မိုးကောင်းပြည်ခိုင်ဖြိုးပါတီဝင်များ ဒေသဖွံ့ဖြိုးရေး ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်း အဝေးကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးကောင်းမြို့နယ် ပါတီအတွင်းရေးမှူး ဦးထွန်းထွန်းအောင် ဦးဆောင်သော မိုးကောင်းမြို့နယ် နမ္မတီးဒေသ ပြည်ခိုင်ဖြိုးပါတီဝင်များ ပါဝင်သော အင်အား (၃၀) ဦးသည် ဇူလိုင်လ (၇) ရက် နံနက် (၇) နာရီခွဲအချိန်က သူဌေးကုန်း ကျေးရွာ လမ်းမ ရေမြောင်းတူးခြင်း၊ ပိုက်ဂွေချခြင်း၊ သဲကျောက်ခင်းခြင်း လုပ်ငန်းများတွင် လုပ်အားဒါနပြု ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Read more

လပွတ္တာခရိုင် ပါတီမျက်နှာစုံညီစည်းဝေး ပြန်လည်ပြင်ဆင်ရေးရွေးချယ်ဖွဲ့စည်း

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာ စုံညီ အစည်းအဝေးနှင့် ပါတီပြည်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို ယခုလ ၅ ရက် နံနက် ၁ဝ နာရီက လပွတ္တာခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးအောင်တင်မြင့်နှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ တိုင်းဒေသကြီး ပါတီပြန်လည် ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေးကော်မတီဝင်များ၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်နှင့် မော်လမြိုင်ကျွန်းမြို့နယ်တို့မှ ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များနှင့် မြို့မိ မြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များမှ ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။
အခမ်းအနားအစီအစဉ် ပထမပိုင်းတွင်သဘာပတိက အဖွင့်အမှာ စကားပြောကြားခြင်း၊တိုင်းဒေသကြီး ပါတီအတွင်းရေးမှူးက ကျေးဇူးတင်စကားပြောကြားခြင်း၊အမျိုးသမီး ရေးရာအဖွဲ့၊မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းတို့အား တိုင်းဒေသကြီးပါတီနာယက (လပွတ္တာ ခရိုင်တာဝန်ခံ) ဦးဝင်းကိုကိုက အလှူငွေ တစ်သိန်းစီ လှူဒါန်းခြင်းတို့ပြုလုပ်ခဲ့ကြသည်။
အခမ်းအနားအစီအစဉ်ဒုတိယပိုင်းတွင် သဘာပတိတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးဥာဏ် လင်းရှေ့မှောက်၌ ခရိုင်ပါတီကော်မတီဝင်(အဟောင်း)များက တာဝန်မှနုတ်ထွက်ကြောင်း တင်ပြခြင်း၊ တိုင်းဒေသကြီးပါတီပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေးကော်မတီဝင် ဦးစိုးဝင်းက ခရိုင်ပါတီပြန်လည် ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသကြီး ပါတီပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့ စည်းရေးကော်မတီဝင်ဦးဝင်းကိုကိုက ဆန္ဒမဲပေးရွေးချယ်ထားသော ခရိုင်ပါတီကော်မတီဝင်လောင်းများ ၏အမည်စာရင်းအား အတည်ပြုကြေညာခြင်း၊သဘာဝတိက ဆန္ဒမဲ ပေးရွေးချယ်ထားသည့် ခရိုင်ပါတီ ကော်မတီဝင်နှင့် ခရိုင်အရန်ပါတီကော်မတီဝင်များ၏ အမည်စာရင်းအား အတည်ပြုကြေညာခြင်း၊ ဆက်လက်၍ ဥက္ကဋ္ဌဦးလှိုင်ဦး၊ အတွင်းရေးမှူး ဦးလှမြင့်၊ ဘဏ္ဍာ ရေးမှူး ဦးဝင်းနိုင်ဦးတို့အား အတည်ပြုကြေညာခြင်းနှင့် ခရိုင် ပါတီကော်မတီဝင်များက ကတိ သစ္စာပြုခြင်း အစီအစဉ်များဖြင့် ကျင်းပခဲ့ပြီး အခမ်းအနားကို ကြွေးကြော်သံ များဖြင့် အောင်မြင်စွာရုပ် သိမ်းလိုက်ကြောင်းသိရသည်။

