မန်စီမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေး၊ ပါတီကော်မတီ ပြန်လည်ရွေးချယ်ဖွဲ့စည်း

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မန်စီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ပါတီပြန်လည် ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး အခမ်းအနားကို မြို့နယ် ပါတီရုံးတွင် ဇူလိုင်လ (၂၃) ရက် နံနက်(၀၉း၄၅) နာရီမှစတင်၍ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်ပါတီကော်မတီဝင် ဦးဝင်းမောင်သိန်း၊ ပြည်နယ်ပါတီကော်မတီဝင် ဒေါ်နန်းစိုးစိုးအောင်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးသန်းဇော်လေးနှင့် ခရိုင်ပါတီ ကော်တီဝင်များဖြစ်ကြသော ဦးကျော်စွာဝင်း၊ ဦးလဒွဲ၊ မြို့နယ်ပါတီ နာယက များ၊ အကြံပေးများ၊ ရွေးချယ်တင်မြောက်ရေးကော်မရှင်နှင့် အရွေးချယ်ခံ မြို့နယ်ပါတီကော်မတီဝင်ဟောင်း (၂၀) ဦး နှင့် ရပ်/ကျေးပါတီ ပ-ဒုခေါင်းဆောင် (၃၀)ဦး၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ ကြက်ခြေနီများ၊ စုစုပေါင်း အင်အား (၂၀၀)ဦး တက်ရောက်ခဲ့ကြသည်။

Read more

ကျုံပျော်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ ခြင်ဆေးဖြန်းခြင်း ဆောင်ရွက်

13782235_1732410687010708_3726023021442592398_n

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ် မချမ်းဘော့မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ နှင့် အတွင်းရေးမှူး တို့သည် ဇူလိုင်လ (၂၃) ရက်နေ့က အင်းရဲကျေးရွာအုပ်စု အင်းရဲတိုက်နယ် အထက် တန်းကျောင်း၊ တိုက်နယ်ဆေးရုံ၊ ရဲစခန်းတို့တွင် ခြင်ဆေးဖြန်းခြင်း လုပ်ငန်း များ သွားရောက်ဆောင်ရွက်ခဲ့ရာ တိုက်နယ်တာဝန်ခံများ ကျေးရွာအုပ်စု စည်းရုံးရေးမှူးနှင့် အမှုဆောင်များ၊ လူငယ်တာဝန်ခံများ၊ ရပ်မိရပ်ဖ များလိုက်ပါ ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Read more

မချမ်းဘော၊ ပူတာအို မြို့နယ်ပြည်ခိုင်ဖြိုးပါတီများ ပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်း

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် ပူတာအိုမြို့နယ်၊ မချမ်းဘော့မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးနှင့် ပါတီပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေးကို ဇူလိုင်လ (၂၁) ရက်နှင့် (၂၂) ရက်များတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရာတွင် တိုင်းရင်းသားလူမျိုးများ အတွင်း လက်တွေ့ကျကျ စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့ရှုပြီး ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံကာ ရဝမ်၊ လီဆူ၊ ဂျိန်းဖော၊ ရှမ်း၊ ဗမာ လူမျိုးများ မျှတညီညွတ်စွာ ပါဝင်စေပြီး ပါတီတွင်း ဒီမိုကရေစီ နည်းလမ်း ကျစွာ ဆန္ဒမဲဖြင့် ရွေးချယ်တင်မြောက်ခဲ့ကြသည်။

Read more

ဟင်္သာတမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကျောင်းသားကျောင်းသူများအား အာဟာရတိုက်ကျွေး

ကျောင်းနေအရွယ်ကလေးငယ်များ ဥာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျန်းမာဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ဟင်္သာတမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နို့ဆန်ပြုတ်အာဟာရ တိုက်ကျွေးပွဲကို ဇူလိုင်လ (၂၁) ရက် နံနက် ၁၁ နာရီက ဟင်္သာတမြို့နယ် ပဲကြီးကျွန်းကျေးရွာအုပ်စု ပဲကြီး ကျွန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ ကျင်းပရာ ကျောင်းသား ကျောင်းသူ ၃၄၈ ဦးတို့အား မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီ ဝင်များ၊ မြို့နယ်ပါတီ အရန်ကော်မတီဝင်များ၊ ပဲကြီး ကျွန်းကျေးရွာအုပ်စု စည်းရုံးရေး မှူးနှင့် အလုပ်အမှုဆောင်များ၊ ပါတီဝင်များ၊ ရပ်မိရပ်ဖများ သွားရောက်လှူဒါန်းခဲ့သည်။

