သမ္မတ ရှီကျင့်ဖျင် တရုတ်စစ်တပ်ကို အသင့်ပြင်ထားရန် အမိန့်ပေး

နိုင်ငံတကာ တရားရုံးက တောင်တရုတ်ပင်လယ် ပိုင်ဆိုင်ခွင့် တရုတ်ရဲ့တောင်းဆိုချက်ကို ပယ်ချခဲ့ပြီးနောက် သမ္မ ရှီကျင့်ဖျင်က နိုင်ငံပိုင်နက်ကို ကာကွယ်ဖို့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်(PLA) အား အသင့်ပြင်ထားရန် အမိန့်ပေးလိုက်တယ်လို့ အမေရိကန်အခြေစိုက် Boxun ရုပ်သံသတင်းပြောဆိုချက်ကို ကိုးကားပြီး ကိုရီးယား သတင်း Arirang က ဆိုပါတယ်။ နိုင်ငံတကာတရားရုံးရဲ့ ဆုံးဖြတ်ချက်ကို အသုံးချပြီး အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေဟာ တောင်တရုတ် ပင်လယ်မှာ ကျူးကျော်ရန်စမှုတွေ ပြုလုပ်လာနိုင်တဲ့ အတွက် ဖြစ်တယ်လို့ လည်း သူက ပြောဆိုတယ်လို့ သိရပါတယ်။
Read more
