Read more

ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာမောင်မောင်ဌေး အိန္ဒိယနိုင်ငံသို့ထွက်ခွာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ မောင်မောင်ဌေးသည် ယခုလ ၄ရက် မွန်းလွဲ ၂နာရီ ၂၅ မိနစ်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ပြုလုပ်မည့် အိန္ဒိယဖောင်ဒေးရှင်း နှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့်နိုင်ငံတကာလေ့လာရေးအဖွဲ့တို့အကြား အမြင်ချင်းဖလှယ် ဆွေးနွေးပွဲသို့တက်ရောက်ရန်အတွက် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းလိုင်းအမှတ် AI 228 W ဖြင့်ထွက်ခွာသွားရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် နိုင်ငံခြားရေးရာဌာနမှဒုတိယဌာနမှူး ဦးဆွေဝင်းနှင့် တာဝန်ရှိသူများက လိုက်လံပို့ဆောင်နှုတ်ဆက်ကြောင်း သိရသည်။

Read more

ထိုင်ဝမ်တွင် ရထားတစ်စီးပေါ် ပေါက်ကွဲမှု ဖြစ်ပွားပြီး အများအပြား ဒဏ်ရာရ

defref

ထိုင်ဝမ်နိုင်ငံ၏ မြို့တော် ထိုင်ပေတွင် ရထားတစ်စီးပေါ်၌ ပေါက်ကွဲမှု ဖြစ်ပွားရာ အနည်းဆုံး လူ ၂၄ ဦးမျှ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ဇူလိုင် ၇ ရက် ညပိုင်းကဖြစ်ရပ်တွင် တိုင်ပေရှိ ဆွန်ရှန်ဘူတာ၌ ရထားတစ်စီးပေါ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဟု ရဲများက ဆိုသည်။ ပေါက်ကွဲမှု အရှိန်ကြောင့် အချို့သောခရီးသည်များမှာ အလွန်ဆိုးရွားသည့် မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြကြောင်း သိရသည်။

Read more

C20.China Summit အခမ်းအနားတက်ရောက်ရန်ထွက်ခွာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဦးသိန်းစိန်စင်တာမှ အလုပ် အမှုဆောင် ဦးကိုကိုလှိုင်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင် ဒေါက်တာဝင်းအောင်ကျော် တို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Gingsao မြို့တွင်ကျင်းပသော C20.China Summit အခမ်းအနားသို့တက်ရောက်ရန် ယခုလ ၄ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်း လိုင်းအမှတ် KA 251 ဖြင့်ထွက်ခွာသွားရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် နိုင်ငံခြားရေးရာဌာနမှ ဒုတိယဌာနမှူးဦးဆွေဝင်း နှင့်တာဝန်ရှိသူများက လိုက်လံပို့ဆောင် နှုတ်ဆက်ကြောင်း သိရသည်။

Read more

နိုင်ငံအနှံ့ အသေခံ ဗုံးခွဲမှုများအတွက် ပါကစ္စတန်သား အများစု အပါအဝင် ၁၉ ဦးကို ဆော်ဒီဖမ်းဆီးထား