Read more

ဝါဆိုတော်မူကြမည့်သံဃာတော်များအား ဝါဆိုပန်းဆက်ကပ်

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဆရာ ဒကာကျောင်းဖြစ်သော ဟင်္သာတသုံးထပ်စာသင်တိုက်တွင် ဝါဆိုတော်မူကြမည့် ဆရာတော် ဦးဝဏ္ဏိတနှင့် သံဃာတော်များအား ဝါဆိုပန်းများကို ယခုလ ၂၁ ရက် ညနေ ၆ နာရီတွင် ဆက်ကပ်လှူဒါန်းခဲ့သည်။

၎င်းလှူဒါန်းပွဲသို့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး ဒေါ်လဲ့လဲ့အေးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက် ၂ဝ မှပါတီဝင်များ တက်ရောက်လှူဒါန်းကြကြောင်း သိရသည်။

Read more

ရန်ကုန်အနောက်ပိုင်းခရိုင်ပါတီ မျက်နှာစုံညီစည်းဝေး ခရိုင်ကော်မတီဝင်အသစ်များရွေးချယ်

ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုး ပါတီမျက်နှာစုံညီအစည်းအဝေးနှင့် ခရိုင်ကော်မတီအသစ်ရွေးချယ်ပွဲ ကို အလုံမြို့နယ်ရှိ အနောက်ပိုင်း ခရိုင် ပြည်ခိုင်ဖြိုးရုံးခန်းမ၌ ဇူလိုင်လ (၂၂) ရက် နံနက် ၁ဝ နာရီကကျင်းပရာ ပါတီ ဗဟိုကော်မတီဝင်များဖြစ်သော ဦးနန္ဒကျော်စွာ၊ ဦးခင်မောင်စိုး၊ ဦးတင်ဝင်း၊ ဦးတင်အောင်နှင့် ဦးသာဝင်း (ရန်ကုန်တိုင်း ဒေသကြီး အတွင်းရေးမှူး)တို့ တက်ရောက်ကြသည်။

Read more

ချင်းပြည်နယ် မျက်နှာစုံညီအစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်တက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (အထက်မြန်မာပြည် ပြန်လည်ရွေး ချယ်ဖွဲ့စည်းရေးတာဝန်ခံ) သူရ ဦးအေးမြင့်သည် ယမန်နေ့နံနက် ၈ နာရီက ချင်းပြည်နယ်မြို့တော် ဟားခါးပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမကြီး၌ကျင်းပသည့် ချင်းပြည် နယ် မျက်နှာစုံညီအစည်းအဝေး သို့တက်ရောက်ကာ အဖွင့်အမှာ စကားပြောကြားပြီး ပြည်နယ်ပါတီ ၏ ပြန်လည်ဖွဲ့စည်းရေးလုပ်ငန်း များကိုကြီးကြပ်ဆောင်ရွက်သည်။
အထက်ပါ ချင်းပြည်နယ် မျက်နှာစုံညီအစည်းအဝေးသို့ ပြည် နယ်ပါတီဥက္ကဋ္ဌ ဦးဟုန်းငိုင်းနှင့် ပြည်နယ်ပါတီကော်မတီဝင်များ၊ ပါတီနာယကအဖွဲ့ဝင်များ၊ပါတီရွေး ချယ်တင်မြှောက်ရေးကော်မရှင် အဖွဲ့ဝင်များ၊ ဟားခါးခရိုင်၊ ဖလမ်း ခရိုင်နှင့် မင်းတပ်ခရိုင်တို့မှ ပါတီ ဥက္ကဋ္ဌများနှင့်ဖိတ်ကြားထားသူများ၊ ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ပေါင်း ကိုးမြို့နယ်တို့မှ ပါတီဥက္ကဋ္ဌ များနှင့် ဖိတ်ကြားထားသူများ စုစု ပေါင်းအင်အား ၅ဝ ကျော် တက် ရောက်ကြသည်။

