဒါနပြု ဆောင်ရွက်ခဲ့ကြသည်။

Read more