fgrgthgt

ရာမာဒန် ကာလအတွင်း နိုင်ငံအနှံ့ အသေခံ ဗုံးခွဲတိုက်ခိုက်မှု ၃ ကြိမ် ဖြစ်ပွားခဲ့မှုနှင့် ဆက်စပ်၍ ဆော်ဒီအာရေး ဘီးယား ရဲတပ်ဖွဲ့က ပါကစ္စတန် နိုင်ငံသား အများစု အပါအဝင် လူ ၁၉ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။ ယခုသီတင်းပတ် အစောပိုင်းက အစ္စလာမ်မစ် ဘာသာရေး၏ အထွဋ်အမြတ် နေရာတစ်ခုဖြစ်သည့် မီဒီနာမြို့ အပါအဝင် ဆော်ဒီတွင် နေရာ ၃ ခု၌ ၂၄ နာရီ အတောအတွင်း ဗုံးပေါက်ကွဲမှုများ ဆင့်ကဲ ဖြစ်ပွားခဲ့သည်။ မီဒီနာမြို့၊ တမန်တော် မိုဟာမက် ဗလီကြီးအနီး အသေခံ ဗုံးခွဲမှုတွင်မူ လုံခြုံရေး အရာရှိ ၄ ဦးပါ သေဆုံးခဲ့သည်။

Read more

တရုတ်အလယ်ပိုင်းတွင် မိုးပိုနိုင်ဖွယ်ရှိ၊ အနီရောင် သတိပေးချက် ထုတ်ပြန်

China-flood03-Reuters

ပြီးခဲ့တဲ့ရက်တွေအတွင်း မိုးတွေ ရက်ဆက်ရွာလို့ ရေကြီးရေလျှံနေတဲ့ တရုတ်နိုင်ငံ အလယ်ပိုင်းက ဟူပေးပြည်နယ် ၀ူဟန်မြို့မှာ လာမယ့်ရက်တွေမှာလည်း မိုးပိုရွာလာနိုင်ဖွယ်ရှိလို့ အနီရောင် သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဝူဟန်မြို့မှာ လူဦးရေ ၁၀ သန်းလောက်နေထိုင်ပြီး မြို့နေရာအများစုမှာလည်း ရေမြုပ်နေတာပါ။

သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ၊ လျှပ်စစ်မီးတွေ ပြတ်တောက်နေပြီး မြို့ခံတချို့ဟာ သူတို့အိမ်တွေထဲမှာ ပိတ်မိနေကြတာပါ။

Read more

အာရှရုပ်ရှင် တိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်သည့်အတွက် ဆုချီးမြှင့်ခံရသည့် လီဗြောင်ဟွန်း

တောင်ကိုရီးယားမင်းသား လီဗြောင်ဟွန်းသည် အာရှရုပ်ရှင်လုပ်ငန်း တိုးတတ်ရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အတွက် (၁၅) ကြိမ်မြောက် New York Asia ရုပ်ရှင်ပွဲတော်တွင် Star Asia Award ဆုကို ချီးမြှင့်ခြင်းခံခဲ့ရသည်။

007+Byung-hun+Lee+as+Han+Cho+Bai+

(more…)


Read more

လူအခွင့်အရေးအလွဲသုံးခြင်းကြောင့် ကင်ဂျုံးအွန်ကို အမေရိကန်က တိုက်ရိုက်ဒဏ်ခတ်ပိတ်ဆို့မှု ပထမဆုံးချမှတ်

လူအခွင့်အရေးအလွဲသုံးစားမှုများကြောင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်အား အမေရိကန်နိုင်ငံက ပထမဆုံးအဖြစ် တိုက်ရိုက်ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်သည်။

New Picture

(more…)


Read more

တောင်တရုတ်ပင်လယ်အရေး ဆုံးဖြတ်ချက်မချမီ အချုပ်အချာအာဏာကို ထိပါးခြင်းမပြုရန် အမေရိကန်ကို တရုတ်သတိပေး

တရုတ်၏ တောင်တရုတ်ပင်လယ်အတွင်း ပိုင်ဆိုင်မှုများအပေါ် ခုံရုံးက ဆုံးဖြတ်ချက်မချမီ အမေရိကန်နိုင်ငံ အနေဖြင့် တောင်တရုတ်ပင်လယ်အတွင်း အချုပ်အချာ အာဏာနှင့် လုံခြုံရေးကိုထိခိုက်မည့် မည်သည့်ကိစ္စမျှ မပြုလုပ်သင့်ကြောင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကို ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

Sea

(more…)


Read more