မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေး တွဲဖက်အထွေထွေ အတွင်းရေးမှူး တက်ရောက် အားပေး

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီ အစည်းအဝေးကို ၂၀၁၆ခုနှစ်၊ ဩဂုတ်လ(၄)ရက်နေ့ ၊ နံနက်(၉)နာရီချိန် ပြည်နယ်ပါတီရုံးခန်းမ၌ ကျင်းပရာ ဗဟိုပါတီတွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပြည်နယ်ပါတီဥက္ကဌ ဦးအုန်းမြင့်၊ ပြည်နယ် ကြီးကြပ်ရေးကော်မတီဝင်များ၊ ပြည်နယ်ပါတီအတွင်းရေးမှူးနှင့် ပြည်နယ် ပါတီကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ် (ဟောင်း/သစ်) များ၊ ခရိုင်အတွင်းရေးမှူးနှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်(၁၀)မြို့နယ်မှ ပါတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဂုဏ်ပြုဆုရရှိသူများ အင်အား စုစုပေါင်း (၈၉)ဦး တက်ရောက်ခဲ့သည်။

Read more

ဧရာဝတီမြစ်ရေကို အံတုဖို့ ပြည်ခိုင်ဖြိုးတို့ ကူညီစို့….

ဓနုဖြူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ယနေ့ (သြဂုတ် ၄ရက်) နံနက် (၇) နာရီ (၃၀) မိနစ်အချိန်မှစတင်၍ မရမ်းချောင်းရေကာတာ ကမ်းထိမ်းခြင်းလုပ်ငန်းစဉ်များကို ပူးပေါင်းကူညီဆောင်ရွက်နေစဉ်….

Credit – Aung Ko Phyo


Read more

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဟင်္သာတမြို့ အမှတ်(၅၇ဝ) မြို့မယာဉ် အဖွဲ့အစည်း၊ အသင်းသားများ နှစ်ပတ်လည် တွေ့ဆုံပွဲနှင့် အသင်းဝင် သားသမီးများအား ပညာရေးအထောက်အပံ့ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး သည် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့၊ ညနေ(၄)နာရီအချိန် တွင် ဟင်္သာတခရိုင် စက္ခုပါလာဒိဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးသန်းထွန်း၊ ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် အလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် အလုပ်အမှု့ဆောင်များနှင့်အတူ ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက် စနေပါတ်သံဃာဒါနဆွမ်းလောင်း အသင်း ဓမ္မာရုံ၌ ပြုလုပ်သော အမှတ်(၅၇ဝ) မြို့မယာဉ် အဖွဲ့အစည်း အသင်းသားများ နှစ်ပတ်လည် တွေ့ဆုံပွဲ နှင့်အသင်းဝင်သားသမီးများအား ပညာရေး အထောက်အပံ့ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက် ပါသည်။

New Picture (1)

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ အမှတ်(၅၇ဝ)မြို့မယာဉ်အဖွဲ့ အစည်း အသင်းသားများ နှစ်ပတ်လည်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားနေစဉ်

(more…)


Read more

ဥရောပ ခရီးသွားရင်းနဲ့ တစ်ကိုယ်တော် စီးရီး အတွက် MTV ရိုက်ကူးခဲ့မယ့် ဇွဲပြည့်

‘အပြည်ပြည် ဆိုင်ရာ အသည်းကွဲသောနေ့’ သီချင်းနဲ့ ပရိသတ်တွေ ရဲ့ အားပေးမှု ရရှိလာတဲ့ ဇွဲပြည့် ကတော့ သူ့ရဲ့ဒုတိယ တစ်ကိုယ်တော် စီးရီးကို ၉ လပိုင်းမှာ ထွက်ရှိတော့ မှာဖြစ်ကြောင်း ပြောပါတယ်။ ဒုတိယ တစ်ကိုယ်တော် စီးရီးမှာ သီချင်းစုစုပေါင်း ၁၂ ပုဒ် ပါဝင်မှာ ဖြစ်သလို သီချင်းဟောင်းလည်း ၅ ပုဒ်လောက် ပါဝင်မှာဖြစ်ပြီး VCD ရော Audio ပါ တစ်ခါတည်း ထွက်ရှိ မှာဖြစ်ကြောင်း သိရပါသည်။

Read more

မိုင်းတုံပြည်ခိုင်ဖြိုးပါတီကော်မတီ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေး

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ် ပါတီအတွင်းရေးမှူး ဦးစိုင်းအောင်ကြည် ဦးဆောင်သော မြို့နယ်ကော်မတီဝင်များသည် ယနေ့ (သြဂုတ် ၄ ရက်) နံနက်ပိုင်းက မြို့နယ်ပါတီရုံး၌ တွေ့ဆုံ၍ ရှေ့လုပ်ငန်းစဉ် များအတွက် ပါတီရံပုံငွေသုံးစွဲခွင့် စီမံချက်များချပြပြီး ပြည်သူလူထုအတွက် အကျိုးသက်ရောက်မည့် အကျိုးပြုလုပ်ငန်းများ အမြန်ဆောင်ရွက်သွားကြရန် ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

