ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီညီလာခံ တက်ရောက်မည့်ကိုယ်စားလှယ်နှင့်တွေ့ဆုံခြင်း
• အခုလက်ရှိ မြို့နယ်ဥက္ကဋ္ဌတာဝန် ဆိုတော့ အရင်ပါတီမှာ ဘယ်အပိုင်း ကဏ္ဍကနေ တာဝန်ယူဆောင်ရွက်ခဲ့တယ် ဆိုတာ သိချင်ပါတယ်။
ကျွန်မက ၁၉၉၃ ခုနှစ် အသင်းကြီး စကတည်းက အသင်းဝင်အဖြစ် ပါဝင်ခဲ့ တယ်။ လူမှုရေးလုပ်ငန်းတွေလုပ်ရင်းနဲ့ ပါလာတယ်။ အသင်းအဆင့်ဆင့်ကနေ ပါဝင်ရင်း အသင်းမှာ အမှုဆောင်တာဝန် ပေးခြင်းခံရတယ်။ ၂ဝ၁၂ ခုနှစ် ပြန်ရွေး ချယ်တဲ့အခါကျတော့ အဲ့ဒီအချိန်တုန်းက ကျွန်မတို့ရဲ့အတွင်းရေးမှူးက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဆိုတော့ ကျွန်မ က မဲအများဆုံးရရှိခဲ့တယ်။ အဲဒီအချိန်မှာ ၂ဝ၁၂ စွန်းစွန်းမှာပဲ ကျွန်မရဲ့အတွင်းရေး မှူးက ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်တဲ့အခါကြတော့ ကျွန်မကိုအများ က နေပြီးတော့ တင်မြှောက်လိုက်တယ်။ အများဆန္ဒနဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ လိုက်ရတယ်။

ဒေါ်စမ်းစမ်းဌေးဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ
Read more















