ဂျပန်နိုင်ငံအတွက် Windows 10 ဖုန်းတစ်မျိုးကို Lenovo နှင့် SoftBank မိတ်ဆက်

Lenovo သည် ဂျပန်နည်းပညာစီးပွားရေးကော်ပိုရေးရှင်းကြီးဖြစ်သော SoftBank နှင့်ပူးပေါင်းကာ Windows 10 ဖုန်းတစ်မျိုးကို ဖြန့်ချိခဲ့သည်။

JP

(more…)


Read more

ဂျပန်ဘုရင် ထီးနန်းစွန့်လွှတ်မည်ဟူသော သတင်းအား ဂျပန်တော်ဝင်နန်းတော်က ငြင်းဆို

ဂျပန်တော်ဝင်ဧကရာဇ် အကီဟီတိုသည် ထီးနန်းစွန့်မည်ဟူသည် မဟုတ်မှန်ကြောင်း အိမ်တော်ဝန်ရုံးက ဇူလိုင် ၁၄ ရက်က သတင်းထုတ်ပြန်ပြောဆိုလိုက်သည်။

Japan

(more…)


Read more

ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်မရခဲ့သည့်ပါတီများ ၂၁ ရာစုပင်လုံ တက်ရောက်မည့် ကိုယ်စားလှယ် ရွေးချယ်နိုင်ရေး ဆွေးနွေးမည်

၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်မရခဲ့သည့် ပါတီများ ၂၁ ရာစု ပင်လုံညီလာခံသို့ ကိုယ်စားပြု ကာ တက်ရောက်ဆွေးနွေးမည့် ကိုယ်စားလှယ်များ ရွေးချယ်နိုင်ရန် ညှိနှိုင်းအစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) မှ သတင်းရရှိသည်။ (more…)


Read more

လူမျိုးရေးပဋိပက္ခဖြစ်ပွားစေရန် ကျူးလွန်သော ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ ဓမ္မစက်နှင့် တားမြစ်မရပါက အာဏာစက် ဖြင့် အရေးယူမည်

နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် လူမျိုးရေးပဋိပက္ခ ဖြစ်ပွားစေရန် ကျူးလွန်သည့် ပုဂ္ဂိုလ်၊ အဖွဲ့ အစည်းများကို ဓမ္မစက်ဖြင့် တားမြစ်ဆောင်ရွက်၍ မရပါက အာဏာစက်ဖြင့် အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရ ဦးအောင်ကိုက ပြောသည်။ (more…)


Read more

ဝန်ကြီးဌာနများနှင့် ပူးပေါင်းလုပ်ကိုင်လိုသည့် ကုမ္ပဏီများအား ကန်ထရိုက်မှတ်ပုံတင် လက်မှတ်ထုတ်ပေးမည်

ဝန်ကြီးဌာနများက ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ကန်ထရိုက်စနစ်ဖြင့် ခေါ်ယူမည့်လုပ်ငန်းများတွင် လုပ်ကိုင်လိုသည့်ကုမ္ပဏီများအား ကန်ထရိုက် မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးမည်ဖြစ်ကြောင်း ဆောက်လုပ် ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ (more…)


Read more

မလေးရှားတွင် မြန်မာသုံးဦးကို သတ်ခဲ့သူများနှင့် သက်ဆိုင်သည် ရုပ်သံမှတ်တမ်းများရရှိ

မလေးရှားနိုင်ငံ ပီနန်းပြည်နယ်တွင် မြန်မာနိုင်ငံသား သုံးဦးကို သတ်ဖြတ်ခဲ့သည့် ဆိုင်ကယ်စီးလူအုပ်ကို မဖမ်းမိ သေးသော်လည်း ၎င်းတို့နှင့် ပတ်သက်သည့် ရုပ်သံ (CCTV) မှတ်တမ်း ရရှိထားပြီဖြစ်ကြောင်း မြန်မာသံရုံးက ဇူ လိုင်လ (၁၄) ရက်နေ့က သတင်းထုတ်ပြန်သည်။ (more…)


Read more

လာမည့်တစ်ပတ်အတွင်း ချင်းတွင်းနှင့် ဧရာဝတီမြစ်ဖျားပိုင်းဒေသများတွင် မိုးပိုလာနိုင်ခြင်းကြောင့် မြစ်ရေပြန် တက်လာနိုင်ဟု ဒေါက်တာထွန်းလွင် ပြောကြား

လာမည့်တစ်ပတ်အတွင်း ချင်းတွင်းမြစ်ဖျားပိုင်းနှင့် ဧရာဝတီမြစ်ဖျားပိုင်းဒေသများတွင် မိုးပိုလာနိုင်ခြင်းကြောင့် မြစ်ရေပြန်တက်လာနိုင်ကြောင်း မိုးလေ၀သ နှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ဇူလိုင် (၁၄) ရက်က သတိပေးထားသည်။ (more…)


Read more

မြေအောက်ပြတ်ရွေ့ကြောကြီးကြောင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့တွင် ငလျင်ကြီးများ ဖြစ်ပေါ်နိုင်ဟုဆို