Read more

အင်္ဂလန်အသင်း တိုးတက်အောင် ဆမ်အလာဒိုက် လုပ်ပေးနိုင်ဟု အာစင်ဝင်းဂါး ပြော

ArseneWengerSamAllardyce-Getty

အင်္ဂလန်နည်းပြသစ် ဆမ်အလာဒိုက်ဟာ အင်္ဂလန်အသင်းကို ခြေစွမ်းတိုးတက်လာအောင် လုပ်ပေးနိုင်မယ့်နည်းပြ ဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ပြောကြားလိုက်ပါတယ်။

အင်္ဂလန်အသင်းနည်းပြအဖြစ် လျာထားစာရင်းမှာ ပါဝင်ခဲ့တဲ့ အာစင်ဝင်းဂါးက ဆမ်အလာဒိုက်ဟာ အင်္ဂလန်နည်းပြ အဖြစ် သင့်တော်တဲ့သူလို့ ပြောကြားလိုက်တာပါ။

အင်္ဂလန်အသင်းမှာ ခြေစွမ်းကောင်းမွန်တဲ့ ကစားသမားတွေရှိပြီး အတွေ့အကြုံပိုင်း အားနည်းမှုတချို့ ရှိပေမယ့် လက်ရှိ ကစားသမားအစုအဖွဲ့ဟာ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အောင်မြင်မှု ရယူနိုင်မယ်လို့လည်း အာစင်ဝင်းဂါးက သုံးသပ်ပါတယ်။

Read more

မန်ယူကို အခြားအသင်းများက ကြောက်ရအောင် မော်ရင်ဟို စွမ်းဆောင်နိုင်မည်ဟု ဘက်ခမ်း ပြောကြား

davidbeckham-cropped_1qthjv80pmw0v1nvufbevswuz9

နည်းပြင်သစ် မော်ရင်ဟို က မန်ယူကို အခြားအသင်းများက ကြောက်ရသည့်အသင်း ပြန်ဖြစ်လာအောင် လုပ်ပေးနိုင်မည်ဟု အင်္ဂလန်ဘောလုံးကြယ်ပွင့်ဟောင်း ဒေးဗစ်ဘက်ခမ်းက ပြောကြားလိုက်သည်။ မန်ယူသည် ၂၀၁၃ က နည်းပြကြီး ဖာဂူဆန်အနားယူသွားပြီး နောက်ပိုင်း ပရီးမီးယားလိဂ်ဖလား ကို စိန်ခေါ်နိုင်ခြင်း မရှိဖြစ်နေပြီး ဖာဂူဆန်၏ နေရာဆက်ခံသော ဒေးဗစ်မိုယက်စ်နှင့် လူးဝစ်ဗန်ဂါးလ်တို့ကလည်း ယင်းအခြေအနေကို မပြောင်းလဲနိုင်ဖြစ်ခဲ့သည်။

Read more

ဟိုတယ်သူဋ္ဌေးဖြစ်လာတဲ့ စီရော်နယ်ဒို

C-Ronaldo_0

ရီးယဲလ်မက်ဒရစ်နဲ့ ပေါ်တူဂီကြယ်ပွင့် စီရော်နယ်ဒိုဟာ အခုဆိုရင် ဘောလုံးသမားအဖြစ်သာမကဘဲ ဟိုတယ်သူဋ္ဌေး လည်း ဖြစ်လာခဲ့ပါပြီ။ သူရဲ့ဟိုတယ်လေးခုထဲက ပထမဆုံးဟိုတယ်ရဲ့ ဖွင့်ပွဲကိုမနေ့က ပြုလုပ်ခဲ့ရာမှာ စီရော်နယ်ဒို လည်း တက်ရောက်ခဲ့ပါတယ်။

အဲဒီဟိုတယ်ကတော့ သူ့ရဲ့မွေးရပ်မြေ မဒီရာကျွန်းမှာ တည်ဆောက်ထားတာဖြစ်ပြီး ပက်စ်တာနာဟိုတယ်အုပ်စုနဲ့ ပူးပေါင်းပြီး ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

Read more