ဗန်းမော်ပြည်ခိုင်ဖြိုးပါတီ ရေကြီးဒေသ ပြည်သူများအတွက် အစားအသောက်များ ထောက်ပံ့လှူဒါန်း

မြစ်ရေကြီးမှုကြောင့် နေအိမ်များအတွင်းရေများဝင်ရောက်၍ ရေဘေးဒုက္ခ ကြုံတွေ့နေရသော ဒေသခံ ပြည်သူများအတွက် ဗန်းမော်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဇူလိုင်လ (၂၇) ရက် နံနက် (၁၁) နာရီအချိန်က အစားအသောက်များ သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

Read more

ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးအခြေခံသင်တန်း (၁/၂၀၁၆) ဖွင့်လှစ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခမ်းမ၌ ဇူလိုင်လ (၂၅) ရက် နံနက် (၈) နာရီခွဲအချိန်က စည်းရုံးရေးအခြေခံသင်တန်း (၁/ ၂၀၁၆) ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ဇေယျာသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သရေစည်သူ ဦးလှဌေးဝင်း တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပြီး သင်တန်းနည်းပြများမှ စည်းရုံးရေး ဆိုင်ရာများ သင်ကြားပို့ချခဲ့ကြသည်။

Read more

မြင်းခြံပြည်ခိုင်ဖြိုး အရိပ်ရပင်များ စိုက်ပျိုးပေး

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဂေါင်းကွဲကျေးရွာ အလယ်တန်းကျောင်းခွဲတွင် ဒေသခံ ကျေးရွာပြည်ခိုင်ဖြိုးပါတီနှင့် ပူးပေါင်း၍ ကျောင်းအုပ်ဆရာကြီး ခွင့်ပြုချက်ဖြင့် ယနေ့ (ဇူလိုင်လ ၂၈ ရက်) နံနက်ပိုင်းတွင် အရိပ်ရအပင် တစ်ရာအား ကျောင်းပတ်ပတ်လယ်တွင် အင်အား(၃၆)ဦးနှင့် စိုက်ပျိုးပေးခဲ့ကြသည်။

ထိုသို့စိုက်ပျိုးရာတွင် မြင်းခြံခရိုင် ပြည်ခိုင်ဖြိုးပါတီမှလည်း ပူးပေါင်းပါဝင် စိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။

Read more

မိုးကောင်းပြည်ခိုင်ဖြိုး သဘာဝဘေးဒဏ်သင့် မိသားစုများအတွက် အစားအစာများ သွားရောက်လှူဒါန်း

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေလျှံပြီး ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့ တံတားဦးရပ်ကွက်နေ မိသားစု အချို့၏ နေအိမ်များ ရေနစ်မြုပ်နေသည်မှာ (၃ ပေမှ ၅ ပေ ကျော်ထိ) ၁၀ ရက်ခန့်ကြာနေပြီဖြစ်၍ မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နေအိမ်များရေနစ်မြုပ်နေသော မိသားစုများ စားသောက်ရေး အဆင်ပြေစေရန် အိမ်ထောင်စု (၁၈) စုအား ဇူလိုင်လ (၂၇) ရက် နံနက် (၁၀) နာရီခွဲအချိန်က ခေါက်ဆွဲခြောက် (၁၈)ဖာနှင့် ကြက်ဥ (၁၀၀) လုံး သွားရောက် ထောက်ပံ့ ကူညီပေးခဲ့ကြောင်း သိရသည်။

Read more

တနိုင်းပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းစည်းဝေး

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်မှ ပြန်လည်ရွေးချယ်ဖွဲ့စည်းထားသော မြို့နယ်ပါတီကော်မတီဝင်များ၏ အပတ်စဉ်ပုံမှန်အစည်းအဝေးကို ဇူလိုင်လ (၂၅) ရက်က စတင်ဆောင်ရွက်ခဲ့ရာ ခရိုင်ကော်မတီဝင် ဦးကေဆန်အောင်မှ မြို့နယ်ကော်မတီဝင်များအား ကြိုဆိုကြောင်းနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားကြရန်နှင့် ပါတီစည်းမျဉ်းစည်းကမ်း အတိုင်း တာဝန်ထမ်းဆောင်ကြရန် မှာကြားခဲ့သည်။

Read more

ငါန်းဇွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ (၁၃)ကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပူဇော်

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအစည်းအဝေး ခန်းမ၌ ယမန်နေ့မွန်းလွဲ၂နာရီခွဲက မြို့ပေါ်ရှိဘုရားအမှူးရှိသောသံဃာတော်များအား ပင့်ဆောင်၍ မြို့နယ် ပါတီကော်မတီဝင်များက(၁၃)ကြိမ် မြောက်ဝါဆိုသင်္ကန်းကပ်လှူပူဇော် ပွဲအခမ်းအနား ကျင်းပသည်။