Read more

ကွမ်းရွက်ကို ဆေးလိုသုံးနည်း (၅) မျိုး

၁ – ကွမ်းရွက်ညှစ်ရည်ကို ပျားရည်နဲ့ရောပြီး သောက်ရင် ကလေးတွေမှာ ဖြစ်တဲ့ အစာမကြေတာတွေ၊ လေပွတာတွေ၊ ဝမ်းသွားတာတွေ ပျောက်ပါတယ်။
၂ – မီးယပ်ကြောင့် စိတ်မငြိမ်မသက်ဖြစ်တာမျိုးရှိရင် ကွမ်းရွက်ညှစ်ရေကို နွားနို့နဲ့ သောက်ပေးရပါတယ်။
၃ – ကွမ်းရွက်ညှစ်ရည်ကို ချင်းပြုတ်ရည်နဲ့ရောပြီး သိန္ဓောဆား အနည်းငယ်ထည့်သောက်တဲ့အခါ ပန်းနာရင်ကြပ်နဲ့ ကြက်ညှာချောင်းဆိုး ပျောက်ပါတယ်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဟင်္သာတမြို့ “ခိုလှုံရာ” ခိုကိုးရာမဲ့ ဘိုးဘွားရိပ်သာသို့ အလှူငွေပေးအပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးသည် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ(၁) ရက်နေ့၊ နေ့လည်(၂)နာရီအချိန်တွင် ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် အလုပ်အမှုဆောင်များ၊ ဟင်္သာတ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးညွန့်ဦးနှင့်အလုပ်အမှုဆောင်များ၊ ရပ်မိရပ်ဖများ နှင့်အတူ ဟင်္သာတမြို့ ကနောင်စုရွာမလမ်းရှိ “ခိုလှုံရာ” ခိုကိုးရာမဲ့ ဘိုးဘွားရိပ်သာသို့ သွားရောက်၍ အကျိုးဆောင် အဖွဲ့နှင့် သွားရောက်တွေ့ဆုံပါသည်။

Read more

ငါးသိုင်းချောင်းပြည်ခိုင်ဖြိုး ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ရန် အစုအဖွဲ့ ဖွဲ့စည်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးတွင် သြဂုတ်လ (၃) ရက်နေ့ နံနက် (၉) နာရီအချိန်က မြို့နယ်ပါတီဝင်များတွေ့ဆုံ၍ ငဝန်မြစ်ရေ စိုးရိမ် ရေမှတ်ကျော်လွန်နေ၍ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများတွင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အချိန်နှင့်တပြေးညီ ကာကွယ်ခြင်း၊ ပံ့ပိုးခြင်းများ ဆောင်ရွက်နိုင်ရန်၊ တိုင်းပါတီသို့ ဆက်သွယ်တင်ပြဆောင်ရွက်နိုင်ရန် ၂၄ နာရီ ဂျူတီထမ်းဆောင်ခြင်း၊ ရပ်/ကျေးအလိုက် အစုအဖွဲ့ ဖွဲ့စည်းထားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Read more

ဝါးခယ်မမြို့နယ်ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် သြဂုတ်လ (၃) ရက် နံနက် (၁၀) နာရီအချိန်တွင် မြို့နယ်ပါတီကော်မတီ အစည်းအဝေးအား ပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဋ္ဌက ဇူလိုင်လ (၁) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီအစည်းအဝေးတွင် ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး၏ လမ်းညွှန်မှာကြားချက်များ၊ ပါတီဗဟိုအတွင်း ရေးမှူး ဦးသန်းထွန်း၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့သည်။

Read more

ပြည်နယ်ပါတီကော်မတီဝင်နှင့် တာချီလိတ်ခရိုင်/မြို့နယ်ကော်မတီဝင်များ ကျိုင်းလပ်သို့ ကွင်းဆင်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည်နယ်ပါတီကော်မတီဝင်၊ တာချီလိတ်တာဝန်ခံ ဒေါ်တင်မေထွန်းသည် ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးချမ်းမြ၊ ခရိုင် ပါတီ ကော်မတီဝင် ဒေါ်နန်းဝိုးလှိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ် ပါတီကော်မတီဝင် ဦးစိုးကျော်အောင်၊ ဦးအောင်ထန်၊ မြို့နယ်(အရံ)ကော်မတီ ၀င် ဦးဘိုဘိုမောင်တို့သည် သြဂုတ် (၃) ရက် နံနက် (၇) နာရီခွဲအချိန်တွင် ကျိုင်းလပ်မြို့နယ်သို့ ကွင်းဆင်းသွားရောက်ခဲ့ပါသည်။

Read more