အာရှတောင်ပိုင်းတွင် တည်ရှိနေသည့် ဧရာမမြေလွှာပြတ်ရွေ့ကြောကြီးတစ်ခုက မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ တို့၌ အင်အားပြင်းထန်သော ငလျင်ကြီးများ ဖြစ်ပေါ်စေနိုင်သည့် သဘာဝခြိမ်းခြောက်မှုကြီး တစ်ခုအဖြစ် တည်ရှိ နေကြောင်း သိရှိရ သည်။ (more…)


Read more

ဒန့်သလွန်သီးစားရင်‬ သင့်ခန္ဓာကိုယ်မှာ ဒါတွေဖြစ်မယ်

ဒန့်သလွန်သီးက အစာအိမ်ရောဂါတွေကို ကုသရာမှာ အထူးထိရောက်ပါတယ်။
၁ – အသည်းကို ကာကွယ်ပေးတယ်

ဒန့်သလွန်သီးမှာ ဗီတာမင် စီ၊ ferulic အက်ဆစ်နဲ့ catechin တွေ ပါဝင်ပါတယ်။ ဆေးဝါးနဲ့ အခြားကိစ္စတွေကြောင့်ဖြစ်ပွားတဲ့ အသည်းထိခိုက်မှုကို မြန်မြန်ဆန်ဆန်ပြန်ကောင်းလာဖို့ ကူညီပေးပါတယ်။

၂ – ပိုးသတ်ပေးတယ်

Read more

ဟောလိဝုဒ်လောကတွင်လည်းအောင်မြင်ကျော်ကြားနေသည့်…မင်းသားရိန်း

Full House ကိုရီးယားအချစ် ဟာသဇာတ်လမ်းတွဲဖြင့် မြန်မာ ပရိသတ်များနှင့် စတင်ရင်းနှီးခဲ့ သည့် တောင်ကိုရီးယားထိပ်တန်း ငွေကြယ်ပွင့် အဆိုတော်မင်းသား လေးရိန်းသည် အာရှတွင်သာမက ကမ္ဘာကျော်ဟောလိဝုဒ်လောကသို့ ပါခြေဆန့်ပြီးအောင်မြင်ကျော်ကြား နေသူဖြစ်သည်။ ရိန်း၏နာမည် အရင်းကမူ ဂျန်ဂျီဟွန်းဖြစ်ပြီး ပရိ သတ်များကမူ ၄င်းကိုအဆိုတော် ရိန်းအဖြစ်ပိုမိုသိခဲ့ကြသည်။ ရိန်း သည် ဟောလိဝုဒ်လောကသို့ ထိုး ဖောက်ဝင်ရောက်နိုင်ရေးအတွက် အင်္ဂလိပ်ဘာသာစကားကို သေချာ လေ့လာလိုက်စားခဲ့သူဖြစ်သည်။
ရိန်းသည် အသက် ၁၆ နှစ် အရွယ် ၁၉၉၈ ခုနှစ်ကတည်းက အနုပညာလောကကို ဝင်ရောက်ခဲ့ ပြီး Fanclub ဟူသည့်အဆိုတော် အဖွဲ့တွင်စတင်ပါဝင်ခဲ့ပြီး တေး အယ်လ်ဘမ်နှစ်ခုထုတ်ဝေခဲ့သည်။ ၂ဝဝ၂ ခုနှစ်မှစတင်ကာ ရိန်း အမည်ဖြင့် တစ်ကိုယ်တော်တေး သီချင်းများ စတင်သီဆိုဖျော်ဖြေ ခဲ့သည်။
သရုပ်ဆောင်လောကထဲသို့ ၂ဝဝ၃ ခုနှစ်မှာစတင်ဝင်ရောက် ခဲ့ပြီး ၂ဝဝ၄ ခုနှစ်မှစတင်ကာ အောင်မြင်မှုသရဖူဆောင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်တွင် ၄င်း သည် တေးအယ်လ်ဘမ်ခြောက်ခု ထုတ်ဝေခဲ့ပြီး ကမ္ဘာလှည့်ဂီတဖျော် ဖြေပွဲပေါင်းများစွာကိုလည်း သီဆို ဖျော်ဖြေခဲ့ပြီးဖြစ်သည်။
ရိန်းသည် နိုင်ငံတကာနာမည် ကြီးကုမ္ပဏီကြီးများ၏ ရုပ်ရှင် ဇာတ်ကားများစွာတွင်ပါဝင်သရုပ် ဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး Racer နှင့် Ninja Assassin ဇာတ် ကားများကမူ ၄င်း၏ကမ္ဘာကျော် နာမည်ကြီး ရုပ်ရှင်ဇာတ်ကားများ ဖြစ်သည်။ လက်ရှိတွင် ကိုရီးယား ဒရာမာ မင်းသမီးချောလေး ကင်မ် တေးဟီးနှင့်ချစ်ကြိုက်နေလျက်ရှိပြီး လူငယ်ပရိသတ်နှင့် လူလတ်ပိုင်း ပရိသတ်များ၏အားပေးမှုကို အခိုင် အမာရရှိနေဆဲဖြစ်သည်။အောင်မြင် ကျော်ကြားမှုများ၏သရဖူရှင် ရိန်း ကို ၁၉၈၂ ခုနှစ် ဇွန် ၂၅ ရက် တွင်မွေးဖွားခဲ့သည်။

Read more