အဆိုပါ ဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ပွဲတွင် အခမ်းအနားသို့ တက် ရောက်လာသော မြို့မရဲစခန်းမှူး ဒုရဲမှူးတင်ဦး၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် ရပ်ကွက်၊ ကျေးရွာ ပါတီဝင်များသည် ကြွရောက်လာ သော ပင့်သံဃာတော်အရှင်သူမြတ်တို့ထံ သီလခံယူဆောက်တည်ကြ ပြီးဆရာတော်ကြီးများက အန္တရာယ် ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ကြသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဌာနချုပ် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပူဇော်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်အတွင်းရှိ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ခြင်းအခမ်းအနားကို ဇူလိုင်လ (၂၈) ရက် နံနက် ၁ဝနာရီကကျင်းပရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုတိယ ဥက္ကဋ္ဌဦးဌေးဦး၊ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် ပါတီဌာနချုပ်ရုံးမှ တာဝန်ရှိသူများတက် ရောက်ကြသည်။

Read more

ပြည်ကြီးတံခွန်မြို့နယ် လူငယ်ဖွံ့ဖြိုးရေးစင်တာသို့ မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီမှ လမ်းလျှောက်စက်လှူဒါန်း

ပြည်ကြီးတံခွန်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဖွင့်လှစ်ထားသည့် လူငယ်ဖွံ့ ဖြိုးရေးစင်တာသို့ မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီမှ လမ်းလျှောက် လေ့ကျင့်ရေးစက်တစ်လုံးကို ဇူလိုင်လ (၂၇) ရက် နံနက် (၁၁) နာရီက ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်းနှင့်ခရိုင်ပါတီကော်မတီဝင်များက ပေးအပ်လှူဒါန်းရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်နိုင် ဦးနှင့် မြို့နယ်ပါတီကော်မတီဝင်များက လက်ခံရယူခဲ့သည်။

Read more

သတ်မှတ်ထားသော အထူးကတ်ပြားများရှိမှသာ ဂရိပရိသတ်များ ဘောလုံးကွင်းအတွင်း ၀င်ရောက်ကြည့်ရှုခွင့်ရမည်

13880338_1743871372532413_1681011533617670505_n

ဂရိပြည်တွင်းလိဂ်ပြိုင်ပွဲများကို ကွင်းအတွင်းဝင်ရောက်ကြည့်ရှုမည့် ပရိသတ်များအနေဖြင့် သတ်မှတ်ထားသော အထူးကတ်ပြားများရှိမှသာ ကြည့်ခွင့်ရမည် ဖြစ်ကြောင်း ဂရိအားကစားဒုတိယ၀န်ကြီး ကွန်တိုနစ်က ကြေညာခဲ့သည်။

ဂရိပြည်တွင်းလိဂ်ပြိုင်ပွဲများ၏ ပရိသတ်အကြမ်းဖက်တိုက်ခိုက်မှု ပုံရိပ်ဆိုးများလျော့ပါးစေရန် ရည်ရွယ်၍ ဂရိအားကစား တာဝန်ရှိသူများက ယခုကဲ့သို့ စီစဉ်ခဲ့ခြင်းဖြစ်ပြီး ကွင်းအတွင်း ၀င်ရောက်ကြည့်ရှုမည့် ပရိသတ်များ အနေဖြင့် နာမည်၊ ဓာတ်ပုံ၊ ရဲတပ်ဖွဲ့ထောက်ခံနံပါတ်၊ ကျန်းမာရေးအာမခံချက်နှင့် နေရပ်လိပ်စာများ ဖော်ပြပါရှိသော ကတ်ပြားများကို ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။

Read more

ချယ်လ်ဆီးနည်းပြသစ် ကွန်တီထံမှ ကမ်းလှမ်းမှုရရှိခဲ့သည်ဟု တီဗက်ဇ် ဖွင့်ဟ

13645245_1743892022530348_4422024925892449464_n

ဘိုကာဂျူနီယာအသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး တီဗက်ဇ်က ဂျူဗင်တပ်စ်အသင်းတွင် လက်တွဲခဲ့ဖူးသည့် နည်းပြဟောင်း ကွန်တီထံမှ ချယ်လ်ဆီးအသင်းတွင် လာရောက်ကစားရန် ကမ်းလှမ်းမှု ရရှိခဲ့ကြောင်း
ထုတ်ဖော် ပြောကြားခဲ့သည်။

” မိသားစုနဲ့ အပြင်ထွက်ပြီး ကားမောင်းနေတဲ့အချိန်မှာ ကွန်တီထံက ဖုန်းဝင်လာပါတယ်။ သူတိုက်စစ်မှူးးတစ်ဦး အလိုရှိနေကြောင်းနဲ့  ချယ်လ်ဆီးမှာကစားဖို့ စိတ်ဝင်စားသလားလို့ လှမ်းမေးပါတယ်” ဟု ၃၂ နှစ်အရွယ်ရှိ တီဗက်ဇ်က Radio La Red သို့ ပြောကြားခဲ့သည်။

Read more